Pages

Wednesday, December 19, 2012

စီးပွားရေးလုပ်မည်ဆိုက ဆရာဝန်မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်စဉ် ဆရာဝန် အချို့ ကို ပြောကြား

စီးပွားရေးလုပ်မည်ဆိုက ဆရာဝန်မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်
ပြောကြား


ဆရာဝန်လုပ်မည်ဆိုပါက စီးပွားရေးကို မကြည့်ဘဲ၊ စီးပွားရေးလုပ်မည် ဆိုလျှင်လည်း ဆရာဝန်လောက အတွင်းသို့ ဝင်ရောက်မလာသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်စဉ် ဆရာဝန် အချို့ကို ပြောကြားသွားသည်။ “စီးပွားရေး လုပ်ချင်တာလား။ ပိုက်ဆံလိုချင်ရင် ဆရာဝန် မလုပ်နဲ့၊ ပိုက်ဆံလိုချင်လို့ ရှိရင် စီးပွားရေးပဲ လုပ်ပါ။ ဆရာဝန်ဖြစ်လာရင် ပိုက်ဆံရှာလို့ မဖြစ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်လေ့လာစဉ် တာဝန်ကျ ဆရာဝန်ငယ်များအား ဆေးရုံ အုပ်ကြီးနှင့် တာဝန်ကျ ဆရာဝန်များ ရှေ့တွင် ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော ဆရာဝန်ငယ်အချို့သည် ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ချိန်မှာ ၃ လသက်တမ်းသာ ရှိသေးကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်လေ့လာရာတွင် ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနများ၊ ရေအိမ်သန့်ရှင်းမှုရှိ မရှိနှင့် လေဝင်လေထွက် ကောင်းမွန်ခြင်းရှိ မရှိ၊ ဆေးရုံ သန့်ရှင်းရေး စသည်တို့အပြင် တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် မိသားစုဝင်များအား အဆင်ပြေမှုရှိ မရှိ မေးမြန်းခဲ့ပြီး ဆေးရုံရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များကိုပါ မေးမြန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော် အပါအဝင် တာဝန်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆေးရုံကြီးအတွက် အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို အစည်းအဝေးခန်း တွင် ခေတ္တတွေ့ဆုံ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ “ဆေးရုံကြီးရဲ့ ဆေးကိရိယာ ပစ္စည်းတွေ အကြောင်း မေးတဲ့အခါကျတော့ သူတို့က ဝန်ခံပါတယ်။ လူနာကို အားလုံးယူခဲ့ခိုင်းရတယ်။ ဂွမ်းတို့၊ ပတ်တီးတို့ အားလုံးယူခဲ့ခိုင်းရပါတယ်တဲ့။ သူတို့အနေနဲ့လည်း ဒီဟာကို ပေးနိုင်တဲ့ အခြေအနေမှာ မရှိပါဘူးလို့ ပြောပါတယ်။ ကျွန်မတို့နိုင်ငံမှာ အရေးပါဆုံးဖြစ်တဲ့ ဆေးရုံကြီးမှာတောင် ဒီလိုအဆင့်အတန်း အင်မတန်မှ နိမ့်ကျနေတယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်အတွက် အင်မတန်မှ မှေးမှိန်နေတယ်လို့ ပြောချင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ ပြောခဲ့တဲ့အတိုင်းပဲ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျွန်မတို့နိုင်ငံကို ထောက်ပံ့ချင်တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း လုပ်တဲ့နေရာမှာ စုစုစည်းစည်းနဲ့ ထိထိမိမိ လုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါ့အပြင် ရန်ကုန်ဆေးရုံကြီး ဆိုတာဟာ ကျွန်မတို့ ဆေးပညာ သင်ကြားရေးနဲ့လည်း ဆက်နွှယ်နေပါတယ်။ ကောင်းတဲ့ဌာနတစ်ခုအနေနဲ့ ပြန်ပြီးမွမ်းမံသင့်ပါတယ်။ သုတေသနပြုနိုင်တဲ့ အခြေခံလိုအပ်ချက်တွေတော့ ရှိပြီးသားပါ။ ဒါပေမယ့် အဆင့်တော့ မမီတာပေါ့။ ဒါပေမယ့် အစကတည်းက ရောဂါတွေ မြောက်မြားစွာနဲ့ ပတ်သက်လို့ သုတေသနပြုနိုင်အောင် စစ်ဆေးနိုင်အောင်လို့ ဖန်တီးထားပါတယ်။ မတိုးတက်နိုင်ဘူး ဆိုပေမယ့် ဒါတွေက ရှိပြီးသားတွေဆိုတော့ ခေတ်မီအောင် လုပ်လိုက်နိုင်ရင် အများကြီး ကောင်းသွားပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းစဉ် ပြောကြားခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် တစ်နာရီကြာ လေ့လာ ကြည့်ရှုခဲ့ပြီး ဆေးရုံမှ တာဝန်ရှိသူတို့က သစ်ခွပန်း ပန်းချီကား လက်ဆောင်ပေးအပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဆရာဝန်လုပ်မည်ဆိုပါက စီးပွားရေးကို မကြည့်ဘဲ၊ စီးပွားရေးလုပ်မည်ဆိုလျှင်လည်းဆရာဝန်လောက
တွင်းသို့ ဝင်ရောက်မလာသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်
စဉ် ဆရာဝန် အချို့ကို ပြောကြားသွားသည်။ “စီးပွားရေး လုပ်ချင်တာလား။ ပိုက်ဆံလိုချင်ရင် ဆရာဝန် မလုပ်နဲ့၊ပိုက်ဆံလိုချင်လို့ ရှိရင်စီးပွားရေးပဲ လုပ်
ပါ။ဆရာဝန်ဖြစ်လာရင်ပိုက်ဆံရှာလို့ မဖြစ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၇ ရက်နေ့က
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်လေ့လာစဉ်တာဝန်ကျ ဆရာဝန်ငယ်များအား ဆေးရုံအုပ်ကြီးနှင့်
တာဝန်ကျ ဆရာဝန်များ ရှေ့တွင် ပြောကြားခဲ့သည်။
 
 ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော ဆရာဝန်ငယ်အချို့သည် ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်
ချိန်မှာ ၃ လသက်တမ်းသာ ရှိသေးကြောင်း သိရသည်။
 
 ဒေါ်အောင်ဆန်းစုကြည် လာရောက်လေ့လာရာတွင် ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊အရေးပေါ်နှင့် ပြင်
ပလူနာဌာနများ၊ ရေအိမ်သန့်ရှင်းမှုရှိ မရှိနှင့် လေဝင်လေထွက် ကောင်းမွန်ခြင်းရှိ မရှိ၊ ဆေးရုံသန့်ရှင်းရေး
စသည်တို့အပြင် တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် မိသားစုဝင်များအား အဆင်ပြေမှုရှိ မရှိ
မးမြန်းခဲ့ပြီး ဆေးရုံရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များကိုပါ မေးမြန်းခဲ့ကြောင်း သိရသည်။ 
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော် အပါ
ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆေးရုံကြီးအတွက်အဆင့်မြှင့်တင်ရန်လိုအပ်ချက်များကိုအစည်းအဝေးခန်း တွင်
ခေတ္တတွေ့ဆုံ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။“ဆေးရုံကြီးရဲ့ ဆေးကိရိယာ ပစ္စည်းတွေ အကြောင်း
မးတဲ့အခါကျတော့ သူတို့က ဝန်ခံပါတယ်။ 
 
လူနာကို အားလုံးယူခဲ့ခိုင်းရတယ်။ ဂွမ်းတို့၊ ပတ်တီးတို့ အားလုံးယူခဲ့ခိုင်းရပါတယ်တဲ့။ သူတို့အနေနဲ့လည်း
 ဒီဟာကို ပေးနိုင်တဲ့ အခြေအနေမှာ မရှိပါဘူးလို့ ပြောပါတယ်။ ကျွန်မတို့နိုင်ငံမှာ အရေးပါဆုံးဖြစ်တဲ့ ဆေး
ရုံကြီးမှာတောင် ဒီလိုအဆင့်အတန်း အင်မတန်မှ နိမ့်ကျနေတယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေရဲ့ မျှော်လင့်
ချက်အတွက် အင်မတန်မှ မှေးမှိန်နေတယ်လို့ ပြောချင်ပါတယ်။ 
 
ပညာရေးနဲ့ ပတ်သက်လို့ ပြောခဲ့တဲ့အတိုင်းပဲ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျွန်မတို့နိုင်ငံကို ထောက်ပံ့ချင်
တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း လုပ်တဲ့နေရာမှာ စုစု
စည်းစည်းနဲ့ ထိထိမိမိ လုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါ့အပြင် ရန်ကုန်ဆေးရုံကြီး ဆိုတာဟာ
ကျွန်မတို့ ဆေးပညာသင်ကြားရေးနဲ့လည်းဆက်နွှယ်နေပါတယ်။ ကောင်းတဲ့ဌာနတစ်ခုအနေနဲ့ ပြန်ပြီးမွမ်း
မံသင့်ပါတယ်။ 
 
သုတေသနပြုနိုင်တဲ့ အခြေခံလိုအပ်ချက်တွေတော့ ရှိပြီးသားပါ။ ဒါပေမယ့် အဆင့်တော့ မမီတာပေါ့။ ဒါ
ပမယ့် အစကတည်းက ရောဂါတွေ မြောက်မြားစွာနဲ့ ပတ်သက်လို့ သုတေသနပြုနိုင်အောင်စစ်ဆေးနိုင်
အောင်လို့ ဖန်တီးထားပါတယ်။ မတိုးတက်နိုင်ဘူး ဆိုပေမယ့် ဒါတွေက ရှိပြီးသားတွေဆိုတော့ ခေတ်မီ
အောင်လုပ်လိုက်နိုင်ရင် အများကြီး ကောင်းသွားပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်
တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းစဉ် ပြောကြားခဲ့သည်။ 
 
ရန်ကုန်ဆေးရုံကြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည်တစ်နာရီကြာ လေ့လာ ကြည့်ရှုခဲ့ပြီး ဆေးရုံမှ တာဝန်
ရှိသူတို့က သစ်ခွပန်း ပန်းချီကား လက်ဆောင်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
 
Popular Myanmar News:
 
 

0 comments:

Post a Comment