Pages

Tuesday, August 2, 2022

တောင်ဒဂုံတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖွင့်ရန်လာသည့် ရာအိမ်မှူး သေနတ်ဖြင့်ပစ်ခတ်ခံရ



RangonNewsDaily::August 2, 2022

တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှာ အောက်တိုဘာ ၁ရက် ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဖွင့်ဖို့လာတဲ့ ရာအိမ်မှုးတဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် ဇီဇဝါလမ်းနဲ့ဇီဇဝါ ၂ လမ်းထောင့်မှာ ရာအိမ်မှူး ဦးကျော်ကျော်နိုင်ကို ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

“သေနတ်သံလေးချက်လောက် ကြားရတယ်၊ သူက ဘေးတွဲဆိုင်ကားမောင်းလာတာ၊ ဇီဇဝါ ၂ လမ်းမှာ အပစ်ခံရတာ၊ အခုတော့ ရဲတွေရော စစ်တပ်ရော ရောက်နေပြီ။”

ဘေးတွဲဆိုင်ကယ် မောင်းနှင်လာတဲ့ ရာအိမ်မှူးဖြစ်သူကို ဆိုင်ကယ်စီးလာသူ အမည်မသိအမျိုးသားနှစ်ဦးက အနောက်ကနေ ပစ်ခတ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“သေနတ်နဲ့ လေးချက်ပစ်တာ နှစ်ချက်ထိတယ်။ ရင်ဘတ်တွေချည်းပဲ စိုးရိမ်ရတယ်၊ အခုဆေးရုံမှာ” လို့ ပြောပါတယ်။
လက်တလောမှာ တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးနဲ့ ဇီဇဝါလမ်းဆုံမှာ စစ်သား နဲ့ ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနေ့ကလည်း တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက် နတ်စင်မှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ YBS ကားစောင့်နေသူခရီးသည်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်ကလည်း တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှာ သတင်းပေးဒလန်လို့ နာမည်ကြီးနေသူ သန့်ဇင်ဦး ဆိုသူနဲ့ တပည့်ဖြစ်သူ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။

0 comments:

Post a Comment