Pages

Tuesday, March 5, 2013

ပြင်ဦးလွင် ဟိုင်းလတ်ခရီးသည်တင်ယာဉ်တိမ်းမှောက် ခရီးသည် ၁ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ

Tuesday, 05 March 2013
်မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာ၊ လမ်းလယ်ဘုရားအနီး မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ် (၉/၄)တွင်မတ်၎ရက်နေ့လယ်ကမန္တလေးမှ ပြင်ဦးလွင်သို့
ကို---- မောင်းနှင် လာသည့် ““စုပေါင်းလုပ်သား”” ယာဉ်အသင်းမှ ဗ/xxxx ဟိုင်းလတ်ခရီးသည်တင်ယာဉ်သည် ရှေ့ဘီးပေါက်ပြီး လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား (၁) ဦး သေဆုံးပြီး (၁၂)ဦးတို့တွင် ဖူးရောင်ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရရှိသူများအား မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ခဲ့သည်။

ယာဉ်မောင်းအား အုန်းချောရဲစခန်း ယာဉ်(ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲ့ မှ သိရသည်။


RND: 5.3.2013
Popular Myanmar News

0 comments:

Post a Comment