Pages

Friday, April 4, 2014

တရုတ်ပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြပွဲ အကြမ်းဖက်မှုအဖြစ် ပြောင်းလဲ


RangonNewsDaily: April . 4 .2014
တရုတ်နိုင်ငံတောင်ပိုင်း ဂွန်ဒေါင်း ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြပွဲတစ်ရပ်မှာအကြမ်းဖက်မှု
အဖြစ် ပြောင်းလဲသွားခဲ့ပြီး အာဏာပိုင်များက ပြင်းထန်သော ရာဇဝတ်မှုအဖြစ် သတ်မှတ် ခေါ်ဝေါ်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ပါရာဆိုက်လင်း ထုတ်လုပ်မည့် ရေနံဓာတုစက်ရုံ စီမံကိန်းကို ဂွန်ဒေါင်း မာအိုမင်းဒေသခံ ၁၀၀၀ ကျော်က တနင်္ဂနွေနေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲမှတစ်ဆင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာသဖြင့် ဆန္ဒပြသမားများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်
ခဲ့ပြီး အင်္ဂါနေ့တွင် ဆန္ဒပြမှုများမှာ ပြည်နယ် ဂွန်ကျိုးမြို့တော်အထိ ပျံ့နှံ့သွားခဲ့သည်။

တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများ ဖြစ်ပွားလေ့မရှိဘဲ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုသည် တရားမဝင်ကြောင်း BBC သတင်းတွင် ဖော်ပြထား

သည်။

မာအိုမင်းဒေသတွင် ဖြစ်ပွားနေသည့် ဆန္ဒပြပွဲတွင် ရဲများနှင့် ဆန္ဒပြသမားများ ပဋိပက္ခဖြစ်နေပြီး ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး

များ၊ နံပါတ်တုတ်များ အသုံးပြုလျက်ရှိကာ ဆန္ဒပြသမားများစွာ ထိခိုက်ဒဏ်ရာ ရရှိနေသည့်ပုံများ တရုတ်လူမှုရေး မီဒီယာများတွင် တွေ့နေရသည်။

“တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ ဆန္ဒပြသမား အနည်းငယ်က ယာဉ်အသွားအလာတွေကို နှောင့်ယှက်ခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီး မကြာမီ သူတို့ကို ဖယ်ရှားခဲ့ပါတယ်” ဟု မာအိုမင်းအစိုးရ ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုများကိုဆိုးရွားသောချိုးဖောက်မှု ဖြစ်သည်ဟုမာအိုမင်း အစိုးရအဖွဲ့က ခေါ်ဆိုလိုက်ပြီးအစိုး


အဖွဲ့ကို ယုံကြည်ရန်နှင့် ဥပဒေမဲ့ လုပ်ဆောင်သူများကို ပဋိပက္ခများ ဖြစ်ပွားအောင် လုပ်ဆောင်ခွင့် မပေးရန် တိုက်တွန်းလိုက်သည်။

ထို့အပြင် စက်ရုံစီမံကိန်းနှင့် ပတ်သက်၍ အချိန်သတ်မှတ်ရခြင်း မရှိသေးဘဲ ပြည်သူများကို မတိုင်ပင်ဘဲ ဆောက်လုပ်မည် မဟုတ်ဟု ထုတ်ပြန်လိုက်သည်။

ဆန္ဒပြပွဲများတွင် သေဆုံးသူ တစ်ဦးမျှမရှိဟု အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း ထိခိုက်သူမည်မျှ ရှိကြောင်း ထုတ်ပြန်မှု မရှိပေ။

သို့သော်လည်း တရုတ် အစိုးရအဖွဲ့က မာအိုမင်း ဆန္ဒပြသမားများကို အင်အားအလွန်အကျွံ သုံးခဲ့သည်ကို ဓာတ်ပုံများနှင့် တွေ့ရှိချက်များက ဖော်ပြနေကြောင်း၊ အာဏာပိုင်များ အနေနှင့် လက်ရှိဖြစ်ရပ်များကို လျင်မြန်စွာ စစ်ဆေးသွားရမည် ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Human Rights Watch မှ တရုတ်ညွန်ကြားရေးမှူး Sophie က ပြောကြားသည်။

သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်နေသည့် ဆန္ဒပြမှုများမှာ တရုတ်နိုင်ငံတွင် ပိုမိုဖြစ်ပွားနေပြီး အင်တာနက် အသုံးပြုကာ သတင်းများ၊ ဓာတ်ပုံများ ချက်ချင်း ဖြန့်ဝေမှုများကြောင့် အာဏာပိုင်များမှာ အံ့အားသင့်နေကြောင်း ရှန်ဟိုင်းမြို့ရှိ BBC သတင်းထောက်က ပြောကြားသည်။

တရုတ်နိုင်ငံတွင်း ဖြစ်ပွားနေသည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြမှုများမှာ ပါရာဆိုက်လင်း (ပလတ်စတစ်ဘူးများနှင့် Polyster ထုတ်ရာတွင်သုံး) ထုတ်လုပ်သည့် စက်ရုံများအရေးနှင့် အဓိက ပတ်သက်နေပြီး ယင်းစက်ရုံစီမံကိန်း ဖျက်သိမ်းရမှု၊ ရွှေ့ဆိုင်းရမှုများ ပေါ်ပေါက်လျက် ရှိသည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment