Pages

Saturday, February 16, 2013

နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း အိုးဘို ထောင်ရှိ နိုင်ငံရေး အကျဉ်းသား များကို ထောက်ပံ့

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား များ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး အိုးဘိုထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသား ၇ ဦးကို တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်ခုနစ်သောင်း ငါးထောင်စီ ပေးအပ် ခဲ့ကြောင်း ILO နှင့် ဆက်သွယ် ကူညီ ဆောင်ရွက် သူများ ကွန်ရက်မှ မန္တလေး တာဝန်ခံ ဦးအေးသိန်းက The Voice Weekly သို့ ပြောကြားသည်။ ယင်းနိုင်ငံရေး အကျဉ်းသား များတွင် ဘူမိဗေဒ ဒုတိယနှစ် ကျောင်းသား တစ်ဦး ဖြစ်သူ ရှမ်း တိုင်းရင်းသား စိုင်းမိုးဟိန်း နှင့် မူဆယ်၊ တာချီလိတ်၊ မန္တလေး နှင့် မလှိုင်မြို့ နေ ရှမ်း တိုင်းရင်းသား ငါးဦးတို့ ပါဝင်ကြောင်း၊ မန္တလေး မြို့တော် ဈေးချို၊ ပြင်ဦးလွင်၊ နေပြည်တော် တို့တွင် ဗုံးပေါက်ကွဲမှု နှင့် ဆက်စပ်၍ ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ရက် နေ့တွင် ပုဒ်မ(၁၇)(၁)၊ ပုဒ်မ. ပေါက်ကွဲ(၆) တို့ဖြင့် အမှု ရင်ဆိုင် နေရ သူများ ဖြစ်ကြောင်း ဦးအေးသိန်းက ပြောကြားသည်။
“စိုင်းမိုးဟိန်း ဆို မနေ့ကထိ တရားလိုပြ သက်သေ ၁၆၀ ဦး စစ်ဆေး ပြီးသွားပြီ၊ ခု ထောင်ထဲမှာ အမှု ရင်ဆိုင် နေရတာ လ ၂၀ ရှိသွားပြီ။ တော်တော်လေး တောင့်ခံ နေရ ရှာတယ်။ ခု AAPP က ထောက်ပံ့တဲ့ ငွေက ဘာပဲ ပြောပြော သူတို့ အတွက် အမော ပြေပါတယ်” ဟု ၎င်းက ဆိုသည်။
  
The Voice Weekly

0 comments:

Post a Comment

 
world time