Pages

Tuesday, January 8, 2013

ဖေ့စ်ဘုတ်ပေါ် status ရေးတင်ခြင်းက အထီးကျန်မှုကို လျော့ချနိုင်

ဖေ့စ်ဘုတ်ပေါ် status ရေးတင်ခြင်းက အထီးကျန်မှုကို လျော့ချနိုင်
-------------------------------------------------------------------
ဖေ့စ်ဘုတ်မှာ status update ရေးတင်လိုက်တာကို မည်သူတဦးကမှ ဂရုမစိုက် like နဲ့ ကွန်မင့် မလုပ်ရင်ခဲ့ရင်တောင်မှ မိမိဟာ လူ့အသိုင်းအ၀ိုင်းနဲ့ ပိုဆက်သွယ်မိသလို ခံစားမိစေကြောင်း သုတေသနပြုမှုတစ်ခုက ရှာဖွေတွေ့ခဲ့ပါတယ်။

ဘာလင်တက္ကသိုလ် (Universitat Berlin) မှ သုတေသနလုပ်ခဲ့ပြီး အမေရိကန် အရီဇိုးနားတက္ကသိုလ် က ကျောင်းသား ၁၀၀ ပါဝင်စမ်းသပ်ခဲ့ပါတယ်။ သူတို့ကို အုပ်စု၂စုခွဲပြီး တဖွဲ့ကို ခါတိုင်းပုံမှန်ထက် ဖေ့စ်ဘုတ်မှာ ပို့စ်များများ တင်ခိုင်းပြီး ကျန်တဖွဲ့ control group ကိုတော့ ပုံမှန်ပဲတင်ခိုင်းပါတယ်။ တပတ်ကြာပြီးတဲ့နောက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို လေ့လာကြည့်တဲ့အခါ ပို့စ်များများတင်တဲ့ ကျောင်းသားအုပ်စု က အစတုန်းကလိုပဲ ပျော်ရွှင်တက်ကြွသူက နဂိုအတိုင်းဖြစ်နေပြီး စိတ်ဓာတ်ကျနေသူ ကလည်း နဂိုအတိုင်း ဖြစ်နေကာ မပြောင်းလဲဘဲ ရှိနေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ပို့စ်များများတင်သူတွေက control group ထက် အထီးကျန်ခံစားမှု ပိုနည်းပါးသွားပြီး လူတွေနဲ့ထိတွေ့ ဆက်သွယ်မိတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်မိကြောင်း ဒီလိုခံစားမှုက မိမိရဲ့ပို့စ်များကို အခြားသူများက like နဲ့ ကွန်မင့်များ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မသက်ဆိုင်ကြောင်း သိရပါတယ်။

အထက်ပါတွေ့ရှိချက်ကို ပညာရှင်များက သရေစာ စားလိုက်ခြင်းဖြင့် ထမင်းမစားခင်ကြား အစာငတ်တာကို ယာယီထိန်းချုပ်နိုင်သလို နဲ့ နှိုင်းယှဉ်ရှင်းပြပါတယ်။ တကယ့်ပြင်ပ လူ့အသိုင်းအ၀ိုင်း နဲ့ ထိတွေ့ဆက်ဆံမှု မရှိပေမဲ့လည်း social snacking လို့ခေါ်နိုင်တဲ့ ဖေ့စ်ဘုတ်မှာ အလွယ်တကူ status update ရေးတာကလည်း အချိန်အတိုင်းအတာ တခုထိ အထီးကျန်ဆန်မှုကို လျော့နည်းစေကောင်း စေလိမ့်မယ်လို့ ဘာလင်တက္ကသိုလ်အသင်းရဲ့ Social Psychological and Personality Science စာစောင်မှာ ရေးသားထားပါတယ်။ (Ref; Mashabel)

အေးချမ်းမွန်မှ   Myanmar1 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဖေ့စ်ဘုတ်မှာ status update ရေးတင်လိုက်တာကိုမည်သူတဦးကမှဂရုမစိုက် like နဲ့ကွန်မင့် မလုပ်ရင်ခဲ့ရင်
တာင်မှ မိမိဟာ လူ့အသိုင်းအ၀ိုင်းနဲ့ ပိုဆက်သွယ်မိသလို ခံစားမိစေကြောင်း သုတေသနပြုမှုတစ်ခုက ရှာ
ဖွေတွေ့ခဲ့ပါတယ်။ ဘာလင်တက္ကသိုလ်(Universitat Berlin)မှသုတေသနလုပ်ခဲ့ပြီးအမေရိကန်အရီဇိုးနားတက္ကသိုလ်က ကျောင်း
သား ၁၀၀ ပါဝင်စမ်းသပ်ခဲ့ပါတယ်။ သူတို့ကို အုပ်စု၂စုခွဲပြီး တဖွဲ့ကို ခါတိုင်းပုံမှန်ထက် ဖေ့စ်ဘုတ်မှာပို့စ်များ
များ တင်ခိုင်းပြီး ကျန်တဖွဲ့ control group ကိုတော့ ပုံမှန်ပဲတင်ခိုင်းပါတယ်။ တပတ်ကြာပြီးတဲ့နောက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို လေ့လာကြည့်တဲ့အခါ ပို့စ်များများတင်တဲ့ ကျောင်းသားအုပ်စု က အစတုန်းက
လိုပဲ ပျော်ရွှင်တက်ကြွသူကနဂိုအတိုင်းဖြစ်နေပြီးစိတ်ဓာတ်ကျနေသူကလည်းနဂိုအတိုင်း ဖြစ်နေကာမပြောင်း
လဲဘဲ ရှိနေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ပို့စ်များများတင်သူတွေက control group ထက် အထီးကျန်ခံစားမှုပိုနည်းပါးသွားပြီးလူတွေနဲ့ထိတွေ့ 
ဆက်သွယ်မိတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်မိကြောင်း ဒီလိုခံစားမှုက မိမိရဲ့ပို့စ်များကို အခြားသူများက like နဲ့ ကွန်မင့်
များ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မသက်ဆိုင်ကြောင်း သိရပါတယ်။

အထက်ပါတွေ့ရှိချက်ကို ပညာရှင်များက သရေစာ စားလိုက်ခြင်းဖြင့် ထမင်းမစားခင်ကြား အစာငတ်တာကို ယာယီထိန်းချုပ်နိုင်သလို နဲ့ နှိုင်းယှဉ်ရှင်းပြပါတယ်။ တကယ့်ပြင်ပ လူ့အသိုင်းအ၀ိုင်း နဲ့ ထိတွေ့ဆက်ဆံမှု မရှိ
ပေမဲ့လည်း social snackingလို့ခေါ်နိုင်တဲ့ ဖေ့စ်ဘုတ်မှာအလွယ်တကူStatus update ရေးတာကလည်း အချိန်
အတိုင်းအတာ တခုထိ အထီးကျန်ဆန်မှုကို လျော့နည်းစေကောင်း စေလိမ့်မယ်လို့ ဘာလင်တက္ကသိုလ်အ
သင်းရဲ့ Social Psychological and Personality Science စာစောင်မှာ ရေးသားထားပါတယ်။ (Ref; Mashabel)
 
 
Myanmar1 

0 comments:

Post a Comment