Pages

Friday, April 4, 2014

ယခုရာသီတွင် မိုးကြိုးပစ်ခြင်း၊လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုး သက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားနိုင်ဟုဆို

RangonNewsDaily: April . 4 .2014
ရန်ကုန်၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာ မောင်းတိုက်ခတ်ခြင်းနှင့် မိုးသက်လေ ပြင်းများ တိုက်ခတ်ခြင်းတို့မှာ ယခုအ ချိန်တွင် ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုစိုက်ရမည့် ရာသီဥတုဖြစ် စဉ်တစ်ခုဖြစ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ပြော ကြားလိုက်သည်။ယခုရာသီမှာ မိုးကြိုကာလဖြစ် ပြီး နွေရာသီမှမိုးရာသီသို့စတင်ကူး ပြောင်းချိန်ဖြစ်သောကြောင့် ရာသီ များ အထိုင်မကျသေးသော အချိန် ကာလဖြစ်ကြောင်း၊ နွေရာသီကာလ (မတ် ၁ ရက်မှ ဧပြီ ၁၅ ရက်ထိ) တွင် လေထုမငြိမ်သက်မှုများ ဖြစ်လာပြီး မိုးတိမ်တောင်များ ဖြစ်လာနိုင်သော ကြောင့် ဖြစ်သည်ဟုသိရသည်။
''ဒီလိုလေပြင်းတွေတိုက်တာ၊ စိုက်ဆင်းလေပြင်းတိုက်တာမျိုးနဲ့ လေ ဆင်နှာမောင်းတိုက်တာမျိုးက မိုး တိမ်တောင်ကြောင့် ဖြစ်တာပါ။ မိုး ကြိုးပစ်တာလဲ မိုးတိမ်တောင်ကြောင့် ဖြစ်တာပဲ။ မြန်မာနိုင်ငံအနေနဲ့လဲ မိုး ကြိုးပစ်လို့ လူသေဆုံးတာ တစ်နှစ် ထက် တစ်နှစ်မြင့်လာတာ အားလုံး လဲသိကြတာပဲ။ ဒါကြောင့် ဒီရာသီ မျိုးမှာဖြစ်တတ်တဲ့ ရာသီဥတုဖြစ်စဉ် အကြောင်းတွေကို ကြိုတင်သိထား နိုင်ပြီး သတိထားရင် အကောင်းဆုံး ပဲ''ဟု မိုးလေဝသနှင့်ဇလဗေဒပညာ ရှင်ဒေါက်တာထွန်းလွင်က ပြောကြား လိုက်သည်။

မိုးကြိုကာလတွင် ဖြစ်ပေါ်တတ် သည့် မိုးတိမ်တောင်များကြောင့်ဖြစ် ပေါ်လာနိုင်သည့် ရာသီဥတုဖြစ်စဉ် များမှာ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ နေရာကွက်ပြီးမိုးကြီး ခြင်း၊ မိုးသီြးေ<ွကကျခြင်း၊ လေဆင် နှာမောင်း၊ ရေဆင်နှာမောင်းတိုက် ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက် ခတ်ခြင်း၊ ပင်လယ်မီးစုန်းတောက် ခြင်းများ ဖြစ်တတ်ကြောင်း ဆက် လက်ပြောကြားသည်။

မိုးကြိုကာလတွင် ပူပြင်းသော မြေပြင်အပေါ်သို့ ရေငွေ့ပါသောလေ များသည် တစ်စတစ်စဖြင့် ပိုမိုဝင် ရောက်လာသော ကာလဖြစ်ကြောင်း၊ အဆိုပါကာလတွင် အဖြစ်အများ ဆုံးသော မိုးတိမ်တောင်များသည် အလွန်ထုထည်ကြီးမားပြီး မြင့်မား သော တိမ်ထုများဖြစ်၍ တိမ်အောက် ခြေသည် ပေ ၁၅ဝဝ ခန့်အထိနိမ့် ဆင်းနေတတ်ကာ တိမ်ထိပ်သည် ပေ ၄၅ဝဝဝမှ ၅၅ဝဝဝ အထိရှိတတ် ကြောင်း၊ ¤င်းတိမ်ထုများကို မိုးရွာ စေတတ်သော တိမ်ထု (Cumulusnimbus) ဟု ခေါ်ဆိုကြောင်း သိရ သည်။

Yangon Media  , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment