Pages

Friday, April 4, 2014

သင်္ကြန်ကာလပြေးဆွဲမည့် ခရီးသည်တင် ယာဉ်လိုင်းနှင့် ရထားလိုင်းများ စာရင်းထုတ်ပြန်

RangonNewsDaily: April . 4 .2014
နှစ်သစ်ကူး သင်္ကြန်ကာလ အတွင်း ပြေးဆွဲရန် မြို့တွင်းပြေးဆွဲ သည့် ယာဉ်လိုင်းများနှင့် အဝေးပြေး ယာဉ်လိုင်းများစာရင်းအား မထသ (ဗဟို)ကထုတ်ပြန်လိုက်ပြီဖြစ်သည်၂၀၁၄ နှစ်သစ်ကူးသင်္ကြန် ကာလအတွင်း မြို့တွင်းပြေးဆွဲမည့် ယာဉ်လိုင်းစာရင်းများအ
ရ မြောက် ပိုင်းခရိုင်မှ ယာဉ်လိုင်းပေါင်း ကိုးလိုင်း ဖြင့် ၁၇၁ စီး၊ အရှေ့ပိုင်းခရိုင်မှ ယာဉ် လိုင်းပေါင်း ၁၀ လိုင်းဖြင့် ၁၆၅ စီး၊ မထသ (ရကတ)မှယာဉ်လိုင်းပေါင်း ၂၇ လိုင်းဖြင့် ၄၈၈ စီး၊
သန်မြန်သူမှ ယာဉ်လိုင်းပေါင်း ၁၅ လိုင်းဖြင့် ၃၀၆ စီး၊ တောင်ပိုင်းခရိုင်မှ ယာဉ်လိုင်း ပေါင်း ၉ လိုင်းဖြင့် ၅၇ စီး၊ ကန်္ဒရ ၀တီမှ ယာဉ်
လိုင်းပေါင်း ၃ လိုင်းဖြင့် ၁၇ စီး၊ရွှေမြင်းပျံမှ ယာဉ်လိုင်းတစ် လိုင်းဖြင့် ၈ စီး၊ အနောက်ပိုင်းခရိုင် မှယာဉ်လိုင်းပေါင်း ၃၉ လိုင်းဖြင့် ၄၁၆ စီးဖြစ်ကြောင်းသိရပြီး ယာဉ် လိုင်းအရေအတွက် ၁၁၃ လိုင်းမှ ယာဉ်အစီးအရေ ၁၆၂၈ စီးဖြင့် အများ ပြည်သူ အဆင်ပြေေ
ရေးအတွက် မြို့တွင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အဝေးပြေးယာဉ်လိုင်းမှ စည်းစိမ်ရှင်၊ မန်းရာဇာ၊ မန်္တလာမင်း ယာဉ်လိုင်းတို့မှ ရန်ကုန် -မန်္တလေး ခရီးစဉ်နှင့် ရန်ကုန်-နေပြည်တော်-မန်္တလေး-ပြင်ဦးလွင်ခရီးစဉ်များအရ ယာဉ်အစီးရေ သုံးစီကိုလည်း ပိတ် ရက်မရှိပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရှိရသည်။ 


“သင်္ကြန်ကာလအတွင်းမ.ထ.သ အနေနဲ့ အများပြည်သူ များ အဆင်ပြေစေဖို့အတွက် ပြေးဆွဲနိုင်တဲ့ ယာဉ်ပိုင်ရှင်၊ ယာဉ်လုပ်သားများ

နဲ့ ပေါင်းစပ်စီစဉ်ပြီးပြုလုပ်ပေးပါတယ်။ ဒီလိုပြေးဆွဲတဲ့အပိုင်းမှာလည်း ယာဉ် လိုင်းလုပ်သားများအနေနဲ့ ယာဉ်စည်း ကမ်း၊ လမ်း
စည်းကမ်းလိုက်နာရမှာ ဖြစ်တယ်“ ဟု မ.ထ.သ (ဗဟို)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သင်္ကြန်ကာလအတွင်း ယာဉ်အန်္တရာယ်ကင်းရှင်းစေရေးနှင့် မချေမငံပြောဆိုခြင်းများမဖြစ်စေရန် ယာဉ်စီးပိုမို ကောက်ခံမှုများ မဖြစ် စေရေး မ.ထ.သ မှ ထိန်းသိမ်း သွား မည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန် ထားသည်။


လက်ရှိတွင် မ.ထ.သ (ဗဟို) မှ စီမံမှုအောက်တွင် ယာဉ် လိုင်းပေါင်း ၃၅၁ လိုင်းမှ ယာဉ်စီး ရေ စုစုပေါင်း ၆၅၇၉ စီးပြေးဆွဲပေး နေကြာင်း စာရင်းများအရ သိရသည်။


“သင်္ကြန်ကာလမှာ မြို့တွင်းလိုင်းကားတွေရော အဝေပြေး ယာဉ်တွေပါ ပြေးဆွဲမှာဆိုတော့ ကောင်းတယ်။ ပြီးတော့မြို့တွင်းမှာ တော့

မသိဘူးဗျာ။ သင်္ကြန်ကာလမှာ နယ်ပြန်မယ့်သူတွေအတွက်တော့ ကောင်းသွားမှာပါ” ဟု နေပြည်တော်မှ ရန်ကုန်သို့ အလုပ်လာ
လုပ်နေသူ ကိုအောင်က ပြောသည်။

မြို့တွင်းပြေးဆွဲမည့် ယာဉ် လိုင်းများနှင့် အဝေးပြေးယာဉ်လိုင်း များ စာရင်းထွက်ရှိလာခြင်းနှင့် အတူ သင်္ကြန်ကာလအတွင်း ပြေးဆွဲ

ခြင်း မရှိ ရပ်နားထားသည့် ရထားလိုင်း များလည်း ထွက်ပေါ်ခဲ့ကြောင်း သိရ သည်။ 

(၂၀၁၄ ခုနှစ်ဧပြီ ၁၄ ရက် မှ ၁၆ ရက်) အထိ ရန်ကုန်- မန်္တလေး လမ်းပိုင်းပြေးဆွဲသည့် အမှတ် (၅) အဆန် အမှတ် (၆) အစုန်

အမြန် ရထား ၊

ရန်ကုန်-မော်လမြိုင် လမ်း ပိုင်းပြေးဆွဲသည့် အမှတ်(၃၅) အဆန် နှင့် အမှတ် (၃၆) အစုန်အမြန်ရထား 

ရန်ကုန် -နေပြည်တော်လမ်းပိုင်း ပြေး ဆွဲသည့် အမှတ်(၇) အဆန် အမှတ် (၈) အစုန် အမြန်ရထား

ရန်ကုန်-ပုဂံ လမ်းပိုင်း ပြေးဆွဲသည့် အမှတ် (၆၁) အဆန်နှင့် အမှတ် (၆၂) အစုန် အမြန်ရထားပြေးဆွဲမူများရပ်နားထား မည်ဖြစ်
ကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ ရန်ကုန်ဘူတာကြီး ရထား လက်မှတ်အရောင်းဌာန၌ ပြည်သူများသိရှိရန် ထုတ်ပြန်
ကြေညာ ထားသည်။

First Weekly Journal , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment