Pages

Wednesday, October 31, 2012

၈း၃၅ သတင်း(ကျောက်နီမော် အရေးပေါ်သတင်း )

ကျောက်နီးမော်ပြဿနာတွင် ဦးဆောင်သူဟု စွပ်စွဲကာ ရွာသား ၅ ဦးအားဖမ်းဆီးရန်ကြိုးစားနေကြောင်းသိရ သည်။ အဆိုပါရွာသား ၅ ဦးသည် ဦးဆောင်သူများ၊ ကြိုးကိုင်သူများမဟုတ်သဖြင့်အဖမ်းမခံဘဲ ထွက်ပြေးနေရ ခြင်းဖြစ်ကြောင်းလည်း ဒေသခံများ ပြောပါ
သည်။ကျောက်နီးမော်တွင်သေဆုံးသူအား သဂြို င်္လ်ရန် အခက်ကြုံနေရကြောင်းသိရသည်။ရခိုင်တိုင်းင်းသားများ သဂြို င်္လ်သောသုန်မှာ ဘင်္ဂလီရွာနှင့်လွန်စွာနီးကပ်နေသဖြင့် ဆိုပါသုသာန်တွင်သဂြိုလ်ရန် တာဝန်ရှိသူများက ခွင့်ပြု ချက်မပေးကြောင်းသိရသည်။ သေဆုံး
သူ မောင်ဟန်ရွှေ (ရေမျက်ဝကျေးရွာ)၏ အလောင်းအား ဒေသခံများ က ကျောက်နီမော်ရွာ ၌ပင် သဂြို င်္လ်ရန်ဆန္ဒရှိသော်လည်း လုံခြုံ
ရးတပ်ဖွဲ့ဝင်များကလက်မခံသဖြင့် အခက်တွေ့ နေရကြောင်း၊ အလောင်းအား အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကျောက်နီမော်
ဆးရုံ၏ ရင်ခွဲရုံတွင်ထားရှိဆဲဖြစ်ကြောင်းလည်းသိရသည်။
ယခုအခါကျောက်နီမော်တွင်လုံခြုံရေးအပြည့်အ၀ချထားပြီးဘင်္ဂလီများနှင့်ပြဿနာထပ်မဖြစ်အောင်တင်းကြပ် စွာစီစဉ်ထားကြောင်း
လည်းသိရသည်။ထိုကိစ္စအပေါ်ဒေသခံများကကျေနပ်မှုမရှိသော်လည်းဘင်္ဂလီကျေးရွာအနီးသွားရောက်မြေချရန်ကိစ္စကို လုံခြုံရေးမှ စိုးရိမ်နေခြင်းဖြစ်ကြောင်းနှင့်အခြေအနေအရဒေသခံများကလည်းတာဝန်ရှိသူများနှင့်တွေ့ဆုံကာအလောင်းမြေချနိုင်ရေးကိစ္စကို
သာအဓိကထား ဆွေးနွေးနေကြောင်း ယနေ့ တွင် မြေချခွင့်မရရှိခဲ့ကြောင်းလည်းသိရသည်။

မနေ့က လူထုအမြောက်အများက ဘင်္ဂလီရွာအား ပြောင်းရွှေ့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း ညနေ ၆ နာရီခန့်တွင် လူစုခွဲလိုက်ကြကြောင်းသိရသည်။ယင်းဆန္ဒပြတောင်းဆိုမှုတွင် တစ်ပတ်အတွင်းပြောင်းရွှေ့ ပေးရေးတို့ပါဝင်သဖြင့် အစိုးရအနေဖြင့် ထွက်ဖို့ဆုံးဖြတ်ပေးမည်ဆိုလျင် ပြောင်းရွှေ့သွားနိုင်ခြေရှိကြောင်းလည်း ကျောက်နီမော်သို့ ခေတ္တရောက်ရှိနေသော RSV သတင်းထောက်မှ သတင်းပေးပို့ပါသည်။
 
Rakhine State View

0 comments:

Post a Comment