Pages

Sunday, October 21, 2012

မလေးရှား နိုင်ငံ၏ Scorpene ရေငုပ် သသင်္ဘောများသည် စစ်ဆင်ရေး လုပ်ငန်းများကို ကောင်းစွာ လုပ်ဆောင် နိုင်စွမ်း ရှိသည်ဟု

မလေးရှား ရေတပ်၏ Scorpene ရေငုပ် သင်္ဘောများကို ကောင်းစွာ ပြုပြင် ထိန်းသိမ်းလျက် ရှိကြောင်းနှင့် ရေငုပ် သင်္ဘောများသည် နိုင်ငံတော် လုံခြုံရေးကို ကာကွယ် ထိန်းသိမ်းရေး အတွက် စစ်ဆင်ရေးများ ဆင်နွှဲ နိုင်စွမ်း ရှိကြောင်း မလေးရှား ရေတပ်ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး တန်ဆရီ အဗ္ဗဒူအဇစ် ဂျာဖာက ကိုတာကင် နာဘာလူ ရေတပ် အခြေစိုက် စခန်းသို့ လာရောက် သတင်း ရယူသော သတင်း မီဒီယာအဖွဲ့ တစ်ဖွဲ့ကို ပြောကြား ခဲ့သည်ဟု အောက်တိုဘာလ ၁၇ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ အဆိုပါ Scorpene ရေငုပ် သင်္ဘောများသည် မိမိ၏ ညွှန်ကြားချက် အရ စစ်ဆင်ရေး ပေါင်းများစွာကို ဆင်နွှဲခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ ရေငုပ် သင်္ဘောများ ဝယ်ယူခဲ့မှုသည် နိုင်ငံ လုံခြုံရေး အတွက် ဆိုးကျိုးသာ ဖြစ်ပေါ်စေလိမ့်မည် ဟူသော အတိုက် အ ခံ အဖွဲ့များ၏ ပြောကြားချက်ကို ရပ်တန့် စေလိုကြောင်း ရေတပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူအဇစ်ဂျာဖာက ပြောကြားခဲ့ ပါသည။် 
 
မလေးရှား နိုင်ငံသည် မလေးရှား ရင်းဂစ် ၃.၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ) ဖြင့် ပြင်သစ် နိုင်ငံမှ Scorpene ရေငုပ်သင်္ဘော ၂ စီး ဝယ်ယူခဲ့ပြီး တို့ကိုKD Tunku Abdul Rahman နှင့်KD Tun Razak ဟု အမည် ပေးခဲ့ကြောင်း သိရှိရ ပါသည်။
 
မြ၀တီ

0 comments:

Post a Comment