Pages

Friday, April 4, 2014

တရုတ်နိုင်ငံ အရှေ့မြောက်ဘက်တွင် ဥမင်လိုဏ်ခေါင်း ပြိုကျ ၁၂ ဦးပိတ်မိ

RangonNewsDaily: April . 4 .2014
တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ကျီလင်း ပြည်နယ်၌ ဧပြီ ၂ ရက် အစောပိုင်းတွင် ဆောက်လုပ်ဆဲ ဖြစ်သော မြန်နှုန်းမြင့် မီးရ
ထားလမ်း ဥမင်လိုဏ်ခေါင်း တစ်ခု ပြိုကျမှုကြောင့် ၄င်းဥမင် လိုဏ်ခေါင်း အတွင်း၌ လုပ်သား ၁၂ ဦး ပိတ်မိခဲ့ကြောင်း ဒေသတွင်းရှိ အာဏာပိုင် များက ပြောကြားခဲ့သည်။

၎င်းဥမင် လိုဏ်ခေါင်း ပြိုကျမှုသည် လုပ်သားများက ဒေသစံတော်ချိန် နံနက် ၂ နာရီ ဝန်းကျင်က ဟန်ချွမ်မြို့ရှိ ဥမင်လိုဏ်ခေါင်းကို တောင့်တင်း ခိုင်မာစေရန် ကွန်ကရစ်လောင်း နေစဉ် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

(ဆင်ဟွာ) , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment