Pages

Monday, December 31, 2012

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်

ရန်ကုန် ၊ ဒီဇင်ဘာ၊၃၀ ။

ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် 
ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။
 	
"ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ် 
ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊ 
လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိအစိုးရကို
 မေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊ နောက်ကြောင်းပြန်
လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်း
ပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီးလုပ်နေတဲ့
 စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။
 အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှ
 အကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလားဆိုတာကို
ကျွန်တော် မေးချင်ပါတယ် " ၄င်းကပြောကြားခဲ့သည် ။
 
ဆက်လက်ပြီး "အခုလက်ရှိုကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့
 ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာအကျိုးကျေးဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ။
ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ " ဟု ထပ်မံပြောကြားသွားသည် ။ 
 	 
ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍  တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင် 
တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရ
 ပြည်တွင်းစစ်တွင် အသုံးမပြုရန် တားမြစ်ထားသော စစ်ဂျက်လေယဉ်များ ၊ ၁၀၅မမ ၊ ၁၂၀မမကဲ့သို့သော အဖျက်စွမ်းအားမြင့် အမြောက်များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကို
 အသုံးပြုနေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏
 ပြောကြားချက်အရ သိရသည် ။

ထက်နောင်နောင်

ဒီဇင်ဘာလ (၃၀) ရက်နေ့ကကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင်ပက်သက်၍ ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်း
ပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။ "ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ကြိုးစားဆောင်ရွက်နေ
တာ တစ်နှစ်ရှိပါပြီ ၊လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင်ပိုပြီးဆိုးရွာလာတာတွေ တွေ့လာ
ရတဲ့အခါမှာ လက်ရှိအစိုးရကိုမေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊
 
နာက်ကြောင်းပြန်လှည့်နေသလားလို့သံသယဖြစ်စရာတွေကျွန်တော်တို့ တွေ့လာရပါတယ်၊ နောက်ပြီးတပ်
မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်းပြောချင်ပါတယ် ၊ဒီလိုစစ်တွေဖြစ်ပြီးဖိအားပေးပြီးလုပ်နေ
တဲ့စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ်အစ္စရေးကို ပြန်ကြည့်ပါ။အခုထိမပြီးဆုံးသေးပါဘူး။ဒီလိုအချင်းချင်းစခန်း
တစ်ခုကို သိမ်းပြီးတော့မှအကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလားဆိုတာကိုကျွန်တော် မေးချင်ပါတယ် " ၄င်း
ကပြောကြားခဲ့သည် ။

ဆက်လက်ပြီး "အခုလက်ရှိကချင်ပြည်နယ်မှာထိုးစစ်ဆင်နေတဲ့ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့စစ်
လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာ
အကျိုးကျေးဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ဒီလိုလုပ်
ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါ
တယ်။ " ဟု ထပ်မံပြောကြားသွားသည် ။

ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင်တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရပြည်တွင်းစစ်တွင် အသုံး
မပြုရန်တားမြစ်ထားသောစစ်ဂျက်လေယဉ်များ၊၁၀၅မမ ၊၁၂၀မမကဲ့သို့သောအဖျက်စွမ်းအားမြင့်အမြောက်
များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကိုအသုံးပြုနေကြောင်း ကချင်
ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏ပြောကြားချက်အရ သိရသည် ။

မြန်မာခေတ်

0 comments:

Post a Comment