Pages

Thursday, October 31, 2013

အမှိုက်မှ ထုတ်လုပ်သော လျှပ်စစ် စက်မှုဇုန်များသို့ ရောင်းချမည်

Photo: အမှိုက်မှ ထုတ်လုပ်သော လျှပ်စစ် စက်မှုဇုန်များသို့ ရောင်းချမည်
Thursday, October 31, 2013

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်ခွင့်ကို ကိုရီးယား ကုမ္ပဏီနှင့် မြန်မာ ကိုရီးယားဖက်စပ် ကုမ္ပဏီတို့ ရရှိသွားကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

ရန်ကုန် စည်ပင်မှ တင်ပြသည့် ကုမ္ပဏီ ( ၁၁ )ခုအနက် မှ ၂ ခုကို တိုင်းဒေသကြီးအစိုးရ က ယခုလ ၂၇ ရက်နေ့တွင်အပြီးသတ်ရွေးချယ်ပြီး ရန်ကုန်စည်ပင် နှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၂ ခုတို့ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း သဘောတူစာချုပ် (MOA) ရေးထိုးရန် စီစဉ်နေကြောင်း သိရသည်။

ထိန်ပင်နောက်ဆုံး စွန့်ပစ် အမှိုက်ပုံတွင် စွန့်ပစ်သော အမှိုက်တန်ချိန် ၈၀၀ ကို ဂက်စ် မှတဆင့် လျှပ်စစ်ထုတ်လုပ်ရန် ကိုရီးယား ကုမ္ပဏီ ဖြစ်သည့် Chasson International Korea မှ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ကာလကို ၃ နှစ်သတ်မှတ်ထားကြောင်း ၊ ပထမနှစ် ၂၀၁၄ တွင် လျှပ်စစ်ဓာတ်အား ( ၁၂ ) မဂ္ဂါဝပ် ၊ ဒုတိယနှစ် ၂၀၁၅ တွင် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ( ၁၀ )မဂ္ဂါဝပ် ၊ တတိယနှစ် ၂၀၁၆ တွင် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ( ၈ ) မဂ္ဂါဝပ် စုစုပေါင်း မဂ္ဂါဝပ် ၃၀ ထုတ်လုပ်သွားရန် ရှိကြောင်းသိရသည်။

ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ တွင်မှု အမှိုက်မီးရှို့စက် တည်ထောင်၍ လျှပ်စစ်ဓာတ်ထုတ်လုပ်မည်ဖြစ်ပြီး မီးရှို့စက် တည်ဆောက်မည့် ကာလကို ၂ နှစ်သတ်မှတ်ကာ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ၁၅.၄ မဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဟု သိရသည်။

ကုမ္ပဏီများမှ ထွက်ရှိသည့် ဓာတ်အား ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သို့ ၁ ယူနစ်လျှင် ၁၅၀ ကျပ် နှုန်းဖြင့် ရောင်းချမည် ဖြစ်သဖြင့် ဓာတ်အားပေးရေးအဖွဲ့မှ ပုဂ္ဂလိက နေအိမ်များသို့ ထပ်ဆင့်ရောင်းချရာ တွင် ဈေးနှုန်းကြီးမြှင့် နိုင်သဖြင့် စက်မှုဇုန်များသို့သာ ရောင်းချ သွားမည့်အနေအထား ရှိကြောင်းသိရသည်။

ထားဝယ်ချောင် စွန့်ပစ် အမှိုက်ပုံတွင် လျှပ်စစ်ဓာတ်အား ထုတ်ယူမည့် ကုမ္ပဏီ မှာ ကိုးရီယား ၊ မြန်မာဖက်စပ် ကုမ္ပဏီဖြစ်သော ( Zaya and Situation နှင့် Hyundai Broken ) ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

ဝေမာထွန်း

Popular Myanmar News Journal


RangonNewsDaily:: October. 31 .2013
အမှိုက်မှလျှပ်စစ်ထုတ်လုပ်ခွင့်ကိုကိုရီးယားကုမ္ပဏီနှင့် မြန်မာကိုရီးယားဖက်စပ် ကုမ္ပဏီတို့ ရရှိသွားကြောင်း
ရန်ကုန်စည်ပင်မှ သိရသည်။
ရန်ကုန်စည်ပင်မှတင်ပြသည့် ကုမ္ပဏီ ( ၁၁ )ခုအနက် မှ ၂ ခုကို တိုင်းဒေသကြီးအစိုးရ က ယခုလ ၂၇ ရက်
နေ့တွင်အပြီးသတ်ရွေးချယ်ပြီး ရန်ကုန်စည်ပင် နှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၂ ခုတို့လုပ်ငန်းဆောင်
ရွက်နိုင်ကြောင်း သဘောတူစာချုပ် (MOA) ရေးထိုးရန် စီစဉ်နေကြောင်း သိရသည်။

ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံတွင်စွန့်ပစ်သော အမှိုက်တန်ချိန် ၈၀၀ ကို ဂက်စ် မှတဆင့် လျှပ်စစ်ထုတ်
လုပ်ရန် ကိုရီးယား ကုမ္ပဏီ ဖြစ်သည့် Chasson International Korea မှ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ကာ
လကို ၃ နှစ်သတ်မှတ်ထားကြောင်း ၊ ပထမနှစ် ၂၀၁၄ တွင် လျှပ်စစ်ဓာတ်အား ( ၁၂ ) မဂ္ဂါဝပ် ၊ ဒုတိယနှစ် ၂၀၁၅ တွင် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ( ၁၀ )မဂ္ဂါဝပ် ၊ တတိယနှစ် ၂၀၁၆ တွင် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ( ၈ ) မဂ္ဂါဝပ် စုစုပေါင်း မဂ္ဂါဝပ် ၃၀ ထုတ်လုပ်သွားရန် ရှိကြောင်းသိရသည်။

ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ တွင်မှု အမှိုက်မီးရှို့စက် တည်ထောင်၍ လျှပ်စစ်ဓာတ်ထုတ်လုပ်
ည်ဖြစ်ပြီး မီးရှို့စက် တည်ဆောက်မည့် ကာလကို ၂ နှစ်သတ်မှတ်ကာ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ၁၅.၄ မဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဟု သိရသည်။

ကုမ္ပဏီများမှ ထွက်ရှိသည့် ဓာတ်အားရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သို့၁ ယူနစ်လျှင် ၁၅၀ ကျပ်
နှုန်းဖြင့် ရောင်းချမည် ဖြစ်သဖြင့် ဓာတ်အားပေးရေးအဖွဲ့မှ ပုဂ္ဂလိက နေအိမ်များသို့ ထပ်ဆင့်ရောင်းချရာ တွင် ဈေးနှုန်းကြီးမြှင့် နိုင်သဖြင့် စက်မှုဇုန်များသို့သာ ရောင်းချ သွားမည့်အနေအထား ရှိကြောင်းသိရသည်။

ထားဝယ်ချောင် စွန့်ပစ် အမှိုက်ပုံတွင် လျှပ်စစ်ဓာတ်အား ထုတ်ယူမည့် ကုမ္ပဏီ မှာ ကိုးရီယား ၊ မြန်မာဖက်
စပ် ကုမ္ပဏီဖြစ်သော ( Zaya and Situation နှင့် Hyundai Broken ) ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

ဝေမာထွန်း
Popular Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment