Pages

Thursday, October 31, 2013

မန္တ လေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စုအတွင်း တရားမဝင် ရွှေစမ်းသပ် တူးဖော်မှုများ တားမြစ်မိန့်ထုတ်ပြန်

RangonNewsDaily:: October. 31 .2013
မန္တ လေးတိုင်းဒေသကြီး မတ္တရာမြို့ နယ် တောင်ကန်ကျေးရွာအုပ်စု အတွင်းရှိ ကင်းကျေးရွာမှ နှစ်မိုင် ခန့်အ

ကွာနေရာတွင် ရွှေထွက် သည်ဟု ကောလာဟလသတင်း ကြောင့် တရားမဝင်ရွှေစမ်းသပ် တူးဖော်နေမှုများ
အား မြို့နယ်အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်မိန့်ထုတ်ပြန် ထားကြောင်း တိုင်းဒေသကြီးရဲတပ်
ဖွဲ့မှူးရုံးထံ မှ သိရသည်။
အဆိုပါကောလာဟလ သတင်းကြောင့် အနီးပတ်ဝန်းကျင် ရှိ ကင်းကျေးရွာ ၊ ကျောက်တံတား ကျေးရွာ၊ ရွှေ
ချောင်းကျေးရွာ၊ မုံ ရွှေကျေးရွာများ မှ ကျေးရွာသူ၊ ကျေးရွာသားများသည် ရွှေထွက် သည်ဟုဆိုသောနေရာသို့ လာ ရောက်စမ်းသပ်တူးဖော်နေကြရာ အောက်တိုဘာ၂၁ရက်မှ၂၆ရက် အတွင်းစမ်းသပ်တွင်းအရေအတွက်
 တွင်း၃ဝအထိရှိလာပြီး ရွှေ တူးသူအရေအတွက်မှာ ၁၀၀ ဝန်း ကျင်အထိရှိကြောင်း သိရသည်။

''အဲဒီနေရာမှာ ရွှေထွက် တယ်ဆိုလို့ အလုပ်သမားတစ်ဦး ကိုတစ်နေ့ ကျပ်၃ဝဝဝပေးပြီး ငှားတဲ့အထိဖြစ်
လာ

ပါတယ်။ တစ် နေ့ကိုလာကြတဲ့သူတွေ က ရာချီ ရှိတော့ အနားမှာလဲ လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်
၊ ဈေး ဆိုင်တွေနဲ့ စည်ကားကုန်တော့ တာပဲ။ တူးသာတူးနေကြတာပါ။ အခုအချိန် အထိ ရွှေထွက်တယ် လို့
တော့ လက်တွေ့မသိရသေးပါ ဘူး။ သက်ဆိုင်ရာက တားမြစ် မိန့်ထုတ်ပြီးနောက် ဘယ်သူမှမတူး ကြတော့
ပါဘူး''ဟု ကင်းကျေးရွာ သားတစ်ဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။

မြို့နယ်ယာယီရဲမှူး ညီညီ၊ မတ္တရာမြို့မရဲစခန်းမှူး ဒုရဲမှူး အေးမြင့်နှင့်အဖွဲ့ က ရွှေစမ်းသပ် တူးဖော်ရာနေရာ

သို့ အောက်တို ဘာ၂၆ရက်တွင် လာရောက်စစ် ဆေးပြီး ရွှေစမ်းသပ်တူးဖော်နေ ကြသူများအား ခေါ်ယူတွေ့ ဆုံကာမလိုလားအပ်သောမှုခင်းများ မဖြစ်ပွားစေရေးနှင့် ကောလာ ဟလသတင်းကြောင့် လိမ်ညာမခံ ရစေ
ရေးအတွက် ဆက်လက်မတူး ကြရန်လိုအပ်ကြောင်း ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ၂၈ရက်တွင်လည်းတရားမဝင် ရွှေတူးဖော်နေ သည့်တွင်းပိုင်ရှင် ၃ရဦးအား
ခေါ်

ယူတွေ့ဆုံကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အောက်တိုဘာ ၂၇ ရက်စွဲဖြင့် အမိန့်အမှတ်၂/
၂၀၁၃ ဖြင့် ထုတ်ပြန်ထားသည့် တရား မဝင်ရွှေတူးဖော်ခြင်း လုပ်ငန်းများ ကို လုပ်ကိုင်ခြင်းမပြုကြရန် တား
မြစ်မိန့်အား ဖတ်ကြားရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment