မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ဖြစ်စေ
ဖို့အတွက် မြန်မာအစိုးရ ကို ချေးငွေ အသစ်တွေ ထုတ်ပေးဖို့ နိုင်ငံတကာ ဘဏ်ကြီးတွေ ပြင်ဆင်နေပြီလို့
ဂျပန်နိုင်ငံထုတ် Nikkei စီးပွားရေး သတင်းစာကဒီကနေ့ ရေးသားလိုက်ပါတယ်။
ကာ ငွေကြေးရန်ပုံငွေ အဖွဲ့ က
စီစဉ်နေကြပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့လက်ကျန်ပိတ်ဆို့အရေးယူမှုတွေကို ပြန်ရုပ်သိမ်း ပေးတော့မယ့်အကြောင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကထုတ်ဖော် ပြောလိုက်ပြီးတဲ့နောက်မှာအခုလိုသတင်း
ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ချေးငွေအသစ် ထုတ်ပေးမယ့် ကိစ္စကို လာမယ့် အောက်တိုဘာ လဆန်းပိုင်း တိုကျိုမြို့မှာ ပြု

လုပ်မယ့် IMF အစည်းအဝေးနဲ့ တချိန်တည်းမှာပဲ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
မြန်မာ အစိုးရ အနေနဲ့ နောက်ထပ် ချေးငွေအသစ်တွေ ရဖို့အတွက် ကြွေးကျန်တွေကို အရင်ဆုံး ပြန်ဆပ်ရ

မှာ ဖြစ်ပါတယ်။
အဲဒီလို ပြန်ဆပ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံ ဘဏ်ကြီးတွေက မြန်မာနိုင်ငံကို ကာလတိုချေးငွေတွေ ထုတ်ပေးဖို့ အလားအလာ ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

RFA (Burmese)
0 comments:
Post a Comment