Pages

Thursday, October 31, 2013

အစီအစဉ် တင်ဆက်သူအဖြစ် လီဗာပူးလ် အသင်းရဲ့ အားဖြည့်ခေါ်ယူမှုကို ပရိသတ် အထူးစိတ်ဝင်စားဖွယ်ရှိ

Photo: လီဗာပူးလ်၏ အားဖြည့်ခေါ်ယူမှုကို ပရိသတ် အထူးစိတ်ဝင်စားဖွယ်ရှိ
Thursday, October 31, 2013

အသက်(၂၉)နှစ်ရှိ ရိုဆာနာကို အစီအစဉ် တင်ဆက်သူအဖြစ် ခန့်အပ်ခြင်းသည် ရုပ်သံလိုင်းအပေါ် လူကြိုက်များမှုကို မြှင့်တင်မည့် နည်းလမ်းတစ်ခုဟု လီဗာပူးလ်က မျှော်လင့်ထား

လီဗာပူးလ်၏ အားဖြည့်ခေါ်ယူမှုကို ပရိသတ် အထူးစိတ်ဝင်စားဖွယ်ရှိ
လီဗာပူးလ် အသင်းသည် ပရိသတ် စိတ်ဝင်စားစေမည့် စာချုပ်ခေါ်ယူမှုအသစ် တစ်ခုကို ပြုလုပ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်းသည် ကစားသမားသစ် တစ်ဦးကို ခေါ်ယူခြင်း မဟုတ်ဘဲ အသင်းပိုင် ရုပ်သံလိုင်းဖြစ်သည့် LFC TVအတွက် မယ်ကမ္ဘာဆုရှင်ဟောင်း ရိုဆာနာ ဒါဗစ်ဆင်ကို စာချုပ်ခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ အိုင်ယာလန်သူ ရိုဆာနာသည် ဗြိတိန်တွင် လူသိများသည့် အဆိုတော် ခရစ်ဒီဘာ့ဂ်ျ၏ သမီးလည်း ဖြစ်သည်။ အသက်(၂၉)နှစ်ရှိ ရိုဆာနာကို အစီအစဉ် တင်ဆက်သူအဖြစ် ခန့်အပ်ခြင်းသည် ရုပ်သံလိုင်းအပေါ် လူကြိုက်များမှုကို မြှင့်တင်မည့် နည်းလမ်းတစ်ခုဟု လီဗာပူးလ်က မျှော်လင့်ထားသည်။

ရိုဆာနာသည် ယခုအခါ လီဗာပူးလ်အတွက် မိနစ်(၃၀)စာ အစီအစဉ် နှစ်ခုကိုပင် စမ်းသပ်ရိုက်ကူးပြီး ဖြစ်နေကြောင်းလည်း သိရသည်။ အဆိုပါ အစီအစဉ်များသည် ကလပ်အသင်း၏ အထူးချွန်ဆုံး အိုင်ယာလန်နှင့် နိုင်ငံတကာ အခြေစိုက် ကစားသမားများအကြောင်း မှတ်တမ်းဗီဒီယိုများ ဖြစ်ကြပြီး ယခုနှစ်အတွင်းမှာပင် ထုတ်လွှင့်ရန် စီစဉ်ထားသည်။ "ကျွန်မက လီဗာပူးလ်ရဲ့ ပရိသတ် တစ်ယောက်ပါ။ ခုလို အသင်းနဲ့အတူ အလုပ်လုပ်ခွင့် ရတာကို ကျွန်မ အင်မတန်မှ ကြည်နူးမိပါတယ်"ဟု ရိုဆာနာက ပြောကြားခဲ့သည်။ သူမက ဆက်လက်၍ "ဒါဟာ အစပြုမှုပဲ ဖြစ်ဦးမှာပါ။ အသင်းနဲ့ ရေရှည် လက်တွဲဖို့ ကျွန်မ မျှော်လင့်ထားပါတယ်"ဟုလည်း ဖွင့်ဟခဲ့သည်။

ရိုဆာနာသည် (၂၀၀၃)ခုနှစ်တွင် မယ်ကမ္ဘာဆုကို ရရှိခဲ့သည့်နောက် မယ်ကမ္ဘာ ပြိုင်ပွဲကို နိုင်ငံကိုယ်စားပြု တက်ရောက်ယှဉ်ပြိုင်ခဲ့သလို (၅၂)ကြိမ်မြောက် မယ်ကမ္ဘာဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယင်းသည် အိုင်ယာလန် ကိုယ်စားပြု အလှမယ် တစ်ဦးအနေဖြင့် မယ်ကမ္ဘာဆုကို ပထမဆုံးအကြိမ် ရရှိခြင်းလည်း ဖြစ်သည်။ ရိုဆာနာသည် အမေရိကန်နှင့် ဂျာမနီထုတ် Playboy မဂ္ဂဇင်းများတွင် မယ်ကမ္ဘာဆုရှင် တစ်ဦးအနေဖြင့် ပထမဆုံး ကိုယ်ဟန်ပြရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily:: October. 31 .2013
လီဗာပူးလ်၏ အားဖြည့်ခေါ်ယူမှုကို ပရိသတ် အထူးစိတ်ဝင်စားဖွယ်ရှိ
လီဗာပူးလ် အသင်းသည် ပရိသတ် စိတ်ဝင်စားစေမည့် စာချုပ်ခေါ်ယူမှုအသစ် တစ်ခုကို ပြုလုပ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်းသည် ကစားသမားသစ် တစ်ဦးကို ခေါ်ယူခြင်း မဟုတ်ဘဲ အသင်းပိုင် ရုပ်သံလိုင်းဖြစ်သည့် LFC TVအတွက် မယ်ကမ္ဘာဆုရှင်ဟောင်း ရိုဆာနာ ဒါဗစ်ဆင်ကို စာချုပ်ခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ 
 
အိုင်ယာလန်သူ ရိုဆာနာသည် ဗြိတိန်တွင် လူသိများသည့် အဆိုတော် ခရစ်ဒီဘာ့ဂ်ျ၏ သမီးလည်း ဖြစ်သည်။ အသက်(၂၉)နှစ်ရှိ ရိုဆာနာကို အစီအစဉ် တင်ဆက်သူအဖြစ် ခန့်အပ်ခြင်းသည် ရုပ်သံလိုင်းအပေါ် လူကြိုက်များမှုကို မြှင့်တင်မည့် နည်းလမ်းတစ်ခုဟု လီဗာပူးလ်က မျှော်လင့်ထားသည်။

ရိုဆာနာသည် ယခုအခါ လီဗာပူးလ်အတွက် မိနစ်(၃၀)စာ အစီအစဉ် နှစ်ခုကိုပင် စမ်းသပ်ရိုက်ကူးပြီး ဖြစ်နေကြောင်းလည်း သိရသည်။ အဆိုပါ အစီအစဉ်များသည် ကလပ်အသင်း၏ အထူးချွန်ဆုံး အိုင်ယာလန်နှင့် နိုင်ငံတကာ အခြေစိုက် ကစားသမားများအကြောင်း မှတ်တမ်းဗီဒီယိုများ ဖြစ်ကြပြီး ယခုနှစ်အတွင်းမှာပင် ထုတ်လွှင့်ရန် စီစဉ်ထားသည်။ "ကျွန်မက လီဗာပူးလ်ရဲ့ ပရိသတ် တစ်ယောက်ပါ။ 
 
ခုလို အသင်းနဲ့အတူ အလုပ်လုပ်ခွင့် ရတာကို ကျွန်မ အင်မတန်မှ ကြည်နူးမိပါတယ်"ဟု ရိုဆာနာက ပြောကြားခဲ့သည်။ သူမက ဆက်လက်၍ "ဒါဟာ အစပြုမှုပဲ ဖြစ်ဦးမှာပါ။ အသင်းနဲ့ ရေရှည် လက်တွဲဖို့ ကျွန်မ မျှော်လင့်ထားပါတယ်"ဟုလည်း ဖွင့်ဟခဲ့သည်။

ရိုဆာနာသည် (၂၀၀၃)ခုနှစ်တွင် မယ်ကမ္ဘာဆုကို ရရှိခဲ့သည့်နောက် မယ်ကမ္ဘာ ပြိုင်ပွဲကို နိုင်ငံကိုယ်စားပြု တက်ရောက်ယှဉ်ပြိုင်ခဲ့သလို (၅၂)ကြိမ်မြောက် မယ်ကမ္ဘာဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယင်းသည် အိုင်ယာလန် ကိုယ်စားပြု အလှမယ် တစ်ဦးအနေဖြင့် မယ်ကမ္ဘာဆုကို ပထမဆုံးအကြိမ် ရရှိခြင်းလည်း ဖြစ်သည်။ 
 
ရိုဆာနာသည် အမေရိကန်နှင့် ဂျာမနီထုတ် Playboy မဂ္ဂဇင်းများတွင် မယ်ကမ္ဘာဆုရှင် တစ်ဦးအနေဖြင့် ပထမဆုံး ကိုယ်ဟန်ပြရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment