Pages

Thursday, October 31, 2013

မုတ်ဆိတ်ကြောင့် လက်စွမ်းတက်လာသည်ဟု အဲဗာတန်ဂိုးသမား ယုံကြည်

Photo: မုတ်ဆိတ်ကြောင့် လက်စွမ်းတက်လာသည်ဟု အဲဗာတန်ဂိုးသမား ယုံကြည်နေ
Thursday, October 31, 2013

မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ဦးဆောင်နေသည့် အဲဗာတန် အသင်းသည် ရလဒ်ကောင်းများ ပိုင်ဆိုင်နေသလို ဟောင်းဝပ် အနေဖြင့် တည်ငြိမ်စွာ လက်စွမ်းပြလျှက် ရှိသည်။

မုတ်ဆိတ်ကြောင့် လက်စွမ်းတက်လာသည်ဟု အဲဗာတန်ဂိုးသမား  ယုံကြည်နေမိမိ၏ လက်စွမ်း ကောင်းမွန်လာမှုသည် မုတ်ဆိတ် အရှည်ထားမှုနှင့် ဆက်နွယ်နေမည်ဟု ယုံကြည်ကြောင်း အဲဗာတန် ဂိုးသမား တင်မ်ဟောင်းဝပ်က ပြောကြားလိုက်သည်။ ယခုရာသီ မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ဦးဆောင်နေသည့် အဲဗာတန် အသင်းသည် ရလဒ်ကောင်းများ ပိုင်ဆိုင်နေသလို ဟောင်းဝပ် အနေဖြင့် တည်ငြိမ်စွာ လက်စွမ်းပြလျှက် ရှိသည်။ စနေနေ့က အက်စ်တန်ဗီလာကို အဲဗာတန်က (၂-၀)ဖြင့် အနိုင်ရခဲ့ရာတွင် ဟောင်းဝပ်သည် ပြိုင်ဘက် တိုက်စစ်မှူး ခရစ္စတီယန် ဘန်တက်ကီ ကန်သွင်းသည့် ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပြီး ယင်းကဲ့သို့ စွမ်းဆောင်ရည် မြင့်မားနေခြင်းသည် မိမိ၏ ထူထပ်ရှုပ်ထွေးသော မုတ်ဆိတ်များကြောင့်ဟု ဟောင်းဝပ်က ညွှန်းဆိုခဲ့သည်။

အဲဗာတန်သည် ဒုတိယပိုင်းတွင် ရိုမီလူ လူကာကူနှင့် လီယွန်အော့စ်မန်တို့ သွင်းယူသော ဂိုးများဖြင့် အနိုင်ရခဲ့သော်လည်း ပထမပိုင်းတွင် အိမ်ရှင် အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီး ဟောင်းဝပ်က လက်စွမ်းပြနိုင်လွန်း၍သာ ဂိုးမပေးခဲ့ရခြင်း ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်းက "ကျွန်တော့်ရဲ့ ခွန်အားတွေကို မုတ်ဆိတ်ကနေ ရတယ်လေ"ဟု ရယ်ရယ်မောမော ပြောဆိုခဲ့သည်။ ၎င်းက ဆက်လက်၍ "ရိုးရိုးသားသား ပြောရရင် ဒီမုတ်ဆိတ်က ကျွန်တော့်ကို ကံကောင်းစေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘန်တက်ကီဟာ Power သိပ်ကောင်းတဲ့ ချာတိတ်ပါ။ ပြီးတော့ ညာခြေသန်တယ်။ 

သူအားသန်တဲ့ဘက်ကို ကန်မှာပဲလို့ ကျွန်တော် တွေးခဲ့တယ်။ တကယ်လည်း ဆုံးဖြတ်ချက် မှန်ခဲ့ပါတယ်။ ဒါဟာ ကံကောင်းမှု တစ်ခုပါ။ ကျွန်တော် မှန်ကန် တဲ့ ဦး တည်ရာဘက်ကို ရွေးချယ်နိုင်ခဲ့သလို တိတိကျကျ တုံ့ပြန်နိုင်ခဲ့ပါ တယ်"ဟုလည်း ရှင်းပြသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: October. 31 .2013
မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ဦးဆောင်နေသည့် အဲဗာတန် အသင်းသည် ရလဒ်ကောင်းများ ပိုင်ဆိုင်နေသလို ဟောင်းဝပ် အနေဖြင့် တည်ငြိမ်စွာ လက်စွမ်းပြလျှက် ရှိသည်။ မုတ်ဆိတ်ကြောင့် လက်စွမ်းတက်လာသည်ဟု အဲဗာတန်ဂိုးသမား ယုံကြည်နေမိမိ၏ လက်စွမ်း ကောင်းမွန်လာမှုသည် မုတ်ဆိတ် အရှည်ထားမှုနှင့် ဆက်နွယ်နေမည်ဟု ယုံကြည်ကြောင်း အဲဗာတန် ဂိုးသမား တင်မ်ဟောင်းဝပ်က ပြောကြားလိုက်သည်။ 
 
ယခုရာသီ မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ဦးဆောင်နေသည့် အဲဗာတန် အသင်းသည် ရလဒ်ကောင်းများ ပိုင်ဆိုင်နေသလို ဟောင်းဝပ် အနေဖြင့် တည်ငြိမ်စွာ လက်စွမ်းပြလျှက် ရှိသည်။ 
 
စနေနေ့က အက်စ်တန်ဗီလာကို အဲဗာတန်က (၂-၀)ဖြင့် အနိုင်ရခဲ့ရာတွင် ဟောင်းဝပ်သည် ပြိုင်ဘက် တိုက်စစ်မှူး ခရစ္စတီယန် ဘန်တက်ကီ ကန်သွင်းသည့် ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပြီး ယင်းကဲ့သို့ စွမ်းဆောင်ရည် မြင့်မားနေခြင်းသည် မိမိ၏ ထူထပ်ရှုပ်ထွေးသော မုတ်ဆိတ်များကြောင့်ဟု ဟောင်းဝပ်က ညွှန်းဆိုခဲ့သည်။

အဲဗာတန်သည် ဒုတိယပိုင်းတွင် ရိုမီလူ လူကာကူနှင့် လီယွန်အော့စ်မန်တို့ သွင်းယူသော ဂိုးများဖြင့် အနိုင်ရခဲ့သော်လည်း ပထမပိုင်းတွင် အိမ်ရှင် အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီး ဟောင်းဝပ်က လက်စွမ်းပြနိုင်လွန်း၍သာ ဂိုးမပေးခဲ့ရခြင်း ဖြစ်သည်။ 
 
မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်းက "ကျွန်တော့်ရဲ့ ခွန်အားတွေကို မုတ်ဆိတ်ကနေ ရတယ်လေ"ဟု ရယ်ရယ်မောမော ပြောဆိုခဲ့သည်။ ၎င်းက ဆက်လက်၍ "ရိုးရိုးသားသား ပြောရရင် ဒီမုတ်ဆိတ်က ကျွန်တော့်ကို ကံကောင်းစေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘန်တက်ကီဟာ Power သိပ်ကောင်းတဲ့ ချာတိတ်ပါ။ ပြီးတော့ ညာခြေသန်တယ်။

သူအားသန်တဲ့ဘက်ကို ကန်မှာပဲလို့ ကျွန်တော် တွေးခဲ့တယ်။ တကယ်လည်း ဆုံးဖြတ်ချက် မှန်ခဲ့ပါတယ်။ ဒါဟာ ကံကောင်းမှု တစ်ခုပါ။ ကျွန်တော် မှန်ကန် တဲ့ ဦး တည်ရာဘက်ကို ရွေးချယ်နိုင်ခဲ့သလို တိတိကျကျ တုံ့ပြန်နိုင်ခဲ့ပါ တယ်"ဟုလည်း ရှင်းပြသွားခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment