Pages

Friday, July 5, 2013

ဘာသာရေး အစွန်းရောက် အကြမ်းဖက်များ လက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရသည့် မိတ္တီလာ ဗလီများ ပြန်ဖွင့်နိုင်ရေးအတွက် စာတင်

ဇူလိုင် ၄၊ ၂၀၁၃

မကြာမှီ ကာလအတွင်း အစ္စလာမ် ဘာသာဝင်များ ဥပုဒ်စောင့်သည့် ကာလ ရောက်ရှိတော့မည် ဖြစ်သဖြင့် မန္တလေးမြို့ရှိအစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက ထပ်ဆင့်ထောက်ခံပြီး မိတ္တီလာမြို့တွင် အကြမ်းဖက်ဖျက်

ဆီး ခံထားရသည့်ဗလီဝတ်ကျောင်းတော် များအား ပြန်လည် ဖွင့်လှစ်ပေးနိုင်ရန် အာဏာပိုင်များထံ တောင်း
ဆိုစာကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အထက်ပါ ရည်ညွန်းစာကို မိတ္တီလာမြို့နယ် အိုလမာ အဖွဲ့ခွဲက ၂၈.၆.၂၀၁၃ ပါရက်စွဲပါ ရက်စွဲဖြင့် ထုတ်ပြန်
ထားခဲ့သည့် စာအား မန္တလေးမြို့ရှိ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက ထပ်ဆင့်ထောက်ခံပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့များထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ငါးတွေပာာရေထဲမှာ နေရသလို၊ ရေမရှိရင် ငါးသည် နေလို့မရသလို၊ ဗလီမရှိဘူးဆိုရင်လည်း မွတ်စ်လင်မ်က

နေလို့မရဘူး"ပာုK.A.F.T.G ဃာရာနာအဖွဲ့ချုပ်မှခလီဖွှာပာ်ဦးသိန်းဝင်းအောင်ကအထက်ပါအတိုင်း တောင်း
ဆိုရခြင်း၏ အဓိက အချက်ကို မြန်မာမွတ်စ်လင်မ် မီဒီယာသို့ပြောသည်။

ယခုနှစ်မတ်လတွင်ဖြစ်ပွားခဲ့သည့်မိတ္တီလာမြို့တွင်အစ္စလာမ်ဘာသာဝင်များအား ဘာသာရေးအစွန်းရောက်

ဗုဒ္ဓဘာသာ အကြမ်းဖက်များက မြို့လုံးကျွတ် သတ်ဖြတ် မီးရှို့မှုများ ပြုလုပ်ခဲ့ပြီး သာယာကုန်းဗလီ တစ်လုံးမှ အပ ကျန် ဗလီ ၀တ်ကျောင်းတော် များအားလုံး ဖျက်ဆီးခံခဲ့ရသည်။

မိတ္တီလာမြို့တွင် ဖျက်ဆီးမခံရသည့် တစ်ခုတည်းသော အစ္စလာမ့် ဘာသာရေး အဆောက်အအုံ ဖြစ်သည့် သာယာကုန်း ဗလီကိုလည်း အာဏာပိုင်များက အသုံးပြုခွင့် ပိတ်ပင် ထားခဲ့ရာမှ လွန်ခဲ့သည့် ဇွန်လ ၂၅ ရက်

နေ့တွင် တရားဝင်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ၁ ရက် အကြာတွင် လက်မှတ်ထိုး တောင်းဆိုမှုကြောင့် ပာုဆိုကာ ပြန်
လည် ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

"အဖျက်မခံရတဲ့သာယာကုန်းဗလီကိုဗုဒ္ဓဘာသာဝင်တချို့ကလက်မှတ်ထိုးကန့်ကွက်လို့ဆိုပြီး အစိုးရက ပိတ်

ထားတယ်။ သူတို့ ဘုရားတွေကို ကျွန်တော်တို့က လက်မှတ်ထိုး တင်ရင်ရော ပိတ်ပေးမှာလား" ပာု သာယာ
ကုန်း ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောသည်။

မိတ္တီလာမြို့တွင် ဗလီဝတ်ကျောင်းတော် ၁၃ လုံးရှိသည့်အနက်သာယာကုန်း ဗလီ ၀တ်ကျောင်းတော်မှ အပ

အခြား ဗလီဝတ်ကျောင်းတော်များကို ဗုဒ္ဓဘာသာ အကြမ်းဖက် သမားများက ဖျက်ဆီးခဲ့ရာတွင် ၀တ်ကျောင်း
တော် ၂ လုံးမှာ လုံးဝ ပြိုကျသည် အထိ ဖျက်ဆီးခံခဲ့ရသည်။

မီးရှို့တယ်၊လူသတ်တယ်၊ဖျက်ဆီးခံရတယ် ပြီးတော့ ဗလီတွေမှာတောင် နမားဇ်ဖတ်ခွင့် မရှိတော့ဘူးဆိုရင်

တော့ ကျွန်တော်တို့ပာာ အကြီးအကျယ် ခွဲခြားဆက်ဆံခံရတာပဲ"ပာု ခလီဖွာ ဦးစိုးမြင့်အောင်က သူ၏ အမြင်
ကို မြန်မာမွတ်စ်လင်မ်မီဒီယာသို့ပြောသည်။

ယခုနှစ်အတွက် ဇူလိုင်လ ပထမပတ်အတွင်းတွင် အစ္စလာမ် ဘာသာဝင်များ၏ ဥပုဒ်လ ကျရောက်မည် ဖြစ်

သည်။

Myanmar Muslim Media ,  RangonNewsDaily
kolatt(PBDN): 5.7.2013

0 comments:

Post a Comment