Pages

Monday, December 31, 2012

ကချင်ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပရန် ငြိမ်းချမ်းရေးလိုလားသော ပြည်သူများက ဇန်န၀ါရီ ၁ ရက်တွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ရန်ခွင့်ပြုချက်ရပြီ

ကချင်ငြိမ်းချမ်းရေးဆုတောင်းပွဲတစ်ခုကို ငြိမ်းချမ်းရေးလိုလားသော ပြည်သူများက ဇန်န၀ါရီ ၁ ရက်တွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ရန်ခွင့်ပြုချက်ရပြီဟု အဖြူရောင်တွဲလက်များမှ ကိုဘိုဘိုက ပြောကြားသည်။ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ ခွင့်ပြုချိန် ၃ နာရီ လူဦးရေ ၂၀၀ ခွင့်ပြုချက်ရခဲ့သော်လည်း အသံချဲ့စက်၊ ပရိုဂျက်တာနှင့် တင်ပြထားသော ကြွေးကြော်သံဆောင်ပုဒ် (slogan)များမှအပ အခြားအချက်အလက်များကို ခွင့်မပြုကြောင်း ကိုဘိုဘိုကပြောသည်။ ကျောက်တံတားမြို့နယ်ရဲစခန်းသို့ ဆက်သွယ်၍ အတည်ပြုချက် ရယူခဲ့သော်လည်း ရှင်းလင်းသောအဖြေကို မပေးခဲ့ဘဲ တယ်လီဖုန်းချသွားခဲ့သည်။
 
7Day News Journal 

0 comments:

Post a Comment