Pages

Tuesday, October 30, 2012

အသံထက်မြန်သော လေယာဉ် ထပ်မံစမ်းသပ်ပျံသန်းရန် အမေရိကန်စီစဉ်


အသံ၏ မြန်နှုန်းထက် (၆)ဆမြန်သော လေယာဉ် စမ်းသပ် ပျံသန်းမှု မအောင်မြင်ခဲ့သည့်တိုင် နောက်တစ်
ကြိမ် ကြိုးစားရန် အမေရိကန် စစ်တပ်က စီစဉ်ထားကြောင်း သိရသည်။ အမေရိကန် စစ်ဘက် အရာရှိများ
က လူလိုက်ပါခြင်း မရှိသော လေယာဉ် စီမံကိန်းကို ဆက်လက် လုပ်ဆောင်မည်ဟု ဗုဒ္ဓဟူးနေ့က အတည်ပြု
 ပြောဆိုခဲ့သည်။
ထိုလေယာဉ်သည် အသံ၏ မြန်နှုန်းထက် (၆)ဆရှိသော Mach 6 (သို့မဟုတ်) တစ်နာရီလျှင် မိုင်(၃၆၀၀)နှုန်း
ထိ ပျံသန်းနိုင်မည် ဖြစ်သည်။


B-52ဗုံးကြဲလေယာဉ် တစ်စင်းက လေထဲတွင် လွှတ်ပေးလိုက်ချိန်တွင် ယင်းX-51A Waveriderသည် မြန်နှုန်း
မင့်မားစွာ ပျံသန်းနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း လေတပ်၏ စမ်းသပ်ချက်မှာ မအောင်မြင်ခဲ့ချေ။ 

အမေရိကန် စစ်တပ်သည် အသံလွန်မြန်နှုန်း နည်းပညာအပေါ် အာရုံစူးစိုက် လေ့လာနေပြီး ယင်းအနေအ
ထားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းသို့ လျင်လျင်မြန်မြန် ထိုးစစ်ဆင်နိုင်ရန် ရည်ရွယ်ထားသည်။ 

လွန်ခဲ့သော (၂)လက စမ်းသပ်မှုတွင် X-51A လေယာဉ်ကို (၃)ကြိမ်မြောက်အဖြစ် စမ်းသပ်ခဲ့ရာ ထိန်းသိမ်းမှု စနစ်တွင် ပြဿနာ ပေါ်ခဲ့ပြီး ဟန်ချက်ပျက်ကာ ကယ်လီဖိုနီးယားတောင်ပိုင်း ကမ်းခြေတွင် ပျက်ကျခဲ့သည်။

မည်သို့ပင်ဖြစ်စေ B-52မှ လွှတ်ပေးလိုက်ချိန်တွင်Mach 4.8ထိ မြန်နှုန်းရောက်ရှိအောင်ပျံသန်းခဲ့ခြင်းအတွက်

မူ လေတပ် အရာရှိများက ကျေနပ်လျှက်ရှိသည်။ လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ မည်သည့် လေယာဉ်မှ အ
သံ၏ မြန်နှုန်း(၆)ဆဖြစ်သော Mach 6ထိ ရောက်အောင် မစွမ်းဆောင်နိုင်သေးချေ။(၂၀၁၀)ပြည့်နှစ်ကပထမ
ဆုံး စမ်းသပ်ပျံသန်းမှုတွင် X-51Aသည် Mach 5မြန်နှုန်းတွင် (၃)မိနစ်ကြာ ပျံသန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

Source: Yahoo

0 comments:

Post a Comment