Pages

Friday, April 4, 2014

မွန်ပြည်နယ်သို့ ပြည်ပခရီးသွား ဝင်ရောက်မှု တစ်လနှစ်သောင်းတိုးလာ

RangonNewsDaily: April . 4 .2014
မွန်ပြည်နယ်အတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုသည် ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ မြင့်တက်လာပြီး တစ်လနှစ်သောင်းဝန်း
ကျင် ဝင်ရောက်လျက် ရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းထံမှ သိရသည်။၂၀၁၃ ခုနှစ်က တစ်နှစ်အတွင်း
 လာရောက် လည်ပတ်သူ ပြည်ပခရီးသွားဦးရေ တစ်သိန်းကျော်အထိ ရှိခဲ့သော်လည်း ၂၀၁၄ ခုနုစ် ဇန်နဝါရီလမှ မတ်လကုန်အထိ သုံးလအတွင်းခရီးသွားဦးရေ ခြောက်သောင်းဝန်းကျင်အထိ ဝင်ရောက်ထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာ
ရေး လုပ်ငန်းမှ တာဝန်ရှိသူ ဦးစိုးပိုင်က ပြောကြားသည်။
“ဒီနှစ် မွန်ပြည်နယ်ကိုလာတဲ့ ခရီးသွား ဧည့်သည်တွေက မနှစ်ကထက် ပိုများတယ်။ လာတဲ့ ခရီးသွားတွေကလည်း အထူးသဖြင့် ကျိုက်ထီးရိုး သွားတာများတယ်။ ပြီးတော့ မွန်ပြည်နယ်က လည်စရာ တခြားမြို့တွေ သွားကြတယ်။ ဒီနှစ်မှာ နှစ်ဆတိုးလာမယ်လို့ မှန်းထားတယ်” ဟု ၎င်းကပြောကြားသည်။

မွန်ပြည်နယ် အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားများသည် ရန်ကုန်မှတစ်ဆင့် ကားလမ်းဖြင့် ဝင်ရောက်လာသူများ ရှိသကဲ့သို့ နယ်စပ်ဝင်ပေါက်များ ဖြစ်သည့် မဲဆောက်-မြဝတီလမ်း၊ ထားဝယ် ထီးခီးနယ်စပ်လမ်း၊ မောတောင်၊ ကော့သောင်းလမ်းများမှ တစ်
ဆင့် ဝင်ရောက် လာသူများလည်း ရှိကြောင်း သိရသည်။

လက်ရှိမှာ ထိုင်းနိုင်ငံမှတစ်ဆင့် မွန်ပြည်နယ်သို့ နိုင်ငံခြား ခရီးသွားများ အလွယ်တကူ ဝင်လာနိုင်သည့် Nok Air ထိုင်းလေကြောင်း

လိုင်း ပြေးဆွဲမှု ရပ်နားလိုက်သော်လည်း မွန်ပြည်နယ် ခရီးသွား ဝင်ရောက်မှုအတွက် ထိခိုက်မှု မရှိသေးကြောင်း ဦးစိုးပိုင်က ပြော
ကြားသည်။

“ဘုရားသုံးဆူ ကားလမ်းသာ ပြီးသွားရင် ထိုင်းကနေတစ်ဆင့် မွန်ပြည်နယ်ကိုပိုပြီး အဝင်များလာမှာ” ဟု ၎င်းကပြောကြားသည်။
မွန်ပြည်နယ် အတွင်းသို့ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ပြည်ပခရီးသွားများ လာရောက် လည်ပတ်လျက် ရှိနေပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ ပြင်သစ်၊ တရုတ်၊ ဂျာမနီနှင့် အမေရိကန် စသည့်နိုင်ငံများမှ အများဆုံး လာရောက် လည်ပတ်ကြကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က မွန်ပြည်နယ်အတွင်း လာရောက် လည်ပတ်သူဦးရေ ၆၆,၇၈၈ ဦး ရှိသည့်အနက် ခြောက်သောင်းကျော်သည် ကျိုက်

ထီးရိုးစေတီသို့ လာရောက် လည်ပတ်သူများ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ခရီးသွားဦးရေ ၁၁၃,၁၅၃ ဦးအနက် ကျိုက်ထီးရိုးစေတီသို့ ရှစ်သောင်းကျော် လာရောက် လည်ပတ်ကြကြောင်း သိရသည်။

(Dawei Watch) , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment