Pages

Monday, September 30, 2013

ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ

Photo: ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ
Monday, September 30, 2013

စနေနေ့က ဆစ်ဒနီတွင် ဂျိုလီသည် သူမနှင့် ဘရတ်ပစ်တ်တို့၏ ကလေး(၆)ဦးအနက်(၃)ဦးကို ခေါ်ယူကာ ဈေးဝယ်ထွက်နေခဲ့သည်
ကို တွေ့ရှိရ

ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ
အန်ဂျလီနာ ဂျိုလီအနေဖြင့် ဒါရိုက်တာအဖြစ် သူမတာဝန်ယူထားသော Unbroken ဇာတ်ကား ရိုက်ကွင်းများကို ခေတ္တကျောခိုင်းကာ ကလေးများနှင့်အတူ ဩစတြေးလျတွင် အေးအေးလူလူ အချိန်ပေး အနားယူနေခဲ့ကြောင်း သိရသည်။ စနေနေ့က ဆစ်ဒနီတွင် ဂျိုလီသည် သူမနှင့် ဘရတ်ပစ်တ်တို့၏ ကလေး(၆)ဦးအနက် (၃)ဦးကို ခေါ်ယူကာ ဈေးဝယ်ထွက်နေခဲ့သည်ကို တွေ့ရှိရသည်။ အသက်(၃၈)နှစ်ရှိ မင်းသမီးနှင့်အတူ (၉)နှစ်အရွယ် ပက်စ်၊ (၈)နှစ်အရွယ် ဇာဟာရာနှင့် (၇)နှစ်အရွယ် ရှာလိုတို့က ပျော်ရွှင်စွာ လိုက်ပါလာကြသည်။ 

ဂျိုလီတို့ သားအမိ (၄)ဦးသည် Bondi Junction ဈေးဝယ်စင်တာတွင် ကလေးများနှင့်အတူ လည်ပတ်ခဲ့သလို နေ့လယ်ပိုင်းတွင် Great Moscow ဆက်ကပ်ပွဲသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ဂျိုလီသည် In the Land of Blood and Honey ဇာတ်ကားအပြီး ဒုတိယမြောက် ဇာတ်ကားတစ်ခုကို ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ဆစ်ဒနီတွင် ရုပ်ရှင်ရိုက်နေခြင်း ဖြစ်သည်။ Unbroken ဇာတ်ကားသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ပစိဖိတ်တွင် လေယာဉ်ပျက်ကျပြီး အသက်ရှင်ခဲ့သည့် အိုလံပစ် အားကစားသမား တစ်ဦး၏ ရုန်းကန်ဖြတ်သန်းရမှုကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။ 

ဂျိုလီနှင့် ကလေးများမှာ ဩစတြေးလျသို့ ရောက်ရှိနေချိန်တွင် သူမ၏ချစ်သူ ပစ်တ်မှာမူ ဗြိတိန်တွင် အလုပ်များလျှက် ရှိသည်။ ပစ်တ်သည်လည်း ဒုတိယကမ္ဘာစစ် နောက်ခံ ဇာတ်ကားတစ်ခုဖြစ်သော Furyတွင် ပါဝင်သရုပ်ဆောင်လျှက် ရှိသည်။ ယင်းဇာတ်ကားသည် စစ်ကြီး ပြီးဆုံးခါနီး နောက်ဆုံးနေ့ရက်များတွင် အမှုထမ်းခဲ့သည့် ရှားမန်းတင့်ကား တစ်စင်းအတွင်းမှ စစ်မှုထမ်းများ၏ အတွေ့အကြုံကို ရိုက်ကူးထားခြင်းဟု သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: September 30, 2013

ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ
အန်ဂျလီနာ ဂျိုလီအနေဖြင့် ဒါရိုက်တာအဖြစ် သူမတာဝန်ယူထားသော Unbroken ဇာတ်ကား ရိုက်ကွင်းများကို ခေတ္တကျောခိုင်းကာ ကလေးများနှင့်အတူ ဩစတြေးလျတွင် အေးအေးလူလူ အချိန်ပေး အနားယူနေခဲ့ကြောင်း သိရသည်။စနေနေ့က ဆစ်ဒနီတွင် ဂျိုလီသည် သူမနှင့် ဘရတ်ပစ်တ်တို့၏ ကလေး(၆)ဦးအနက် (၃)ဦးကို ခေါ်ယူကာ ဈေးဝယ်ထွက်နေခဲ့သည်ကို တွေ့ရှိရသည်။ အသက်(၃၈)နှစ်ရှိ မင်းသမီးနှင့်အတူ (၉)နှစ်အရွယ် ပက်စ်၊ (၈)နှစ်အရွယ် ဇာဟာရာနှင့် (၇)နှစ်အရွယ် ရှာလိုတို့က ပျော်ရွှင်စွာ လိုက်ပါလာကြသည်။

ဂျိုလီတို့ သားအမိ (၄)ဦးသည် Bondi Junction ဈေးဝယ်စင်တာတွင် ကလေးများနှင့်အတူ လည်ပတ်ခဲ့သလို နေ့လယ်ပိုင်းတွင် Great Moscow ဆက်ကပ်ပွဲသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ဂျိုလီသည် In the Land of Blood and Honey ဇာတ်ကားအပြီး ဒုတိယမြောက် ဇာတ်ကားတစ်ခုကို ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ဆစ်ဒနီတွင် ရုပ်ရှင်ရိုက်နေခြင်း ဖြစ်သည်။ Unbroken ဇာတ်ကားသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ပစိဖိတ်တွင် လေယာဉ်ပျက်ကျပြီး အသက်ရှင်ခဲ့သည့် အိုလံပစ် အားကစားသမား တစ်ဦး၏ ရုန်းကန်ဖြတ်သန်းရမှုကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။

ဂျိုလီနှင့် ကလေးများမှာ ဩစတြေးလျသို့ ရောက်ရှိနေချိန်တွင် သူမ၏ချစ်သူ ပစ်တ်မှာမူ ဗြိတိန်တွင် အလုပ်များလျှက် ရှိသည်။ ပစ်တ်သည်လည်း ဒုတိယကမ္ဘာစစ် နောက်ခံ ဇာတ်ကားတစ်ခုဖြစ်သော Furyတွင် ပါဝင်သရုပ်ဆောင်လျှက် ရှိသည်။ ယင်းဇာတ်ကားသည် စစ်ကြီး ပြီးဆုံးခါနီး နောက်ဆုံးနေ့ရက်များတွင် အမှုထမ်းခဲ့သည့် ရှားမန်းတင့်ကား တစ်စင်းအတွင်းမှ စစ်မှုထမ်းများ၏ အတွေ့အကြုံကို ရိုက်ကူးထားခြင်းဟု သိရှိရသည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment