Pages
Friday, April 25, 2014
ရန်ကုန် ၂၆ လမ်းတွင် ၂၄.၄.၂၀၁၄့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွား
RangonNewsDaily: April . 25 .2014
မှသိရသည်။
န့ လည် ၁ နာရီ ၂၂ မိနစ်အချိန်တွင် ပန်းဘဲတန်းမြို့ နယ်၊ အမှတ်(၁)ရပ်ကွက်၊ ၂၆ လမ်း(အောက်ဘလောက်) အိမ်အမှတ် ၃၂ ၊၇လွှာ ၀ဲဘက်အခြမ်း ရှိ နေအိမ်ရှိနံရံကပ်ထားရှိသော SafeGuard မှအပူလွန်ကဲပြီး မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေ့ လည် ၁နာရီ ၃၂ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်းပန်းဘဲတန်းရဲစခန်းမှသိရသည်။
အဆိုပါမီးလောင်မှုတွင် ကျောက်တံတားမှမီးသတ်ယာဉ်တစ်စီးနှင့်ပန်းဘဲတန်းမှမီးသတ်ယာဉ်တို့ ဖြင့်မီးငြှိမ်းသတ်ခဲ့ပြီးမီးလော
င်
မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၁၁၅၀၀ ကျပ်ဖြစ်ကြောင်း၎င်းထံမှထပ်မံသိရှိရသည်။
မီးလောင်မှုကြောင့် အိမ်ထောင်ဦးစီးဖြစ်သူ ဒေါ်မိုးသီရိဆွေအား ပန်းဘဲ တန်းရဲစခန်းမှ (ပ)၁၃၃/၁၄ ပုဒ်မ ၂၈၅ ဖြင့်အရေးယူ
ထားကြောင်း ပန်းဘဲတန်းရဲစခန်းမှသိရသည်။
Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment