Pages

Sunday, December 30, 2012

ဒီလှိုင်းစာစောင် ရုံးခန်းသစ်ဖွင့်လှစ်ပွဲတွင်ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်း

ဒီလှိုင်းစာစောင် ရုံးခန်းသစ်ဖွင့်လှစ်ပွဲတွင်ပြောကြားသော
ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်း
Sunday, 30 December 2012

ကျွန်မတို့ ဒီလှိုင်းရုံးခန်းသစ်ဖွင့်ပွဲကို လာပြီးတော့ အားပေးတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဒီလှိုင်းဟာဆိုလို့  ရှိရင်ကျွန်မတို့ အခုထုတ်တာဆိုလို့ ရှိရင် တစ်နှစ်နီးပါး ရှိသွားပါပြီ။ 

ဒီတစ်နှစ်နီးပါးအ တွင်းမှာလဲ အတော်အတန် တိုးတက်မှုရှိတယ်လို့  ကျွန်မတို့က ယုံကြည်ပါတယ်။ ကျွန်မတို့  ဒီလှိုင်းကိုစပြီးတော့ ထုတ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ရဲ့ အမြင်တွေ၊ လူမှုရေးအမြင် ၊နိုင်ငံရေးအမြင် ကျွန်မတို့ ရဲ့  လှုပ်ရှားမှုတွေနဲ့ ပါတ်သက်လို့ အများပြည်သူကို အသိပေးဘို့ ဖြစ်ပါတယ်။

ဘာဖြစ်လို့ လည်းဆိုလို့ ရှိရင် နိုင်ငံရေးပါတီတစ်ခုဆိုရင် ပြည်သူနဲ့ 
အမြဲပဲနီးစပ်နေဘို့ လိုပါတယ်။နီးစပ်တယ် ဆိုတာဟာ စိတ်ချင်းနီးစပ်ဖို့ 
ကိုကျွန်မအဓိကပြောတာပါ။

ကျွန်မတို့ ရဲ့ အတွေးတွေ၊အခေါ်တွေ၊အမြင်တွေ ကျွန်မတို့ ရဲ့ လှုပ်ရှားမှုတွေ
ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေအကြောင်းကို ပြည်သူကမသိနိုင်ပဲနဲ့ ပြည်သူက တကယ်တော့နီးစပ်မှုရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ လို့ ကျွန်မ တို့စပြီးတော့ ဒီလှိုင်းကိုထုတ်ခဲ့ တာပါ။ အခုဒီလို ထုတ်တဲ့အချိန် အတွင်းမှာပေါ့နော် ကျွန်မတို့က ပြည်သူကနေပြီးတော့ ဒီလှိုင်းရဲ့ 
ဆောင်းပါးတွေ၊ အရေးအသားတွေ ဘယ်လိုမြင်တယ် ဘယ်လိုဝေဖန်တယ် ဆိုတာလဲကျွန်မတို့ သိရပါတယ်။ဝေဖန် တာတွေကိုလဲ ကျွန်မတို့ ကနေပြီးတော့ ကြိုဆိုပါတယ်။ ဒီဟာတွေကိုရမှ ဝေဖန်မှုတွေကို ကျွန်မတို့သိရမှ ကိုယ့်ရဲ့ စာစောင်ကို ပိုပြီးတော့အဆင့်မြင့်အောင် လုပ်နိုင်မှာပါ ။နောက်ဆိုလို့ ရှိရင် ကျွန်မတို့ကတစ်ဆင့်ြ မင့် ပြီး သတင်းစာတစ်စောင် ဖြစ်စေချင်တယ်။ အခုပုဂ္ဂလိက သတင်းစာတွေလဲ လုပ်တော့မယ်ဆိုတော့ဖြစ်စေ ချင်တယ်။

ဒီလှိုင်းကို သတင်းစာတစ်ခုဖြစ်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့
ပြည်သူတွေကလဲဝိုင်းဝန်းပြီး တော့ကူညီမစမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။
ဒီလိုအများရဲ့ ကူညီမစမှုနဲ့ သာကျွန်မတို့ ဒီလှိုင်းကို စာစောင်အဖြစ်ကနေ သတင်းစာတစ်စောင် ဖြစ်အောင်လုပ်နိုင်မှာပါ။ သတင်းစာတွေ၊ စာစောင်တွေ၊ ဂျာနယ်တွေ သတင်းဖြန့် ချီတဲ့စာစောင်တွေဟာ အင်မတန်မှကို အရေးကြီးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုသတင်း
 ဖြန့် ချိခြင်းဟာ အခုခေတ်မှာဆိုလို့ ရှိရင် ကမ္ဘာကြီးကိုဆက်စပ်ထားတဲ့
အရာဖြစ်တယ်။

ဒီတာ့လူတွေရဲ့ စိတ် ကိုဆက်စပ်ပေးတဲ့ အလုပ်တစ်ခုလို့ ကျွန်မတို့ ပြောလို့ ရပါတယ်။ လူတွေရဲ့ စိတ်ကိုဆက်စပ်ပေးတဲ့ အလုပ်တစ်ခုမို့လို့  အင်မတန်မှလည်း အရေးကြီးတယ်၊ အင်မတန်မှလဲတာဝန် ကြီးပါတယ်။စာစောင်တွေ ထုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းစာတွေ ထုတ်တဲ့ပုဂ္ဂိုလ်တွေ သတင်းသမားတွေမှာ အင်မတန်မှ တာဝန်ကြီးပါတယ် ဆိုတာ ကျွန်မခဏခဏပြောတဲ့ ကိစ္စပါ၊ကျွန်မတို့ ရဲ့ နိုင်ငံမှာတင်မက ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကိုကျွန်မတို့ ပြည်သူတွေသိရုံတင် အသိပေးရုံတင် မကပါဘူး၊ ဘယ်ကိုသွားနေသလဲ၊ အဲဒီလိုသွားနေတာဟာ ဟုတ်သလား မဟုတ်သလားဆိုတာကို ကျွန်မတို့ ရဲ့ ပြည်သူတွေ သုံးသပ်နိုင်အောင်လို့ အထောက်အကူဖြစ် အောင်လို့ သတင်းဆောင်းပါးတွေကိုရေးရတယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။

 ဒီလိုသတင်းဆောင်းပါး တွေကိုဖတ်ခြင်းအားဖြင့် သတင်းတွေကို သိခြင်းအားဖြင့် ကိုယ့်ပါတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ
လေ့လာနိုင်ရုံမက ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား၊ မဖြစ်သင့်တာတွေ ဖြစ်နေလို့ ရှိရင် ဘယ်လိုဒါတွေမဖြစ် အောင်လုပ်မလဲ၊
ဖြစ်သင့်တာတွေ မဖြစ်လို့ ရှိရင်လဲ ဒါတွေဖြစ်အောင်လို့ ဘယ်လိုလုပ်မလဲ
ဆိုတာ အဲဒါအများ ကနေပြီးတော့ ၀ိုင်းပြီးတော့စဉ်းစားနိုင်အောင်လို့ 
ကျွန်မတို့ ဒီလိုသတင်းစာစောင်တွေ ထုတ်ပြန်ရတယ်လို့  ကျွန်မကတော့ ဒီလိုပဲအယုံအကြည်ရှိပါတယ်။ ရိုးရိုးဘာတွေဖြစ်နေသလဲ ဆိုတာသိရုံက မလုံလောက်ပါဘူး။ ဘာတွေဖြစ်နေသလဲဆိုတာ အပေါ်မှာ အခြေခံပြီးတော့ ဘာတွေဖြစ်သင့်သလဲ ဆိုတာကို စဉ်းစားတတ်ဖို့ က အင်မတန်မှ အရေးကြီးပါတယ်လို့ ကျွန်မသတိပေးချင်ပါတယ်။ဒီတော့ ဒီလိုတန်ဖိုး ရှိတဲ့စာစောင်ဖြစ်ဖို့ ဆိုတာဟာ စာစောင်ကိုထုတ်ဝေတဲ့ သူတွေအပေါ်မှာလဲ တာဝန်ရှိတယ်၊ စာစောင်ကိုဖတ်တဲ့သူတွေမှာလဲ တာဝန် ရှိတယ်။ ဖတ်တဲ့သူတွေကလဲ ပွင့်ပွင့်လင်းလင်းနဲ့  စဉ်းစဉ်းစားစားနဲ့  စာစောင်ထဲမှာပါတဲ့ ကိစ္စတွေကို လေ့လာ နိုင်ရမယ်၊ သုံးသပ်နိုင်ရမယ် ၊ဝေဖန်နိုင်ရမယ် ။ဒီလိုသုံးသပ် ၊ဝေဖန်ချက်တွေကိုလည်း အသိပေးနိုင်ရမယ်။

အခုဟာက ကျွန်မတို့ စာစောင်က လွတ်လပ်တဲ့ ဒီမိုကရေစီစံနှုန်းစံထား
ပေါ်မှာ အခြေခံထားတာကြောင့်မို့လို့ စာ ဖတ်ပရိတ်သတ်ရဲ့  ဝေဖန်မှုတွေကို လိုလိုလားလားနဲ့ လက်ခံမှာပါ။ ဒီဝေဖန်မှုတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ ပိုပြီးတော့ ကောင်းတဲ့စာစောင်ဖြစ်ဖို့ ပိုပြီးတော့ ကျွန်မတို့
နိုင်ငံအတွက်တွင်သာမက ကမ္ဘာ့အတွက် ပိုပြီးတော့တန်ဖိုးရှိတဲ့ စာစောင်ဖြစ်ဖို့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ်။

အခုဆိုလို့ ရှိရင် ကျွန်မတို့ ဒီလှိုင်းရုံးခန်းလေးက အင်မတန်မှ
သေးပါတယ်။ ခပ်သေးသေးနဲ့ ခပ်ကြုံ့ကြုံ့ပါပဲ။ ဒါပေမဲ့ ဒီလိုပဲ
သေးသေးလေးကနေ စပြီးတော့ ညောင်စေ့လေးကနေ ညောင်ပင်ကြီးဖြစ် သွားသလို ကျွန်မတို့ တစ်ချိန်တစ်ခါမှာ ကျွန်မတို့  ဒီလှိုင်းစာစောင်က
နောင်ကျလို့ ရှိရင် တစ်တိုင်းပြည်လုံး တင်မက တစ်ကမ္ဘာလုံးကနေ
လေးစားရတဲ့ သတင်းစာကြီးတစ်ခုအဖြစ် ဖြစ်သွားမယ်လို့ ကျွန်မမျှော်လင့်ပါ တယ်လို့ ပြောရင်းကျွန်မနိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မြင့်ကျော်
The Myanma Age

ကျွန်မတို့ ဒီလှိုင်းရုံးခန်းသစ်ဖွင့်ပွဲကို လာပြီးတော့ အားပေးတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဒီလှိုင်းဟာဆိုလို့  ရှိရင်ကျွန်မတို့ အခုထုတ်တာဆိုလို့ ရှိရင် တစ်နှစ်နီးပါး ရှိသွားပါပြီ။
ဒီတစ်နှစ်နီးပါးအ တွင်းမှာလဲ အတော်အတန် တိုးတက်မှုရှိတယ်လို့  ကျွန်မတို့က ယုံကြည်ပါတယ်။ ကျွန်မတို
ဒီလှိုင်းကိုစပြီးတော့ ထုတ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ရဲ့ အမြင်
တွေ၊ လူမှုရေးအမြင် ၊နိုင်ငံရေးအမြင် ကျွန်မတို့ ရဲ့  လှုပ်ရှားမှုတွေနဲ့ ပါတ်သက်လို့ အများပြည်သူကို အသိ
ပေးဘို့ ဖြစ်ပါတယ်။

ဘာဖြစ်လို့ လည်းဆိုလို့ ရှိရင် နိုင်ငံရေးပါတီတစ်ခုဆိုရင် ပြည်သူနဲ အမြဲပဲနီးစပ်နေဘို လိုပါတယ်။နီးစပ်တယ်
ဆိုတာဟာ စိတ်ချင်းနီးစပ်ဖို့ ကိုကျွန်မအဓိကပြောတာပါ။

ကျွန်မတို့ ရဲ့ အတွေးတွေ၊အခေါ်တွေ၊အမြင်တွေ ကျွန်မတို့ ရဲ့ လှုပ်ရှားမှုတွေကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေ
အကြောင်းကို ပြည်သူကမသိနိုင်ပဲနဲ့ ပြည်သူကတကယ်တော့နီးစပ်မှုရှိတယ်ဆိုတာမဖြစ်နိုင်ပါဘူး။ဒါကြောင့်
မို့ လို့ ကျွန်မ တို့စပြီးတော့ ဒီလှိုင်းကိုထုတ်ခဲ့ တာပါ။ အခုဒီလို ထုတ်တဲ့အချိန် အတွင်းမှာပေါ့နော် ကျွန်မ
တို့က ပြည်သူကနေပြီးတော့ ဒီလှိုင်းရဲ့ ဆောင်းပါးတွေ၊ အရေးအသားတွေ ဘယ်လိုမြင်တယ် ဘယ်လိုဝေ
ဖန်တယ် ဆိုတာလဲကျွန်မတို့ သိရပါတယ်။
 
ဝေဖန် တာတွေကိုလဲ ကျွန်မတို့ ကနေပြီးတော့ ကြိုဆိုပါတယ်။ ဒီဟာတွေကိုရမှ ဝေဖန်မှုတွေကို ကျွန်မတို့
သိရမှ ကိုယ့်ရဲ့ စာစောင်ကို ပိုပြီးတော့အဆင့်မြင့်အောင် လုပ်နိုင်မှာပါ ။နောက်ဆိုလို့ ရှိရင် ကျွန်မတို့ကတစ်
ဆင့်ြ မင့် ပြီး သတင်းစာတစ်စောင် ဖြစ်စေချင်တယ်။ အခုပုဂ္ဂလိက သတင်းစာတွေလဲ လုပ်တော့မယ်ဆို
တော့ဖြစ်စေ ချင်တယ်။

ဒီလှိုင်းကို သတင်းစာတစ်ခုဖြစ်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့ပြည်သူတွေကလဲဝိုင်းဝန်းပြီး တော့ကူညီမ
စမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ဒီလိုအများရဲ့ ကူညီမစမှုနဲ့ သာကျွန်မတို့ ဒီလှိုင်းကို စာစောင်အဖြစ်ကနေ သတင်းစာတစ်စောင် ဖြစ်အောင်လုပ်နိုင်မှာပါ။ သတင်းစာတွေ၊ စာစောင်တွေ၊ ဂျာနယ်တွေ သတင်းဖြန့် ချီ
တဲ့စာစောင်တွေဟာအင်မတန်မှကိုအရေးကြီးပါတယ်။ဘာဖြစ်လို့ လဲဆိုတော့ဒီလိုသတင်းဖြန့် ချိခြင်းဟာ
အခုခေတ်မှာဆိုလို့ ရှိရင် ကမ္ဘာကြီးကိုဆက်စပ်ထားတဲ့အရာဖြစ်တယ်။

ဒီတာ့လူတွေရဲ့ စိတ် ကိုဆက်စပ်ပေးတဲ့အလုပ်တစ်ခုလို့ကျွန်မတို့ ပြောလို့ ရပါတယ်။လူတွေရဲ့ စိတ်ကိုဆက်
စပ်ပေးတဲ့ အလုပ်တစ်ခုမို့လို့  အင်မတန်မှလည်း အရေးကြီးတယ်၊ အင်မတန်မှလဲတာဝန် ကြီးပါတယ်။စာ
စောင်တွေ ထုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းစာတွေ ထုတ်တဲ့ပုဂ္ဂိုလ်တွေ သတင်းသမားတွေမှာ အင်မတန်မှ တာဝန်ကြီးပါတယ် ဆိုတာ ကျွန်မခဏခဏပြောတဲ့ ကိစ္စပါ၊
 
ကျွန်မတို့ ရဲ့ နိုင်ငံမှာတင်မက ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကိုကျွန်မတို့ ပြည်သူတွေသိရုံတင် အသိပေးရုံတင် မကပါဘူး၊ ဘယ်ကိုသွားနေသလဲ၊ အဲဒီလိုသွားနေတာဟာ ဟုတ်သလား မဟုတ်သလားဆို
တာကို ကျွန်မတို့ ရဲ့ ပြည်သူတွေ သုံးသပ်နိုင်အောင်လို့ အထောက်အကူဖြစ် အောင်လို့ သတင်းဆောင်းပါး
တွေကိုရေးရတယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။

ဒီလိုသတင်းဆောင်းပါး တွေကိုဖတ်ခြင်းအားဖြင့် သတင်းတွေကိုသိခြင်းအားဖြင့်ကိုယ့်ပါတ်ဝန်းကျင်မှာ ဘာ
တွေဖြစ်နေလဲဆိုတာလေ့လာနိုင်ရုံမက ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား၊ မဖြစ်သင့်တာတွေ ဖြစ်နေလို့ ရှိ
ရင် ဘယ်လိုဒါတွေမဖြစ် အောင်လုပ်မလဲ၊ဖြစ်သင့်တာတွေ မဖြစ်လို့ ရှိရင်လဲ ဒါတွေဖြစ်အောင်လို့ ဘယ်လို
လုပ်မလဲဆိုတာအဲဒါအများကနေပြီးတော့ဝိုင်းပြီးတော့စဉ်းစားနိုင်အောင်လို့ ကျွန်မတို့ ဒီလိုသတင်းစာစောင်
တွေ ထုတ်ပြန်ရတယ်လို့  ကျွန်မကတော့ ဒီလိုပဲအယုံအကြည်ရှိပါတယ်။ ရိုးရိုးဘာတွေဖြစ်နေသလဲ ဆိုတာ
သိရုံက မလုံလောက်ပါဘူး။ ဘာတွေဖြစ်နေသလဲဆိုတာ အပေါ်မှာ အခြေခံပြီးတော့ ဘာတွေဖြစ်သင့်သလဲ ဆိုတာကို စဉ်းစားတတ်ဖို့ က အင်မတန်မှ အရေးကြီးပါတယ်လို့ ကျွန်မသတိပေးချင်ပါတယ်။
 
ဒီတော့ ဒီလိုတန်ဖိုး ရှိတဲ့စာစောင်ဖြစ်ဖို့ ဆိုတာဟာ စာစောင်ကိုထုတ်ဝေတဲ့ သူတွေအပေါ်မှာလဲ တာဝန်ရှိ
တယ်၊ စာစောင်ကိုဖတ်တဲ့သူတွေမှာလဲ တာဝန် ရှိတယ်။ ဖတ်တဲ့သူတွေကလဲ ပွင့်ပွင့်လင်းလင်းနဲ့  စဉ်းစဉ်း
စားစားနဲ့  စာစောင်ထဲမှာပါတဲ့ ကိစ္စတွေကို လေ့လာ နိုင်ရမယ်၊ သုံးသပ်နိုင်ရမယ် ၊ဝေဖန်နိုင်ရမယ် ။ဒီလို
သုံးသပ် ၊ဝေဖန်ချက်တွေကိုလည်း အသိပေးနိုင်ရမယ်။

အခုဟာက ကျွန်မတို့ စာစောင်က လွတ်လပ်တဲ့ ဒီမိုကရေစီစံနှုန်းစံထားပေါ်မှာ အခြေခံထားတာကြောင့်မို့
လို့ စာ ဖတ်ပရိတ်သတ်ရဲ့  ဝေဖန်မှုတွေကို လိုလိုလားလားနဲ့ လက်ခံမှာပါ။ ဒီဝေဖန်မှုတွေအပေါ်မှာ အခြေခံ
ပြီးတော့ ကျွန်မတို့ ပိုပြီးတော့ ကောင်းတဲ့စာစောင်ဖြစ်ဖို့ ပိုပြီးတော့ ကျွန်မတို့နိုင်ငံအတွက်တွင်သာမက
ကမ္ဘာ့အတွက် ပိုပြီးတော့တန်ဖိုးရှိတဲ့ စာစောင်ဖြစ်ဖို့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ်။

အခုဆိုလို့ ရှိရင် ကျွန်မတို့ ဒီလှိုင်းရုံးခန်းလေးက အင်မတန်မှသေးပါတယ်။ ခပ်သေးသေးနဲ့ ခပ်ကြုံ့ကြုံ့ပါပဲ။
ဒါပေမဲ့ ဒီလိုပဲသေးသေးလေးကနေ စပြီးတော့ ညောင်စေ့လေးကနေ ညောင်ပင်ကြီးဖြစ် သွားသလို ကျွန်မ
တို့ တစ်ချိန်တစ်ခါမှာ ကျွန်မတို့  ဒီလှိုင်းစာစောင်ကနောင်ကျလို့ ရှိရင်တစ်တိုင်းပြည်လုံးတင်မက တစ်ကမ္ဘာ
လုံးကနေလေးစားရတဲ့ သတင်းစာကြီးတစ်ခုအဖြစ် ဖြစ်သွားမယ်လို့ ကျွန်မမျှော်လင့်ပါ တယ်လို့ ပြောရင်း
ကျွန်မနိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မြင့်ကျော်
The Myanma Age

0 comments:

Post a Comment