Pages

Monday, June 17, 2013

ဘာသာရေးဓလေ့ စရိုက်များ လေ့လာရေးနှင့် ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ ကို အစ္စလာမ် ဗလီဝတ်ကျောင်းမှာ စတင်ပြုလုပ်


P6160029

ဇွန်လ ၁၆၊ ၂၀၁၃


Pray For Myanmar မှ စီစဉ် ပြုလုပ်သည့် “ပွင့်လင်းမြင်သာမှု အတွက် ဘာသာရေး ဓလေ့စရိုက်များ လေ့လာ
ခြင်း အစီအစဉ်နှင့် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ” အခမ်းအနားကို ရန်ကုန်မြို့ ၊ ဗိုလ်အောင်ကျော်လမ်းရှိ C.S အာရ်ကာတိဗလီတွင် ယခုလ ၁၆ရက်နေ့က နံနက် ၉နာရီမှ နေ့လည် ၁၁နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့  ရဟန်းသံဃာတော်များ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဖက်လူမှု
အသင်း အဖွဲ့အများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များ စုံညီစွာ တက်ရောက်ခဲ့ကြ
ကြောင်း သိရှိရသည်။

အခမ်းအနား အစီအစဉ် အရ တက်ရောက်လာကြသော ဧည်သည်တော်များ၊ မီဒီယာများမှ ရှေးဦးစွာ ဗလီ
ဝတ်ကျောင်းတော်များ အတွင်း လှည့်လည် ကြည့်ရှူ လေ့လာခဲ့သည်။ ယင်းနောက် Pray For Myanmar မှ တာဝန်ရှိသူ တစ်ဦးက အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သပ်၍ တင်ပြပြီးနောက် ဘာသာအသီးသီးမှ ဆရာ
တော်များနှင့် ဧည်သည်တော်များအား မိတ်ဆက် ပေးကြောင်း သိရသည်။ရွှေဝါရောင်ဆရာတော်အရှင်ပဏ္ဍ
ဝံသမှအမှာစကားပြောကြားရာတွင် ” ဦးဇင်းတို့ ဘုရားပေါ်တက်တော့မယ်ဆိုရင် မုဒ်ဦးဝထဲကဖိနပ်ချွတ်ပြီး
တက်ရတယ်။

အဲလိုပဲဗလီဝတ်ကျောင်းတော်ကိုလာတဲ့အခါမှာ ဟိုးဘက်မှာ သန့်စင်ခန်းတွေရှိတယ်။ သူတို့ရဲ့ ဘာသာရေး
ထုံတမ်းစဉ်လာအရ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် လုပ်ရမယ်။ စိတ်ထားတွေကို သန့်ရှင်း စင်ကြယ်
အောင် လုပ်ရမယ်။ အဲလိုလုပ်ပြီးတဲ့ အခါကြတော့မှ ဗလီဝတ်ပြုတဲ့နေရာကို ၀င်ရတာ ဖြစ်တယ်။

 မြန်မာနိုင်ငံမှာ တစ်ဦးနဲ့ တစ်ဦး တည့်ဖို့ လိုအပ်တယ်။ ချစ်ခင်ဖို့ လိုအပ်တယ်။ စိတ်ထဲကနေ ချစ်ခင်နေလို့၊
 နှုတ်ထဲကနေ ချစ်ခင်နေလို့ပဲ မရဘူး။ ကိုယ်အမှုအရာ၊ နှုတ်အမူအရာတွေက အစ ကမ္ဘာကသိအောင်၊ ပတ်
ဝန်းကျင်က သိအောင် နေထိုင်ပြရမယ်။ ရှည်ရှည်ဝေးဝေးကျရောက်လာမယ့် အန္တရာယ်တွေကို ဦးဇင်းတို့ အနေနဲ့ တွေ့မြင်နေရပါတယ်။

အဲဒီတော့ မြန်မာလူမျိုးတွေက ဒို့နဲ့ မဆိုင်ဘူး။ စီးပွားရေး အဆင်ပြေတဲ့ ချမ်းသာတဲ့ သူတွေကလည်း ငါတို့နဲ့ မဆိုင်ဘူး၊ တခုခုဆို ဟပ်စကီးနဲ့ ဒို့သွားမယ်၊ အထူး လေယာဉ်နဲ့ ဒို့သွားမယ်၊ ကြိုက်တာနဲ့ သွား၊ ဟိုနိုင်ငံတွေ
ကလည်း မြန်မာဆိုတာနဲ့ ထုမှာပဲ။ ဘာသာလေးမျိုးတွေ ဘာတွေ အဲမှာ သွားပြောလို့ မရဘူး။ အဲဒါကြောင့်မို့
လို့ ကိုယ့်အလှည့်မကျခင် ကာကွယ်ပြင်ဆင်မှုတွေ ပေးရမယ်။

ဦးဇင်းတို့ အညာတွေမှာတော့ ရှိပါတယ် မိမိပိုင်တဲ့ မြေတစ်ကွက်ကို ကာထားတာက ခြံစည်းရိုး၊ မိမိနေထိုင်
တဲ့ ရပ်ကွက် ဒါမှမဟုတ် ရွာကြီးတစ်ခုလုံးကို ကာထားတာက စည်းရိုး၊ စည်းရိုး ကာဖို့လိုပါပြီစည်းရိုးကိုလည်း
 ကာပြီးရင် ဒီတိုင်းနေလို့ မရပါဘူး။ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အလှည့်ကြ စောင့်ပေးဖို့ လိုပါတယ် အဲဒါလေး
 ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

အရှင်ဆန္ဒသီရိ ( အင်းစိန်)မှ ” ကိုရင့်အနေနဲ့ မေတ္တာရပ်ခံချင်တာက သတင်းမီဒီယာတွေပါ။ ကိုရင့် အနေနဲ့ အရင်းအနှီးဆုံးနှင့် အားအကိုးဆုံးဟု ပြောလျှင် သတင်းမီဒီယာတွေပါပဲ။

ဒါပေမယ့် အစိုးရိမ်ဆုံးနှင့် အကြောက်ဆုံးကလည်း သတင်းမီဒီယာတွေပါပဲ။ သတင်းမီဒီယာတွေဟာ နိုင်ငံ
တော်က တရားဝင် ကြေညာထားတဲ့ အတိုင်း သတင်းမီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင် ဖြစ်သလို၊ ကမ္ဘာကြီးတစ်
ခုလုံးကို ကိုင်လှုပ်နိုင်တာကလည်း သတင်းမီဒီယာတွေပဲ ဖြစ်ပါတယ်။ ခုချိန်မှာ သတင်းမီဒီယာတွေ အနေနဲ့ သတိကြီးကြီး ဥာဏ်ကြီးကြီးထားပြီးတော့ ရေရှည်အကျိုးကို မျှော်တွေး ပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်။

ကိစ္စရပ်တွေ တစ်ခုတစ်ခုကို ဖော်ပြ ဖြန့်ချီတော့မယ့် အခါမှာ မိမိတို့ လိုချင်တဲ့ သတင်းဦးရရေး၊ သတင်းထူး ရရေး၊မိမိတို့သတင်းဌါန တစ်ခုရဲ့အမည်နာမ ပေါ်လွင်ရေး ဆိုတာကို ဦးမတည်ဘဲနဲ့ ညီညွှတ်ရေး၊ ငြိမ်းချမ်း
ရေး၊ ကောင်းကျိုး တရားတွေ ဖြစ်ထွန်းရေးဆိုတဲ့ အကြောင်းတရားတွေ ဦးတည်ပြီေးတော့ မှန်မှန်ကန်ကန်
 ဖော်ပြကြဖို့လိုပါတယ်။ ဆွေးနွေးလိုက်တဲ့ အကြောင်းအရာတိုင်းမှာ မိမိတို့ လိုချင်တဲ့ အကြောင်းအချက်လေး
ကိုပဲ ကောက်နုတ်ပြီးတော့ ဖော်ပြကြမယ်ဆိုရင် စကားတွေဟာ တစ်ခါတစ်လေမှာ အရှေ့ အနောက် ချိပ်
ဆက်ပြီးတော့မှ အဓိပ္ပယ်တစ်ခု ပြည့်စုံသွားတဲ့ အကြောင်းတရားတွေ ရှိပါတယ်။

အရှေ့မှာပြောခဲ့တဲ့အကြောင်းတရားတစ်ခုကိုထဲ ရွေးချယ်ပြီးတော့၎င်း၊အလယ်အနောက်စသဖြင့်အကြောင်း
အရာတစ်ခုကိုပဲ ရွေးချယ်ပြီးတော့ ဖော်ပြမယ်ဆိုရင် အရှေ့၊ အနောက် သုံးပါး စလုံး မချိတ်ဆက်မိဘူး ဆိုရင်
 အဲဒီအဓိပ္ပာယ်တွေဟာအယူလွဲသွားနိုင်ပါတယ်။ ကောက်ချက်လွဲသွားနိုင်ပါတယ်။အမြင်လွဲသွားနိုင်ပါတယ်။
ယနေ့ ပြဿနာတိုင်းရဲ့အကြောင်းတရားသည် ကောလဟာလတွေက စတာပါ။ ကောလဟာလမီးတွေကို
 ချုပ်ငြိမ်းအောင် လုပ်နိုင်ရင် ပဋိပက္ခတွေ မဖြစ်နိုင်ပါဘူး။

ပဋိပက္ခတွေ မဖြစ်အောင် သတင်းမီဒီယာတွေ အနေနဲ့ အကျိုးဆောင်မှုက အများကြီး အရေးကြီးပါတယ်။ ဒါ
ကြောင့်သတင်းမီဒီယာတွေအနေနဲ့ မှန်မှန်ကန်ကန် ပြည့်ပြည့် စုံစုံ အကြောင်းတရားတွေ ဖော်ပြပေးကြပါ။
မိမိရဲ့ အတ္တ၊ အကျိုး စီးပွား တစ်ခုကိုပဲ ရှေ့ရှူ့ မထားဘဲနဲ့ နိုင်ငံနဲ့ လူမျိုး အကျိုး စီးပွား၊ နိုင်ငံသူ နိုင်ငံသား
တွေရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး အကျိုးစီးပွားကို ရှေ့တန်းတင် ဦးထပ်ထားပြီး သတင်းမီ
ဒီယာတွေရဲ့ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်  ဟုထည့်သွင်းပြောကြား
ခဲ့သည်။

ဆရာ ဒေါက်တာ ဦးမြင့်သိန်းမှ ” ဒီကနေ့ ပြုလုပ်တဲ့ အစီအစဉ်ဟာ တရားဟောပြောပွဲ အစီအစဉ် မဟုတ်ပါ
ဘူး။မီဒီယာများအနေနဲ့ ဖော်ပြပါ နှီးနှောဖလှယ်ပွဲဆိုတဲ့ ပြုလုပ်တဲ့ ခေါင်းစဉ်ရဲ့ နာမည်လေးကိုလည်း ပီပီပြင်
ပြင် ဖော်ပြပေးဖို့ မေတ္တာရပ်ခံပါတယ်။

အခု ဒီအခမ်းအနားဟာ ဗလီဝတ်ကျောင်းတော်တွေမှာ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင့်တဲ့ အမုန်းတရား ဖြန့်ချီတယ်
လို့စွပ်စွဲထားသလိုမဟုတ်ဘူးဆိုတာကို ပြခြင်းဖြစ်ပါတယ်။ ပြီးတော့ဗလီဝတ်ကျောင်းတော်တွေဟာ ငြိမ်းချမ်း
ရေး စင်တာ ဖြစ်ကြောင်း ပြသခြင်း ဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

” ဟိုတလောက ဗလီတွေကို တရားဝင်မရှိဘူးလို့ ညွှန်ကြားရေးမှူး ရဲ့ပြောကြားချက်ကို မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ် သာသနာ ဘာသာရေး အဖွဲ့ငါးဖွဲ့က သမ္မတဆီ စာပို့ပြိး ရာထူးက ဖြုတ်ချဖို့၊ တရားစွဲဖို့ လုပ်မယ်
လို့ ကြားပါတယ်အဲဒါ ဟုတ်ပါသလား ”ဟုELEVEN MEDIAသတင်းထောက်မှ မေးမြန်းချက်ကို ” ကျွန်တော်
က အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌါနချုပ်ရဲ့ ဓမ္မသတ်မှုး အုမရ်မြင့်နိုင်ပါ။

အဲလို ကြေညာ ပြီးတဲ့ နောက် သူက ချက်ချင်းပဲ လွဲမှားစွာ ပြောမိတယ် ဆိုတာကို ၀န်ခံပါတယ်။ ပြန်ပြီး ကြေ
ညာ ပါတယ်။ အဲဒီ့ အတွက် ဒီဘက်က အဖွဲ့အစည်းတွေ အနေနဲ့ တရားစွဲစရာ မရှိပါဘူး။ သူလွဲမှားပြီး ပြော
တာပါလို့ ပြောပြီးပါပြီ။ မြန်မာနိုင်ငံမှာ ခြံစည်းရိုးကာတာ၊ အိမ်သာဆောက်တာတောင် ခွင့်ပြုချက် ယူပြီးမှ လုပ်ရတာပါ။

 မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဗလီ ၀တ်ကျောင်းတော်တွေဟာ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင် ရှိနေတဲ့ ဗလီတွေပါ။ဒီအစိုးရမတိုင်မှီဟိုးဘုရင်တွေမင်းတုန်းမင်းတို့၊ သီပေါတို့ လကထက်ကတည်းက နန်းတော်တွင်း
မှာပင် မင်းတုန်းမင်း ကိုယ်တိုင်က ရွှေအုပ်ချပြီး ဗလီဆောက်ပေးခဲ့တာပါ။မန်းလေး မြို့တော်မှာမင်းတုန်းမင်း
ကြီး လက်ထက်က ဗလီပေါင်း (၆၄)လုံး တရားဝင်ရှိခဲ့ပါတယ်။

အဲဒီတောဒီအဖွဲ့အစည်းတွေကတိုင်မယ်လို့တရားစွဲမယ်တို့ဆိုတာ လုပ်စရာတောင် မလိုပါဘူး။ သူကိုယ်တိုင်
က မှားယွင်းစွာ ပြောဆိုမိတယ် ဆိုတာကို ဖြေကြားသွားတဲ့ အတွက် ဒီဘက်က အဖွဲ့ အစည်းတွေ အနေနဲ့ တိုင်ဖို့ တောဖို့ ဆိုတာကို စဉ်းတောင် မစဉ်းစားလိုက်ရပါဘူး ” ဟု ဆရာ အုမရ်မြင့်နိုင်မှ ထည့်သွင်းဖြေကြား
ခဲ့သည်။

ဆရာတို့အနေနဲ့ ဟိုးအရင်ကာလတုန်းက ဗလီတွေမှာ အက်ဆစ်တွေ သိုလှောင်ထားတယ်။ လက်နက်တွေ သိုလှောင်ထားတယ် ဆိုတဲ့ သတင်းထွက်ပေါ် လာတော့ ဆရာတို့အနေနဲ့ အဲဒီ့ သတင်းတွေကို ပြန်ကြားတာ
မျိုး၊ ရှိလား။

အဲလိုသတင်းထွက်တဲ့ဗလီတွေကိုလည်းသွားရောက် စစ်ဆေးတာမျိုး၊ ဘာသာရေး ခေါင်းဆောင်တွေ အနေ
နဲ့ သက်ဆိုင်ရာ ဗလီတွေရဲ့ တာဝန်ခံတွေဆီ လှမ်းစုံစမ်းတာလို့ လုပ်ခဲ့တာမျိုး ရှိလား ” ဟု Pray For Myanmar မှ လူငယ်တစ်ဦးမှ မေးမြန်းချက်ကို ” ကျွန်တော်တို့က အခု ဗလီထဲကို ၀င်ရောက်လေ့လာပါ လို့အခုက ဖိတ်
ခေါ်တာပါ။ သက်ဆိုင်ရာ အာဏာပိုင်မှ မော်လမြိုင်နဲ့အချို့နေရာတော်တော်များများမှာ ရန်ကုန်လည်း ပါပါ
တယ်။ ကျွန်တော်တို့ မင်္ဂလာတောင်ညွှန့် ဘက်တွေလည်း ပါပါတယ်။

ဘာမှ ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ သက်ဆိုင်ရာ ရဲတွေရောက်လာပြီးအကုန်စစ်ဆေးသွားခဲ့ပြီးပါပြီ။
ကျွန်တော်တို့က ဆက်ပြီးတော့ လူထုကို အရှိတိုင်းလေး သိစေချင်လို့ မြင်စေချင်လို့ အခုလို ခေါ်ဆောင်တာ
ပါ။ ကျွန်တော်တို့ ဗလီထဲမှာ ဘာမှ မရှိတဲ့ အတွက် ဘာမှကို မလုပ်ပါဘူး။ကျွန်တော်တို့ကဗလီဝတ်ကျောင်း
တော်တွေမှာ ဘာမှ မရှိဘူး ဆိုတာကို သိတဲ့ အတွက် လုံးဝ သံသယ ရှိတာမျိုး မဖြစ်ဘူး။ ကြိုပြီး မေးမြန်းတာ
မျိုး မရှိပါဘူး ” ဟု ဆရာဒေါက်တာ မြင့်သိန်းမှ ပြန်လှန်ဖြေကြားခဲ့ကြောင်း သိရသည်။

တစ်ယောက်နဲ့ တစ်ယောက် ရှိနေတဲ့ သံသယ တွေဖြေဖျောက်ဖို့ ဆိုတာ ပွင့်လင်း မြင်သာဖို့ လိုတဲ့ အတွက် ဒီပွဲလေး ကျင်းပတာဟာ အင်မတန်ကောင်းပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုတွေ ရှိလာပြီ၊ ပွင့်လင်း
မြင်သာမှုတွေ ရှိလာပြိ ဆိုရင် တစ်ဖြည်းဖြည်း အမြင်တွေ ရှင်းလာမယ်။ ဘာသာဝင်တွေ အားလုံး ညီညွှတ်ဖို့
လိုတယ်။ ညီညွှတ်ဖို့ ဆိဲု့ စိတ်မှာ ကိုယ့်ရဲ့ အတ္တလွှာတွေကို ခွာဖို့လိုတယ်။

ကိုရင်တို့ အင်းစိန်မှာ ဗုဒ္ဓဘာသာ အချင်းချင်းလည်း ညီညွှတ်တယ်။ အစ္စလာမ်ဘာသာ အချင်းချင်းလည်း ညီ
ညွှတ်တယ်။ အစ္စလာမ် ဘာသာနဲ့ ဗုဒ္ဓဘာသာလည်း ညီညွှတ်တယ်။ ကောလဟာလတွေ ဖြစ်တဲ့အချိန်မှာ အင်းစိန်မှာ ကောလာဟာလတွေ အများဆုံး ထွက်တယ်။ ကောလဟာလတစ်ခု ထွက်တိုင်း ဘယ်ဗလီကို
တော့ ၀ိုင်းနေတယ်လို့ ပြောရင် ဗလီကို ဖုန်းဆက်တယ်။ ဟုတ်သလား ။ မဟုတ်ဘူး လို့ ဖြေရှင်းတယ်။ ကိုရ
င်တို့ကလည်း သွားစောင့်ရှောက် ပေးတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ဘယ်သူကတော့ လာလုပ်
တယ် ဆိုရင်လည်း ဆက်သွယ် မေးမြန်းတယ်။

ဝိုင်းပြီး စောင့်ရှောက်ပေးတယ်။ ကောလဟာလတွေကို အချိန်နဲ့ တပြေးညီ ဖြေရှင်းနိုင်တဲ့ အခါမှာ ဒါက ညီ
ညွှတ်မှု အားပေါ့။ ကိုယ့်အချင်းချင်းလည်း ညီညွှတ်တယ်။

တစ်ဖွဲ့နဲ့ တစ်ဖွဲ့လည်း အပြန်အလှန် ညီညွှတ်နေကြတယ် ဆိုတော့ အခြား အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးလို
တဲ့ လူတွေ ၀င်မရောက်နိုင်တော့ဘူးပေါ့။ အဓိက ကတော့ သတင်းတွေ မှန်ကန်ဖို့ရယ်၊ ကောလဟာလတွေ
 ချေဖျက်နိုင်ဖို့ရယ်၊ ညီညွှတ်ဖို့ရယ် ပဲလိုပါတယ်’ ဟု ဆရာတော် အရှင်ဆန္ဒာသီရိ မှ M-Media သို့မိန့်ကြား
ပါသည်။

အခမ်းအနား ကျင်းပပြုလုပ်ရာဖြစ်သော ဗိုလ်အောင်ကျော်လမ်းရှိ C.S အာရ်ကာတိဗလီ ဥက္ကဌ ဦးဇော်ဝင်း
မှလည်း ”အစ္စလာမ်ဘာသာဝင်တွေရဲ့ဝတ်ပြုတဲ့ ဗလီတွေကို ကောလဟာလတွေအမျိုးမျိုးထွက်နေတယ်။

 ကောလဟာလတွေ ပြေပျောက်သွားအောင်၊လူတွေရဲ့မှန်ကန်တဲ့အသိအမြင်တွေ ရအောင် ရည်ရွယ်ချက်
နဲ့ လုပ်တာပါ။ နောက် ဘာသာပေါင်းစုံ လာတွေ့တယ် ဒီမှာ အမြင်မရှင်းတာ ရှိရင် ရှင်းအောင်၊ လူများများ သိ
သွားအောင်၊အထင်အမြင် လွဲမှားနေတဲ့ သူတွေ အမှန်ကို သိသွားအောင် အခုလို ကျင်းပ ဖြစ်တာပါ။ မီဒီယာ
တွေ အနေနဲပလည်း အမှန်တရားကို အမှန်အတိုင်း ရေးပေးဖို့ ပြောကြားလိုပါတယ် ” ဟု M-Media သို့ပြော
သည်။

ယင်းနောက်  ရွှေဝါရောင် ဆရာတော် အရှင်ပဏ္ဍ၀ံသ၊ အရှင်ဆန္ဒသီရိ ( အင်းစိန်) ၊ တရာရုံးချုပ် ရှေ့နေ ဦး
ကိုနီ၊ ဆရာ ဒေါက်တာ  ဦးမြင့်သိန်း၊ဆရာ အုမရ်မြင့်နိုင်၊ ဆရာ ဦးမင်းနိုင် (၀ါးခယ်မ မောင်မင်းနိုင်)၊ အလ်ဟာ
ဂ်ျ မောင်လာနာ ဖလ်လွလ်ဟက်၊ အလ်ဟာဂ်ျမောင်လာနာ အစ်ဒွရ်ကဒဲရ်၊ အလ်ဟာဂ်ျ မောင်လာနာ အဗ်ဒွရ်
ခါလိန် တို့မှ သတင်းမီဒီယာများ၏ သိလိုသည်များကို မေးမြန်း ချက်များအား ပြန်လှန်ဖြေကြားခဲ့ကြောင်း သ
တင်းရရှိသည်။

Pray For Myanmar Youth Network အဖွဲ့အစည်းတွင်ဘာသာပေါင်းစုံ၊ လူမှုအဖွဲ့အစည်း ပေါင်းစုံတို့မှ လူငယ်
များပါဝင်ပြီး မတ်လ ၂၈ ရက်နေ့က YMCA တွင်ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ငြိမ်းချမ်းရေး လှုပ်ရှားမှုအ
နေဖြင့် စတင်ပြုလုပ်ခဲ့၍ “ကျွန်ုပ်ကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်စေရ” စာတန်းပါတီရှပ်များ၊ စတေကာ
များ“ဘာသာလူမျိုးမခွဲခြားမြန်မာနိုင်ငံသား”ဟူသောလက်ကမ်းပိုစတာများကိုအခမဲ့ ဖြန့်ဝေသည့် လှုပ်ရှား
မှုများကို ရန်ကုန်မြို့နှင့် နယ်မြို့များတွင်ပါ စတင်ဆောင်ရွက်ခဲ့သည့် အဖွဲဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ လူဦးရေ (၆၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

M-Media , RangonNewsDaily
kolatt(PBDN): 17.6.2013

0 comments:

Post a Comment