Pages

Sunday, December 30, 2012

ကွန်မြူနတီဖလား ရန်ကုန်ယူနိုက်တက် ရရှိ

ကွန်မြူနတီဖလား ရန်ကုန်ယူနိုက်တက် ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀။

မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ဖလား (ကွန်မြူနတီဖလား) ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားသော ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီ ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူး ရရှိခဲ့ သည်။

ရန်ကုန်ယူနိုက်တက် အသင်းနည်းပြ အိုင်ဗင်ကိုလက်က "အဲပုဂံ လေယာဉ်
ပျက်ကျမှုကြောင့် ဆုံးရှုံးမှုတွေများနေတဲ့ ကျွန်တော်တို့ အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ နဲ့ ကုမ္ပဏီက လူတွေအားလုံးအတွက် စိတ်ထွက်ပေါက် အောင်မြင်မှု တစ်ခု အနေနဲ့ အခုလို ဆုဖလားရယူပေးနိုင်ခဲ့လို့ ၀မ်းသာမိပါ တယ်” ဟု ပြောကြား သည်။

ပြိုင်ပွဲမစမီအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ စပွန်ဆာဖြစ်သည့် အဲပုဂံလေယာဉ် မတော်တဆမှုအတွက် သေဆုံးသည့်သူများကို ၀မ်းနည်း သည့်အနေဖြင့် တစ်မိနစ် ငြိမ်သက်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။

ကွန်မြူနတီဖလားပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသော ကွင်းဝင်ကြေး ကျပ် ၁၀ သိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်
လိဂ် အသင်းများမှ လှူဒါန်းငွေ များပေါင်းစပ်ကာ စုစုပေါင်း ကျပ် သိန်း ၁၀၀ ကို ပရဟိတအဖွဲ့ များသို့ လှူဒါန်းမည်ဖြစ် ကြောင်း မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။

“အားလုံး ၄ နေရာပါ။ အညီအမျှခွဲပြီး လှူဒါန်းသွားမှာပါ။ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြား သည်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ပရဟိတကျောင်း၊ တွံတေးဘုရားကြီးပရဟိတ
ကျောင်း၊ မင်းဘူး မဇ္စျိမလွင်ပြင် ပရဟိတကျောင်းနှင့် ဒေးဒရဲ မိဘမဲ့ကျောင်း များသို့ လှူဒါန်းသွားမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် တိုက်စစ်မှူး ဆီဆာက ဂိုးဧရိယာအစပ်မှ လှလှပပ သွင်းယူပေး ခဲ့ခြင်း ဖြစ်သည်။

ဟိန်းသူ


အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀။

မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ဖလား (ကွန်မြူနတီဖလား) ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားသော ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီ ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူး ရရှိခဲ့ သည်။ ရန်ကုန်ယူနိုက်တက် အသင်းနည်းပြ အိုင်ဗင်ကိုလက်က "အဲပုဂံ လေယာဉ်ပျက်ကျမှုကြောင့် ဆုံးရှုံးမှုတွေ
များနေတဲ့ ကျွန်တော်တို့ အသင်းပိုင်ရှင်၊ဥက္ကဋ္ဌ နဲ့ကုမ္ပဏီကလူတွေအားလုံးအတွက်စိတ်ထွက်ပေါက် အောင်
မင်မှု တစ်ခု အနေနဲ့ အခုလို ဆုဖလားရယူပေးနိုင်ခဲ့လို့ ၀မ်းသာမိပါ တယ်” ဟု ပြောကြား သည်။

ပြိုင်ပွဲမစမီအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ စပွန်ဆာဖြစ်သည့် အဲပုဂံလေယာဉ် မတော်တဆမှု
အတွက် သေဆုံးသည့်သူများကို ၀မ်းနည်း သည့်အနေဖြင့် တစ်မိနစ် ငြိမ်သက်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြ
သည်။

ကွန်မြူနတီဖလားပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသော ကွင်းဝင်ကြေး ကျပ် ၁၀ သိန်း၊ မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်လိဂ်အသင်းများမှ လှူဒါန်းငွေ များပေါင်းစပ်ကာ စုစုပေါင်း
ကျပ် သိန်း ၁၀၀ ကို ပရဟိတအဖွဲ့ များသို့လှူဒါန်းမည်ဖြစ် ကြောင်းမီဒီယာဒါရိုက်တာဦးစိုးမိုးကျော်က ပြော
ကြားသည်။

“အားလုံး ၄ နေရာပါ။ အညီအမျှခွဲပြီး လှူဒါန်းသွားမှာပါ။ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို လှူ
ဒါန်းတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြား သည်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ပရဟိတကျောင်း၊ တွံတေးဘုရားကြီးပရဟိတကျောင်း၊ မင်းဘူး မဇ္စျိမလွင်ပြင်ပရ
ဟိတကျောင်းနှင့် ဒေးဒရဲ မိဘမဲ့ကျောင်း များသို့ လှူဒါန်းသွားမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် တိုက်စစ်မှူး ဆီ
ဆာက ဂိုးဧရိယာအစပ်မှ လှလှပပ သွင်းယူပေး ခဲ့ခြင်း ဖြစ်သည်။

ဟိန်းသူ

The Myanma Age

0 comments:

Post a Comment