Pages

Monday, September 22, 2014

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လူထုလမ်းလျှောက်ချီတက်ပွဲပြုလုပ်


RangonNewsDaily:: September . 21 .2014
အားလုံးတန်းတူလက်တွဲလို့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်စို့ ဆိုပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လူထုလမ်းလျှောက်ချီတက်ခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက်မနက် ၈ နာရီမှာ မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် ချီတက်တဲ့ လှုပ်ရှားမှုကို မွန်ပြည်နယ် လူငယ်ကွန်ယက်က ဦးဆောင်ပြီး နိုင်ငံရေးပါတီတချို့က လူငယ်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို မော်လမြိုင်မြို့မှာ တော့ မနက်ပိုင်းမှာ လမ်းလျှေက်ချီတက်ခဲ့ကြပြီး၊ ညနေပိုင်းမှာတော့ စေတီပုထိုးတွေမှာ ဆီးမီးထွန်းညှိ ပူဇော်ပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကျင်းပသွားမှာဖြစ်ပါတယ်။
::
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက် ချီတက်ပွဲကို မွန်ပြည်နယ်အပါဝင် ရန်ကုန်နဲ့ မြန်မာနိုင်ငံအနှံက မြို့ကြီးတွေမှာကြိုဆိုကျင်းပပါတယ်။

DVB ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment