Pages

Sunday, December 30, 2012

အမိန့်မရဘဲ ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ပြင်းထန်စွာ အရေးယူခြင်း ခံရမည်

အမိန့်မရဘဲ ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ပြင်းထန်စွာ အရေးယူခြင်း ခံရမည်
=============================================
ကချင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ယူရသည့် တပ်မှူးများ အစည်းအဝေးတွင် သက်ဆိုင်ရာ တပ်ရင်းများ အား အထက်အမိန့်မရဘဲ လက်နက်ကြီး အသုံးပြုပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု သတိပေး ခဲ့ကြောင်း သိရသည်။

မိမိတို့ ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်သည်မှာ လုံခြုံရေးအတွက် ဖြစ်ကြောင်း၊ သမ္မတကြီး၏ ညွှန်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ်မှလည်း တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊ လုံခြုံရေး တာဝန်ထမ်းဆောင်သော တပ်များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလာပါက လက်နက်ငယ်များဖြင့်သာ ပြန်လည် ခြောက်လှန့် ပစ်ခတ်ရမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက် တောင်းခံ ခြင်း မပြုဘဲ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ထိရောက်စွာ အရေးယူခြင်း ခံရမည် ဟု သတိပေးခဲ့သည်ဟု ပြည်သူ့စစ် ခေါင်းဆောင် တစ်ဦးက ပြောပြခဲ့ပါသည်။

၎င်းမှ တပ်မှူးများအား အခြေအနေ မေးမြန်းရာ တပ်မှူး တစ်ဦးမှ ငါတို့က နယ်မြေအလိုက် လုံခြုံရေး တာဝန် ထမ်းဆောင်နေရတာ၊ ငါတို့သွားနေတဲ့ လမ်းကြောင်းတွေလဲ ဒီကောင်တွေ အကုန်သိပြီးသား၊ ကိုယ့်ကို လာပစ် လို့ လက်နက်ကြီးနဲ့ ချက်ချင်း ပြန်မပစ်နိုင်ရင်တော့ ကိုယ့်ဘက်က အထိအခိုက်များမှာပဲ လို့ ပြောခဲ့ပါသည်။

အခု လေကြောင်းက ပါနေတယ်ဆိုတာကလည်း လဂျားယန်ကို ရိက္ခာပို့ သွားတဲ့ အဖွဲ့တွေရဲ့ လုံခြုံရေးအတွက် ကင်းထောက်တဲ့ သဘောပဲ ဖြစ်ပုံရပါတယ်။ သူတို့ စခန်းတွေကို သိနေတာပဲ။ အကုန်လုံးကလည်း အမြောက်နဲ့ ပစ်ရင် ထိနိုင်တဲ့ နေရာတွေမှာ ရှိနေတာ။ စစ်တပ်ရဲ့ အမိန့်နာခံတာကလည်း ဘယ်သူမှ လိုက်မမှီဘူးဟု ၄င်းက ဆက်ပြီး ပြောပြခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ အခု ABSDF ပါလာမှ ထိတွေ့မှု တွေ ပိုများလာတယ်။ ဒီဘက်က ငြိမ်းချမ်းရေးအတွက် ဆိုပြီး ပစ်ခတ်တာတွေ မလုပ်တော့ တဖြည်းဖြည်း ပို အတင့်ရဲလာသလိုပဲ။ လက်နက်ကြီးတွေ ဆင်ထားတဲ့ ကုန်းဘေးနားအထိ လာပစ်ရဲကြတယ်။ အခုလက်ရှိတော့ တပ်က တကယ်ကို အကျအဆုံးများနေတယ် လို့ ၄င်းက ပြောခဲ့ပါတယ်။



အေးချမ်းမွန်မှOpposite Eye တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်းလုံခြုံရေးတာဝန်ယူရသည့်တပ်မှူးများအစည်းအဝေးတွင်သက်ဆိုင်ရာတပ်ရင်းများ
အား အထက်အမိန့်မရဘဲ လက်နက်ကြီး အသုံးပြုပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု သတိပေး ခဲ့
ကြောင်း သိရသည်။
မိမိတို့ ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်သည်မှာ လုံခြုံရေးအတွက် ဖြစ်ကြောင်း၊ သမ္မတကြီး၏ ညွှန်
ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ်မှလည်း တိုက်ခိုက်ခြင်းမပြုလုပ်ရန်ညွှန်ကြားထားပြီး ဖြစ်သည်ကို အား
လုံး အသိပင်ဖြစ်ကြောင်း၊ လုံခြုံရေး တာဝန်ထမ်းဆောင်သောတပ်များအနေဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ ပြု
လာပါက လက်နက်ငယ်များဖြင့်သာ ပြန်လည် ခြောက်လှန့် ပစ်ခတ်ရမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက် တောင်း
ခံ ခြင်း မပြုဘဲ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ထိရောက်စွာ အရေးယူ
ခြင်း ခံရမည် ဟု သတိပေးခဲ့သည်ဟု ပြည်သူ့စစ် ခေါင်းဆောင် တစ်ဦးက ပြောပြခဲ့ပါသည်။

၎င်းမှ တပ်မှူးများအားအခြေအနေ မေးမြန်းရာတပ်မှူးတစ်ဦးမှ ငါတို့က နယ်မြေအလိုက် လုံခြုံရေး တာဝန် 
ထမ်းဆောင်နေရတာ၊ ငါတို့သွားနေတဲ့ လမ်းကြောင်းတွေလဲဒီကောင်တွေအကုန်သိပြီးသား၊ကိုယ့်ကို လာပစ်
လို့ လက်နက်ကြီးနဲ့ ချက်ချင်း ပြန်မပစ်နိုင်ရင်တော့ ကိုယ့်ဘက်က အထိအခိုက်များမှာပဲ လို့ ပြောခဲ့ပါသည်။

အခု လေကြောင်းက ပါနေတယ်ဆိုတာကလည်း လဂျားယန်ကိုရိက္ခာပို့သွားတဲ့အဖွဲ့တွေရဲ့ လုံခြုံရေးအတွက်
ကင်းထောက်တဲ့ သဘောပဲ ဖြစ်ပုံရပါတယ်။သူတို့စခန်းတွေကို သိနေတာပဲ။ အကုန်လုံးကလည်း အမြောက်
နဲ့ ပစ်ရင် ထိနိုင်တဲ့ နေရာတွေမှာ ရှိနေတာ။စစ်တပ်ရဲ့ အမိန့်နာခံတာကလည်းဘယ်သူမှလိုက်မမှီဘူးဟု ၄င်း
က ဆက်ပြီး ပြောပြခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ အခု ABSDFပါလာမှ ထိတွေ
့မှု တွေ ပိုများလာတယ်။ ဒီဘက်က ငြိမ်းချမ်းရေးအတွက် ဆိုပြီး ပစ်ခတ်တာတွေ မလုပ်တော့ တဖြည်းဖြည်း ပို အတင့်ရဲလာသလိုပဲ။ လက်နက်ကြီးတွေ ဆင်ထားတဲ့ ကုန်းဘေးနားအထိ လာပစ်ရဲကြတယ်။ အခုလက်ရှိ
တာ့ တပ်က တကယ်ကို အကျအဆုံးများနေတယ် လို့ ၄င်းက ပြောခဲ့ပါတယ်။


 
Opposite Eye 

0 comments:

Post a Comment