Pages

Monday, August 26, 2013

"ပန်းတနော်မြို့တွင် မွတ်စလင် နေအိမ် တစ်လုံးကို ဗုဒ္ဓဘာသာဝင် များဖျက်ဆီး"

RangonNewsDaily:: Aug 26, 2013

ပန်းတနော် ။ ။ ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော် မြို့နယ်တွင် ၉၆၉ ဗုဒ္ဓဘာသာ ၀င်များက မွတ်စလင် နေအိမ် တစ်လုံးကို ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။ မြန်မာ နိုင်ငံတွင် ဗုဒ္ဓဘာသာကို တရားဝင် နိုင်ငံတော် ဘာသာ အဖြစ် ပြဌာန်း ထားခြင်း မရှိသော်လည်း၊ မြန်မာ နိုင်ငံသား အများစုသည် ဗုဒ္ဓဘာသာဝင် များဖြစ် ကြသည်။ ဘာသာရေး အယူဝါဒ ပြင်းထန်သူ တစ်စုမှ ယနေ့အား နိုင်ငံတော် ဘာသာ ပြဌာန်းခြင်း ၅၂ နှစ်မြောက် အဖြစ် ကျင်းပလျက် ရှိပါသည်။

ဧရာဝတီတိုင်း၊ ပန်းတနော် မြို့နယ် တွင်လည်း ၉၆၉ လှုပ်ရှားသူ တစ်စုမှ နိုင်ငံတော် ဘာသာ ပြဌာန်းခြင်း အထိမ်း အမှတ် အဖြစ် ကျင်းပလျက် ရှိပြီး၊ ၉၆၉ သီချင်း များကို လော်စပီကာ များဖြင့် ဖွင့်လှစ် လျက်ရှိရာ၊ မွတ်စလင် တစ်ဦးမှ မိမိ၏ နေအိမ်တွင် အသံကျယ်သည် ဟုပြောရာကို ဗုဒ္ဓဘာသာ တစ်ဦးမှ ကြားပြီး ပဋိပက္ခ စတင် ခဲ့ကြောင်း သိရှိ ရပါသည်။

အဆိုပါ မွတ်စလင် မိသားစုမှာ ပန်းတနော် မြို့မှ ထွက်ခွာ သွားသော်လည်း ၉၆၉ အဖွဲ့မှ အဆိုပါ အိမ်ကို မွတ်စလင်များ ကိုယ်တိုင် ဖျက်ပေးရန် တောင်းဆို ခဲ့သည်။ သို့သော်လည်း မွတ်စလင် များမှ မဖျက်နိုင်ဟု ပြောသောကြောင့် ၉၆၉ အဖွဲ့မှာ လက်သမား များခေါ်၍ ထိုအိမ်ကို ဖျက်ဆီး ခဲ့ကြောင်း သိရှိ ရပါသည်။

အခင်း ဖြစ်ပွား နေချိန်တွင် အာဏာပိုင် များရောက် ရှိခဲ့သော်လည်း အာဏာပိုင် များမှ အကြမ်းဖက် မှုကို ထိန်းသိမ်း နိုင်ခဲ့ခြင်း မရှိဘဲ၊ ၉၆၉ အဖွဲ့အား အဆိုပါ မွတ်စလင် အိမ်ကို ဖျက်ရန် ခွင့်ပြု ခဲ့သည်။

ယခု အခါ ပန်းတနော် မြို့ရှိ မွတ်စလင် များမှာ ညပိုင်းတွင် အကြမ်းဖက် မှုများ ဆက်လက် ပြုလုပ် မည်ကို တွေးပူ လျက်ရှိ ကြသည်။

ထို့အပြင် ရခိုင် ပြည်နယ်၊ သံတွဲ မြို့တွင်လည်း ၅၂ နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ကို ကျင်းပလျက် ရှိပြီး၊ သံဃာ အပါး ၅၀၀ ကို လူပေါင်း ၁၀၀၀ ကျော် ၀န်းရံလျက် သံတွဲမြို့ အနှံ့ ဆွမ်းခံ ထွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

လွန်ခဲ့သည့် ရက်ပိုင်း များတွင် သံတွဲမြို့ရှိ သံဃာတော် များနှင့် ၉၆၉ အဖွဲ့ဝင် များ၏ လျှို့ဝှက် အစည်း အဝေး မှတ်တမ်းများ ပေါက်ကြား ခဲ့ပြီး၊ ယနေ့ (သြဂုတ်လ ၂၆ ရက်) သံတွဲမြို့ရှိ မွတ်စလင် များကို အကြမ်းဖက် တိုက်ခိုက် မည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသည်။

RB News::-- , RangonNewsDaily
kolatt (Pabedan): 26.8.2013

0 comments:

Post a Comment