Pages

Sunday, December 30, 2012

"ပုသိမ်-ချောင်းသာ မှန်လုံအမြန်ယာဉ် ချောင်းထဲကျ၊ ၁ ဦးသေ၊ ၁၄ ဦး ပုသိမ်ဆေးရုံရောက်"


ပုသိမ်မှ ချောင်းသာသို့သွားသော မှန်လုံအမြန်ယာဉ်တစ်စီးသည် ယနေ့ နေ့လည်ပိုင်းက ပုသိမ်-ချောင်းသာ
လမ်းပေါ်ရှိ ၀ါးပိုးကျေးရွာတံတားအရောက်တွင် တံတားပေါင်ကိုဝင်တိုက်မိရာမှ တံတားအောက် ချောင်းထဲ
သို့ ထိုးကျခဲ့ကြောင်းသိရသည်။ယင်းဖြစ်ရပ်ကြောင်းတစ်ဦးသေဆုံးက၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ "ဒဏ်ရာရတဲ့ ၁၄ဦးကို ပုသိမ်ဆေးရုံခေါ်လာတယ်။ တစ်ယောက်ကတော့ ကားအောက်မှာ ပိနေတာ ပြန်မ
ဖ်ါရသေးဘူး။ သေနေပါပြီ။ ကားက ပုသိမ်ကနေ မွန်းလွဲ ၂ နာရီကထွက်သွားတာ။ ခရီးသည်တင်ကားဆို
ပမယ့် ဆန်အိတ်တွေလဲတင်ထားတယ်။ ခရီးသည် ၄၀ ပါသွားတယ်။ ပွန်းပဲ့ ဒဏ်ရာရသူတွေလဲရှိတယ်။ 
 
ဒဏ်ရာရတဲ့သူတွေကို ကျွန်တော်တို့အသင်းက ကားနဲ့ သွားတင်ပြီး ပုသိမ်ဆေးရုံကို ပို့ထားတယ်"ဟု ပုသိမ်
မတ္တာရိပ်ကျန်းမာရေးစောင့်ရှောက်မှု အသင်းနှင့် ကရုဏာ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင် ဦးဖိုးဇော်
မင့်ကပြောသည်။
 
Popular Myanmar News Journal

0 comments:

Post a Comment