Pages

Thursday, September 27, 2012

သင်တန်းကြေးတစ်သိန်းလျော့၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သင်တန်းဖွင့်မည်

ရန်ကုန် ၊ စက်တင်ဘာ (၂၇ )

EC–Councilအသိအမှတ်ပြုဆိုက်ဘာလုံခြုံရေးဆိုင်ရာကျွမ်းကျင်လက်မှတ်(C|EH) ပေးအပ်သည့်သင်တန်းကို လမည့်လအတွင်းသင်တန်းကြေးကျပ်တစ်သိန်းလျော
့ချ၍ဖွင့်လှစ်ပေးသွားမည်ဟုM.S.Tကွန်ပျူတာသင်တန်း
မှ ကိုအောင်ဇော်မြင့်ကပြောသည်။
ယခင်ကသင်တန်းကြေးအားကျပ်ငါးသိန်းပေးသွင်းကြရပြီးစာမေးပွဲကြေးအဖြစ်ကန်ဒေါ်လာ၅၄၅ ထပ်မံပေး
သွင်း၍ဖြေဆိုကြ ရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

“အခု(C၊EH)အောင်ထားတဲ့သူတွေအားလုံးအတွက်ဝင်ဘာမှာသူ့ထက်မြင့်တဲ့ ဘာသာရပ်ကိုဆက်သွားကြ
တော့မှာ၊အောက်တိုဘာမှာဖြေမယ့်သူတွေကိုလည်းအဲ့ဒီတန်းခွဲသစ်မှာပါသွားစေချင်တယ်။ဒါကြောင့် ဈေး
လျော့ပေးလိုက်တာ”ဟု၎င်းကဆိုသည်။

အဆိုပါလက်မှတ်မှာယခင်နှစ်နောက်ဆုံးမှစ၍ကမ္ဘာ့နိုင်ငံများအတွင်း ၀င်ငွေအကောင်းဆုံးအဖြစ်အသိအ
မှတ်ပြုခံလာရကြောင်းသိရသည်။ “ဒီလက်မှတ်က cisco တို့Microsoft တို့လိုစာမေးပွဲစင်တာတွေ မှာဖြေလို့
မရပါဘူး။သူတို့EC–Councilအသိအမှတ်ပြုထားတဲ့နေရာမှာပဲဖြေလို့ရပါတယ်”ဟုM.S.T မှကိုအောင်ဇော်
မြင့်ကဆက်ပြောသည်။

EC–Council၏ကျွမ်းကျင်လက်မှတ်ဆိုက်ဘာလုံခြုံရေးများအားတစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုထားသည့်အ
ပြင်E–Business၊E–Commerceအစရှိသည်တို့၏ဆိုက်ဘာလုံခြုံရေးတို့အတွက် လည်းတာဝန်ယူလုပ်ဆောင်
နေရသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရသည်။

သုတလင်း
PuplarNewsJournal

0 comments:

Post a Comment