Pages

Sunday, December 30, 2012

ဒီလှိုင်းကို နေ့စဉ်ထုတ်သတင်းစာအဖြစ်ပြောင်းလဲရန် ကြိုးပမ်းမည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အပတ်စဉ်ထုတ်စာစောင်ဒီလှိုင်း”ကို နေ့စဉ်ထုတ်သတင်းစာအဖြစ် ပြောင်း
လဲရန်ကြိုးပမ်းသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ပုလဲသီရိတိုက်ခန်း အမှတ် (၃၆၁) မြေညီထပ်တွင် ပြုလုပ်သော ဒီလှိုင်းစာစောင်၏ ရုံး
ခန်းပြောင်းရွေ့ဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

"နောက်ဆိုလို့ရှိ ရင်ကျွန်မတို့က ဒီလှိုင်းကိုတစ်ဆင့်မြှင့်ပြီးတော့ သတင်းစာတစ်ခုလို ထုတ်စေချင်တာ၊ အခု
လည်း ပုဂ္ဂလိကသတင်းစာတွေ လုပ်တော့မယ်ဆိုတော့ ဖြစ်စေချင်တယ်။ ဒီလှိုင်းကို သတင်းစာတစ်ခုအနေ
နဲ့ထုတ်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့ပြည်သူတွေကလည်း ၀ိုင်းဝန်းပြီးတော့ ကူညီမစမယ်လို့ ယုံကြည်ပါ
တယ်။ 
 

အများရဲ့ကူညီမစမှုတွေရှိနေမှသာ ဒီလှိုင်းကိုစာစောင်အဖြစ်ကနေပုဂ္ဂလိကသတင်းစာအဖြစ် ပြောင်းလဲနိုင်
မှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ —
 
 
Eleven Media Group 

0 comments:

Post a Comment