Pages

Wednesday, October 31, 2012

ပုဂံညောင်ဦးဒေသတွင် ပြည်တွင်းပြည်ပခရီးသွားအများ အပြားဝင်ရောက်လျက်ရှိရာ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်လိုအပ်ချက်များကြုံတွေ့နေ

thn-31-10-2
ပုဂံညောင်ဦးဒေသသို့ ပြည်ပခရီးသွားများ လာရောက်လည်ပတ်စဉ်
ပြည်တွင်း၊ ပြည်ပ ခရီးသွားအများအပြားဝင်ရောက်လျက်ရှိရာ ပုဂံညောင်ဦးဒေသတွင် နိုဝင်ဘာလမှစတင်၍ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်စီစဉ်ရသည့်အခက်အခဲများ ခရီးသွားလုပ်ငန်းတချို့ကြုံတွေ့နေရပြီဖြစ်
ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။'နိုဝင်ဘာလထဲမှာဟိုတယ်အခန်းရဖို့ရော၊ဧည့်
လမ်းညွှန်ရဖို့ရောခက်ခဲသွားပြီ'' ဟု ဒေသခံခရီးသွားလုပ်ငန်း ကိုယ်စားလှယ်တစ်ဦးက ပြောပါသည်။

ခရီးသွားလုပ်ငန်းတချို့မှာ ခရီးသည် လက်ခံရရှိမှု အလွန်အမင်း များပြားခြင်းမရှိသေးသည့်တိုင် ဒေသတွင်း ဧည့်လမ်းညွှန်နှင့်အခန်းစီစဉ်ရသည့် အခက်အခဲများဖြစ်လာနိုင်သည့် နိုဝင်ဘာလအတွက် ခရီးစဉ်များထပ်
မံလက်ခံခြင်းမပြုလုပ်တော့ဘဲ ချင့်ချိန်ဆောင်ရွက်လျက်ရှိသည်။

''ဒေသတွင်း ဧည့်လမ်းညွှန် Station guide အများစုကလည်း လိုအပ်ချက်အရ Through-out guide တွေအဖြစ်
လိုက်နေရတယ်''ဟု ပုဂံဇုန် ဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ရန်ကုန်ရှိ ခရီးသွားလုပ်ငန်းကုမ္ပဏီတချို့ ပုဂံဇုန် မှ ဧည့်လမ်းညွှန်များ Station guide များကို Through- out guide အဖြစ် ခေါ်ယူအသုံးပြုမှုများ ယခုနှစ်အတွင်း များလာကြောင်း သိရသည်။


Eleven Media Group:

0 comments:

Post a Comment