Pages

Thursday, October 31, 2013

'အ'အက္ခရာ ယာဉ်များနှင့် သက်တမ်း ၂ဝ ကျော်ယာဉ် လေလံယာဉ်များ အပ်နှံမှု နေ့ချင်းပြီး လက်ခံမှု စတင်

Photo: 'အ'အက္ခရာ ယာဉ်များနှင့် သက်တမ်း ၂ဝ ကျော်ယာဉ် လေလံယာဉ်များ အပ်နှံမှု နေ့ချင်းပြီး လက်ခံမှု စတင်
Thursday, October 31, 2013

ယာဉ်အို၊ ယာဉ်ဟောင်းများ ပယ်ဖျက်၍ အစားထိုး ယာဉ်များ တင်သွင်းခြင်းကို နိုင်ငံတော်မှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၉ ရက်မှ စတင်၍ ''အ''အက္ခရာ နှင့် သက်တမ်း ၂ဝ ကျော် ယာဉ်များ အပါအဝင် လေလံယာဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ပေးလျက် ရှိရာ ရန်ကုန်တိုင်း ဒေသကြီး က-ည-န (မြင်သာ) တွင် နေ့ချင်းပြီး စတင် ဆောင်ရွက်ပေး နေကြောင်း သိရသည်။

''ကျွန်တော်တို့ က-ည-န (မြင်သာ) အနေနဲ့ ''အ''အက္ခရာ အပြင်ယာဉ်အို၊ ယာဉ်ဟောင်း တွေကို နေ့စဉ်နံနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ လက်ခံ ဆောင်ရွက်ပေး နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး က-ည-န (မြင်သာ) ဦးစီးအရာရှိ ဦးခင်မောင်လွင်က ပြောကြား ခဲ့သည်။

အဆိုပါ ယာဉ်အို၊ ယာဉ်ဟောင်းများကို လာရောက် အပ်နှံသည့် ယာဉ်ပိုင်ရှင်များ အနေဖြင့် ယာဉ်နှင့် Owner Book (ယာဉ်မှတ်ပုံ တင်စာအုပ်)များ ယူဆောင်လာရမည် ဖြစ်သည်။ ယာဉ်များကို သက်ဆိုင်ရာ ဌာနများတွင် ပုံစံများ ရယူခြင်း၊ ယာဉ်စစ်ခြင်းနှင့် ရဲမှူး စစ်ဆေးခြင်း တို့ကို ပြုလုပ်ပြီးပါက သတ်မှတ် နှုန်းထားအတိုင်း ငွေသွင်း၍ (ဃ)ပုံစံရယူကာ ထိုမှတစ်ဆင့် (စ)ပုံစံဖြင့် အရည်ကျို စလစ်ယူပြီး သီလဝါ သင်္ဘော စက်ရုံသို့ ပို့ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုများကို ဆောင်ရွက်ရာတွင် အဆင့်သုံးဆင့် ခွဲခြား သတ်မှတ်ပြီး ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ မှတ်ပုံတင် သက်တမ်း ၄ဝ ကျော်ရှိ (စ၊ဆ၊ဇ) အက္ခရာများကို ပထမအဆင့်၊ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နှစ် ၃ဝ ကျော်မှ နှစ် ၄ဝ ကျော်အတွင်း (ဈ၊ ည) အက္ခရာများကို ဒုတိယအဆင့်၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ စတင်၍ အနှစ် ၂ဝ ကျော်မှ အနှစ် ၃ဝ ကျော် အတွင်း ရှိ (ဏ၊ ဌ၊ ဒ၊ ဓ၊ န၊ ပ၊ ဗ၊ ဘ၊ လ၊ သ) အက္ခရာများကို တတိယအဆင့် စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်အထိ ယာဉ်ပေါင်း ၉၄ဝဝဝ ကျော် အပ်နှံပြီးစီးခဲ့ ပြီဖြစ်သည့် အပြင် လေလံ မှတ်ပုံတင် ယာဉ်များကိုလည်း အစီးရေ ၅၇ဝဝ ကျော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မောင်မျိုး(ဧရာဝတီ)
မြ၀တီ

RangonNewsDaily:: October. 31 .2013
ယာဉ်အို၊ ယာဉ်ဟောင်းများ ပယ်ဖျက်၍ အစားထိုး ယာဉ်များ တင်သွင်းခြင်းကို နိုင်ငံတော်မှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၉ ရက်မှ စတင်၍ ''အ''အက္ခရာ နှင့် သက်တမ်း ၂ဝ ကျော် ယာဉ်များ အပါအဝင် လေလံယာဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ပေးလျက် ရှိရာ ရန်ကုန်တိုင်း ဒေသကြီး က-ည-န (မြင်သာ) တွင် နေ့ချင်းပြီး စတင် ဆောင်ရွက်ပေး နေကြောင်း သိရသည်။ ''ကျွန်တော်တို့ က-ည-န (မြင်သာ) အနေနဲ့ ''အ''အက္ခရာ အပြင်ယာဉ်အို၊ ယာဉ်ဟောင်း တွေကို နေ့စဉ်နံနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ လက်ခံ ဆောင်ရွက်ပေး နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး က-ည-န (မြင်သာ) ဦးစီးအရာရှိ ဦးခင်မောင်လွင်က ပြောကြား ခဲ့သည်။

အဆိုပါ ယာဉ်အို၊ ယာဉ်ဟောင်းများကို လာရောက် အပ်နှံသည့် ယာဉ်ပိုင်ရှင်များ အနေဖြင့် ယာဉ်နှင့် Owner Book (ယာဉ်မှတ်ပုံ တင်စာအုပ်)များ ယူဆောင်လာရမည် ဖြစ်သည်။ ယာဉ်များကို သက်ဆိုင်ရာ ဌာနများတွင် ပုံစံများ ရယူခြင်း၊ ယာဉ်စစ်ခြင်းနှင့် ရဲမှူး စစ်ဆေးခြင်း တို့ကို ပြုလုပ်ပြီးပါက သတ်မှတ် နှုန်းထားအတိုင်း ငွေသွင်း၍ (ဃ)ပုံစံရယူကာ ထိုမှတစ်ဆင့် (စ)ပုံစံဖြင့် အရည်ကျို စလစ်ယူပြီး သီလဝါ သင်္ဘော စက်ရုံသို့ ပို့ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုများကို ဆောင်ရွက်ရာတွင် အဆင့်သုံးဆင့် ခွဲခြား သတ်မှတ်ပြီး ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ မှတ်ပုံတင် သက်တမ်း ၄ဝ ကျော်ရှိ (စ၊ဆ၊ဇ) အက္ခရာများကို ပထမအဆင့်၊ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နှစ် ၃ဝ ကျော်မှ နှစ် ၄ဝ ကျော်အတွင်း (ဈ၊ ည) အက္ခရာများကို ဒုတိယအဆင့်၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ စတင်၍ အနှစ် ၂ဝ ကျော်မှ အနှစ် ၃ဝ ကျော် အတွင်း ရှိ (ဏ၊ ဌ၊ ဒ၊ ဓ၊ န၊ ပ၊ ဗ၊ ဘ၊ လ၊ သ) အက္ခရာများကို တတိယအဆင့် စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်အထိ ယာဉ်ပေါင်း ၉၄ဝဝဝ ကျော် အပ်နှံပြီးစီးခဲ့ ပြီဖြစ်သည့် အပြင် လေလံ မှတ်ပုံတင် ယာဉ်များကိုလည်း အစီးရေ ၅၇ဝဝ ကျော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မောင်မျိုး(ဧရာဝတီ)
မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment