Pages

Friday, April 4, 2014

ယူကရိန်းကို ဒေါ်လာတစ်ဘီလီယံ ကူညီရန်နှင့် ရုရှားကို ပိတ်ဆို့အရေးယူရန် အမေရိကန်ကွန်ဂရက် အတည်ပြု


RangonNewsDaily: April . 4 .2014
ယူကရိန်း အစိုးရသစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကူညီရန်နှင့် ကရိုင်းမီးယားဒေသကို ဝင်ရောက် တပ်များအခြေချ
ထားသော ရုရှားကို စီးပွားရေး ပိတ်ဆို့ အရေးယူရန်အတွက် အမေရိကန် ကွန်ဂရက်၏ အတည်ပြုချက်ကို ရယူခဲ့ရာ လွယ်လင့်
တကူပင် အတည်ပြုလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဆီးနိတ်လွှတ်တော်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း သဘောတူညီခဲ့ပြီးသည့် နောက်တွင် ကွန်ဂရက် လွှတ်တော်ကပါ အတည်ပြု
ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ရုရှားကို အရေးယူ ပိတ်ဆို့ရန်နှင့် ယူကရိန်း လက်ရှိအစိုးရသစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့ရေးကိစ္စ

ကို သမ္မတအိုဘားမား အတည်ပြု လက်မှတ်ရေးထိုးရန်သာ ကျန်တော့သည်။

“အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက ယူကရိန်း ပြည်သူတွေ လိုအပ်နေတဲ့ အချိန်မှာ သူတို့နဲ့ တစ်သားတည်း ထောက်ခံခဲ့ခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနာက ပြောကြားခဲ့ကာ အိုဘားမား၏ လုပ်ဆောင်ချက် များကိုလည်း စောင့်ကြည့်နေမည်ဟု ပြောကြားခဲ့သည်။


ယူကရိန်းနှင့် NATO မဟာမိတ်များကို လုံခြုံရေးဆိုင်ရာ အကူအညီများ ပေးနေခြင်းကို သုံးသပ်မြှင့်တင်မှုများ လုပ်ဆောင်ရန်၊ ဥရောပတွင် ရုရှား၏ ကြီးစိုးနေမှုကို လျှော့ချနိုင်စေရေးအတွက် အမေရိက၏ စွမ်းအင် ထောက်ပို့မှုများကို တိုးချဲ့ရန် စသည်တို့ကို ရှေ့ဆက် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“သမ္မတအိုဘားမား အနေနဲ့လည်း ယူကရိန်း ပြည်သူတွေကို စီးပွားရေးအရ ပြန်လည် တည်ငြိမ်ဖို့၊ ကြွယ်ဝ တိုးတက်မှုတွေ ပိုမိုရှေ့ဆက်နိုင်စေဖို့အတွက် လုပ်ဆောင်ပေးတဲ့ လမ်းကြောင်းကို ကြိုဆိုပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဂျေးကာနီက ပြောကြားခဲ့သည်။

ယူကရိန်းတွင် ယခင်သမ္မတဟောင်း ဗစ်တာယာနူကိုဗစ်ခ်ျ လက်ထက်က ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် သဘောတူညီချက်ကို အစိုးရက ပယ်ဖျက်ခဲ့ပြီး နောက်ပိုင်းတွင် လမ်းမပေါ် ဆန္ဒပြပွဲကြီးများ ကြီးမားစွာ ဖြစ်ပွားခဲ့ပြီး ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျသွားခဲ့သည်။

ရုရှားက ယူကရိန်းနိုင်ငံထဲရှိ ရုရှားလူမျိုးများကို ကာကွယ်ရန်ဟု အကြောင်းပြဆိုကာ ကရိုင်းမီးယား ဒေသကို စစ်အင်အားများဖြင့် ဝင်ရောက်ခဲ့သည်။

ရုရှားစစ်စခန်းများ ရှိနေသော ကရိုင်းမီးယားဒေသသည် ယူကရိန်းမှ ခွဲထွက်ပြီး ရုရှားဘက်သို့ ပူးပေါင်းရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲ တစ်ခုလည်း ကျင်းပခဲ့ပြီး ယင်းဆန္ဒခံယူပွဲတွင် ရုရှားဘက်ပေါင်းရေးက ၉၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရခဲ့သည်။

ကုလသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများက ယူကရိန်း ကရိုင်းမီးယား ပြည်သူ့ဆန္ဒခံယူပွဲကို တရားဝင် လက်မခံနိုင်ကြောင်း ပြောကြားထားသည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment