Pages

Thursday, August 4, 2022

အဆိုတော် အီတိုးကို စစ်ကောင်စီက ထောင် ၃ နှစ်ချ



RangonNewsDaily::August 4, 2022

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီးမှ ထပ်မံဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅-က တရားရင်ဆိုင်နေရတဲ့ အဆိုတော် အီတိုးကို ဒီကနေ့သြဂုတ် ၄ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကအတည်ပြုပြောပါတယ်။
အဆိုတော် အီတိုးကို ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်မှာ လက်လုပ်မိုင်းပြုလုပ်တဲ့သူတွေကိုဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ အဆိုတော်အီတိုးကိုဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်မြောက်လာတာဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်မှာတော့ စစ်ကောင်စီကအီတိုးကို နေအိမ်ကနေ ထပ်မံဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးပြီးနောက်ပိုင်းမှာတော့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုပြီး အခုလို ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

0 comments:

Post a Comment