Pages

Monday, October 29, 2012

ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ တိုက်ခိုက်နေတာတွေ ဖန်တီးနေတာတွေကိုသတိရှိသင့် (အရှင်ရာဟုလာ ... ၊မစိုးရိမ်)


ဘာသာရေးပဋိပက္ခဖြစ်အောင်ရည်ရွယ်ချက်ရှိရှိနဲတိုက်ခိုက်နေတာတွေဖန်တီးနေတာတွေကိုသတိမူကြပါ။ 
(အရှင်ရာဟုလာ ... ၊မစိုးရိမ်၊)လူတစ်ယောက်အနေနှင့်မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို  လေး
စားကြည်ညိုယုံမျှနှင့်မပြီး။အခြားတစ်ပါးသောသူများ၏အတွေးအခေါ်အယူဆများကိုလည်းကျိုးကြောင်းခိုင်
လုံမှုမရှိဘဲ ဝေဖန်နှိပ်နှယ်ခြင်းမပြုသင့်” ။ (အသောကကျောက်စာ)
“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်
ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင် သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်”။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။

အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတ
ရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊တစ်ပါးကမူဆလင်ဘာသာကိုကိုးကွယ်ကြတာ
ပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်
တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတည့်အောင် ပုံ
စံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင်ဘာ
သာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ဒါကိုထွက်ပေါက်အနေ
နဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိက
ရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့
မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့သံဃာတွေတိုင်းတပါးမှာထွက်ပြေး
နေရတာတွေ၊ ထောင်တွေမှာအကျဉ်းကျနေတာတွေ၊ရဲဘက်အလုပ်စခန်းတွေမှာအနှိက်စက်ခံနေရတာတွေ
အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို
နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့ နှုတ်ငုံပိတ်နေတဲ့အပြင်အာဏာရှင်အလို
ကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။

အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့အဖွဲ့စည်းကြီးဆိုတာဒီနေ့ သာ
မန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကိုဘာလုံခြုံမှုမှမပေးနိုင်တော့ဘူးဆိုတာလည်း
သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ်စာသင်နေတဲ့ကိုယ့်ရဲ့မြေးကိုရင်၊ ဦးဇင်း
တွေ အန္တရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။

အာဏာရူးတွေ မတရားအုပ်ချုပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာအာဏာရှင်မဆလနဝ
တနအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့ တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်
ကြလို့ ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။

အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာ
သာတူလူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့ တစ်ဦးယုံကြည်မှုနည်းအောင်ပဋိပက္ခဖြစ်အောင်ယုတ်မာစွာ လုပ်
ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့ လိုပါတယ်။ မူဆလင်နဲ့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာ
သာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့ အာဏာရူးတွေဆင်တဲ့ ထောင်ချောက်
အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။

ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့်ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့ ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့်ပြန်မိတာတွေဟာ အာဏာရူး
တွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ကတော့ ဒီလိုစော်ကားဆန့်ကျင်ပြောဆိုရေးသားသူတွေရဲ့အပြောတွေအရေးသားတွေကိုကြား
ရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလ
ဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။လူမှုရေးမှာဘာသာရေးမှဦးဆောင်သူတွေ အနေနဲ့ လည်း
ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့ လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့ မလုပ်ကြဖို့ ထိန်းသိမ်း
ရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။

ဘာသာတရားတွေကို ဆန့်ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်
ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူ
တွေဟာ သူတို့အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရ
တဲ့ပုံစံနဲ့လည်း တူပါတယ်။ တစ်ဦးက ဆန့်ကျင်ဘက်စကားပြောမယ် နောက် သူတို့လူ တစ်ဦးက ပြန်ပြီးတုန်
့ပြန်ပြမယ်၊ ဒီလိုနဲ့ ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီ
အတွက် သာမန် ခံစားမှုနဲ့ပြောသူတွေပါ တဖြည်းဖြည်းနဲ့ များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာ
ကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုး
ရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဘာသာရေးဆန့်ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက်အလွယ်တကူနေ
ရာဖြစ်နေလို့ ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိ
ဖို့ ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့်နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်
က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့်ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတြဲ့ ပ
သနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့ ပါဝင်မှန်း မသိနဲ့ ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့ သင့်ပါတယ်။

ထို့အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့ ပြည်သူတွေအပေါ်
နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်း
ချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့
သော ဆန့်ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်ကာလကို မကြည့်ဘဲ မိမိတို့ရဲ့ ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့်ပြန်ကြမယ် ဒီလို ဘသာသာတရား
စော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူသိစေလိုတဲ့ စေတနာအရိုးခံနဲ့ ဖြန့်ပေးကြမယ်ဆိုရင် အမှိုက်
စပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိ
မိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိဝင်သွား
နိုင်တာကို အထူးသတိထားကြပါလို့ ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချုပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့ဘာသာမတူလူမျိုးမတူပေမယ့်
တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့ ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခ မဖြစ်
ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့ ပိုမို လက်တွဲစည်းလုံးကြဖို့၊ ဘာသာရေးအဓိကရုဏ် ဖြစ်
နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့ ဖန်တီးသူ
တွေကို ရှာဖွေဖေါ်ထုတ်ကြဖို့ အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

အရှင်ရာဟုလာ (မစိုးရိမ်)

0 comments:

Post a Comment