Pages

Friday, April 25, 2014

ကျောက်စလစ်တင်နေသည့်ယာဉ် နောက်ပြန်လိမ့်ဆင်းပြီး ဆိုက်ကပ် ထားသောရေယာဉ်အား တိုက်မိသဖြင့် ရေယာဉ် ၀မ်းဗိုက်ပေါက်၍နစ်မြုပ်


RangonNewsDaily: April . 25 .2014
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံ-သရက်ကူးတို့ဇက်ဆိပ်တွင် ယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်းလိမ့်ကျကြောင်း သတင်းအရ အောင်လံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ လွှစင်တန်းရပ်နေဇော်ခင်(၂၇)နှစ်မောင်းနှင်သော ၁န။xxxx နစ်ဆန်း(၁၂)ဘီး လိမ္မော်ရောင်ယာဉ်မှာ ဇက်ဆိပ်၌ရပ်တန့်ပြီး ကျောက်စလစ်တင်နေစဉ်နောက်ပြန်လိမ့်ဆင်းပြီး မြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့်
“ဟိန်းမင်းထက်” ရေယာဉ်အားတိုက်မိရာက ရေယာဉ်ဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ် သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဇော်ခင်အား
အောင်လံမြို့ မ ရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment