Pages

Wednesday, October 31, 2012

ဆူဇူကီး ဖလား ပြိုင်ပွဲ အတွက် ပဏာမ ကစားသမား (၂၅)ဦး စာရင်း တရားဝင် ထုတ်ပြန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ(၂၄) ရက်နေ့ မှ (၃၀)ရက်နေ့ အထိ ကျင်းပမည့် အာဆီယံ ချန်ပီယံ ရှစ် 2012 AFF SUZUKI CUP အုပ်စု(က) ပွဲစဉ်များအား ယှဉ်ပြိုင် ကစားရန်  မြန်မာ့ လက်ရွေး စင် ပဏာ မ ကစားသမား (၂၅)ဦး စာရင်းအား ထုတ်ပြန်ကြေညာ လိုက်ပြီ ဖြစ်သည်။
မူလက မြန်မာ့ လက်ရွေးစင် အသင်း လူစာရင် ကို အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကသာ ၃၅ ဦး စာရင်း အဖြစ် ထုတ်ပြန် ခဲ့ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် အဆိုပါ ၃၅ ဦး စာရင်း ထဲမှ ၁၀ ဦးအား ချန်လှပ်ကာ ယခု ကဲ့သို့ ၂၅ ဦးစာရင်း ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ပဏာမ လက်ရွေးစင်(၂၅)ဦး အား ပြည်ပ အသင်း တစ်သင်းနှင့် ခြေစမ်းပွဲများ ကစားပြီးသည့် အချိန်တွင် ဆန်ခါတင် ကစားသမား (၂၂)ဦး ကို အပြီး သတ်ရွေးချယ် သွားမည် ဖြစ်သည်။

နည်းပြချုပ် ပက်ဆောင်ဟွာရွေးချယ်သော ၂၀၁၂ ဆူဇူကီး ဖလား ပဏာမ ကစားသမား (၂၅)ဦး စာရင်း တွင် အောင်မိုး (ဟံသာဝတီ) နှင့် စိုးကျော်ကျော် (ရတနာပုံ) တို့မှာ ပထမဆုံး အကြိမ် အဖြစ် ပါဝင် လာခဲ့ပြီး ခင်မောင်ထွန်း၊ ခင်မောင်လွင်၊ မိုးဝင်း၊ သီဟစည်သူ၊ ရန်ပိုင်၊ ပိုင်စိုး စသည့် ၀ါရင့် ကစားသမား များလည်း ပြန်လည် ပါဝင်လာ ခဲ့သည် ကိုတွေ့ ရသည်။

ရွေးချယ် ခံထား ရသော ကစားသမားများ အနက် MFF Digicel Cup 2012 ဗိုလ်လုပွဲ ပါဝင် ကစားမည့် KBZ နှင့် ဧရာဝတီ ယူနိုက်တက် တို့မှ ကစားသမား များသည် နိုဝင်ဘာ (၃) ရက်နေ့ နေ့လည်(၁၂) နာရီတွင် စတင် စခန်းဝင် ရမည် ဖြစ်ပြီး ကျန် ကစားသမားများ အနေဖြင့် နိုဝင်ဘာ (၁)ရက်နေ့ နေ့ လည်(၁၂) နာရီမှ စတင်ကာ စခန်းဝင် လေ့ကျင့် ရမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အသင်း သည် ၂၀၁၂ ဆူဇူကီး ဖလား အုပ်စု (က) ပွဲစဉ်များ အဖြစ် နိုဝင်ဘာ (၂၄)ရက်နေ့ တွင် ဗီယက်နမ်၊ နိုဝင်ဘာ (၂၇)ရက်နေ့ တွင် ထိုင်း၊ နိုဝင်ဘာ (၃၀)ရက်နေ့ တွင် ဖိလစ်ပိုင် တို့နှင့် ဘန်ကောက် မြို့တွင် ယှဉ်ပြိုင် ကစား ရမည် ဖြစ်ပြီး ဆီမီး ဖိုင်နယ် တက်ရောက် ခဲ့ပါက အိမ်ကွင်း၊ အဝေးကွင်း ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင် ကစား ရမည် ဖြစ်သည်။

ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း လူစာရင်း

ဂိုး- သီဟစည်သူ (ဧရာဝတီ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင်(ဆောက်သမ်းမြန်မာ)

နောက်တန်း- ပြည့်ဖြိုးအောင် (ရန်ကုန်)၊ သိန်းသန်းဝင်း (KBZ)၊ မိုးဝင်း (နေပြည်တော်) ၊ ဇော်မင်းထွန်း (မကွေး)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ) ၊ သက်နိုင်၊ ခင်မောင်ထွန်း (ရတနာပုံ) ၊ အောင်ဇော် (ဟံသာဝတီ)၊ဇော်ဇော်ဦး (ဧရာဝတီ)

အလယ်တန်း-ခင်မောင်လွင်၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ ကြည်လင်း(ရန်ကုန်)၊ ဖြိုးကိုကိုသိန်း၊နိုင်လင်းဦး (ဧရာဝတီ)၊ ပိုင်စိုး(ရတနာပုံ)၊ အောင်မိုး (ဟံသာဝတီ)

ရှေ့တန်း- ရန်ပိုင်၊စိုးကျော်ကျော်(ရတနာပုံ)၊ ကောင်းစည်သူ(ရန်ကုန်)၊ စိုးမင်းဦး၊ ကျော်ဇေယျာဝင်း (KBZ)


Ref: ရွေနိုင်ငံ

0 comments:

Post a Comment