Pages

Tuesday, January 8, 2013

ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(Yangon City Public Transport Authority)ကို ဖွဲ့စည်းထားပြီဖြစ်

ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(Yangon City Public Transport Aut
hority)ကို အငြိမ်းစားသံအမတ်ကြီးများ၊သယ်ယူပို့ဆောင်ရေးဆိုင်ရာကျွမ်းကျင်သူများနှင့်ပါဝင်ဖွဲ့စည်းထား
ကြာင်း အဆိုပါအဖွဲ့ အတွင်းရေးမှူးဖြစ်သူရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်း
ရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။ အဆိုပါအဖွဲ့အား နိုင်ငံတော်သမ္မတရုံးမှ ဇန်န၀ါရီ ၇ ရက်တွင် ထုတ်ပြန်ဖွဲ့စည်းခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဦးကြည်
သိန်း (သံအမတ်ကြီးအငြိမ်းစား) အပါအ၀င် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသည်။

"ဒီအဖွဲ့ကို ဖွဲ့လိုက်တာပဲ သိပါသေးတယ်။ အသေးစိတ်အချက်တွေ ဘာမှမသိရသေးတဲ့အတွက် ဘာတွေ
လုပ်ဆောင်မယ်။ ဘယ်လိုမူဝါဒတွေ ချမှတ်မယ်ဆိုတာ အခုချိန်မှာ မပြောနိုင်သေးပါဘူး"ဟု ဦးလှအောင်က
ဆိုသည်။

ရန်ကုန်မြို့အတွင်း ဖြစ်ပေါ်နေသော ယာဉ်ကြောကြပ်တည်းမှု၊ ယာဉ်တိုက်ခိုက်မှု၊ သယ်ယူပို့ဆောင်ရေးစနစ် အစရှိသည့် ကိစ္စရပ်များကို ကွင်းဆင်းလေ့လာ၍ နည်းလမ်းများ ရှာဖွေတင်ပြခြင်း၊ သွားလာပို့ဆောင်ရေးနှင့် ပတ်သက်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာစေလျက်တရားဥပဒေစိုးမိုးရေးအတွက်တိုင်းဒေသ
ကြီးအစိုးရအားအထောက်အကူပေးခြင်း၊ကုန်းလမ်း၊ ရထား၊ ရေယာဉ်နှင့် အခြားပို့ဆောင်ရေးလုပ်ငန်းများ
အဆင်ပြေချောမွေ့အောင် စီမံခန့်ခွဲခြင်းစသည့်လုပ်ငန်းများကိုအဆိုပါအဖွဲ့မှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းအဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တာဝန်ခံ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆက်စပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဟုဆိုသည်။
 

7Day News Journal
 

0 comments:

Post a Comment