Pages

Thursday, October 30, 2014

စီးပွားရေးလုပ်ဖြစ်တာ သမီးလေးအတွက်ပါဆိုတဲ့ ချမ်းချမ်း


RangonNewsDaily:: October . 30 .2014
ဂီတအနုပညာလောကမှာ နာမည်တစ်ခု တည်ထောင်နိုင်ခဲ့ပြီး သာယာပျော်ရွှင်ဖွယ်ရာ မိသားစု ဘဝကို ပိုင်ဆိုင်ထားသူ အဆိုတော် ချမ်းချမ်းက အနုပညာအလုပ်၊ စီးပွားရေးအလုပ်၊ မိသားစုအလုပ်ကြားက ကျန်းမာရေးနဲ့ပတ်သက် ပြီး ဂရုစိုက်ဖြစ်ပုံနဲ့ ခန္ဓာကိုယ်ထိန်းသိမ်း ဖြစ်ပုံကို ချမ်းချမ်းက “ယောဂကျင့်တယ်။ မနက်ပိုင်းဆို ရေ ကိုအဝသောက်တယ်။
မနက်စာဆိုရင် လည်း အဝမစားဘူး။ ပြီးရင် အကြိမ်ရေများများနဲ့ နည်း နည်းစီစားတယ်။ အစားလည်းစုံတော့ အာဟာရလည်းပြည့်တာပေါ့။ တချို့ဆို မနက် စာကိုအဝစား၊ ညစာကိုလျှော့တယ်။ ချမ်းက အဲဒီလို မဟုတ်ဘူး။ ညစာလည်းစားတယ်။ အဆီအဆိမ့်တော့ သိပ်မစားဘူး” လို့ ပြောပြခဲ့ ပါတယ်။

စီးပွားရေးလုပ်ငန်းလည်း လုပ်ဖို့ရှိ တော့ အနုပညာ ဘက်အားလျော့သွားနိုင်မလား ဆိုတော့ “အစ်မတို့နှစ်ယောက်စလုံးက ဘာပဲလုပ် လုပ် မျှအောင်လုပ်ကြတယ်။ အနု ပညာနဲ့ပတ် သက်ပြီး သူသွားရင် သမီးလေးအနားမှာ အစ်မနေ တယ်။ အစ်မသွားရင် သူနေတယ်။နှစ်ယောက်စလုံး သွားရင် တော့ အဖွားနဲ့ထားခဲ့ရတာပေါ့။ ပြီးတော့ စီးပွားရေးဆိုတာကလည်း အခုကောက်လုပ်၊ အခုဖြစ်၊ အခု အောင်မြင်တာမဟုတ်ဘူး။ သေချာ ဇယားဆွဲပြီးလုပ်မှ၊ သေချာလုပ်ထားမှ တကယ့်အ ကောင် အထည်ဖော် ရင် ဖြစ်လာမှာလေ။


စီးပွား ရေးလုပ် တယ်ဆိုတာကလည်း သမီးလေးအ တွက်ပါ။ စီးပွားရေးက မလုပ်မဖြစ်ဆို ပြီး နှစ်ယောက်တိုင်ပင်ပြီးတော့ လုပ် တာပါ။

စားသောက်ဆိုင်ဖွင့်မယ်၊ အ ဝတ်အထည်ထုတ်မယ်။ နှစ်ခုပေါ့။ အခုဆိုရင် အနုပညာရှင်တွေက စီး ပွားရေးဆိုရင် စားသောက်ဆိုင် မဟုတ်ရင် အဝတ်အထည်ဖက်ရှင် ဆိုင်ဖွင့်ကြတယ်။ဒါပေမဲ့ ပစ္စည်း ကောင်းတော့ ဈေးမြင့်တယ်။ 


ဝယ် နိုင်တဲ့သူရှိသလိုမဝယ်နိုင်တဲ့လူလည်း ရှိတော့ အစ်မတို့က ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲဆို တာကိုေ တာ့ အစ်မ တို့လုပ်မယ့် စီးပွားက လူတိုင်းဝယ်နိုင် တဲ့အဆင့်ဖြစ်ဖို့ စီမံထားတယ်။ ကွာ လတီကောင်းပြီး ဈေးနှုန်းကိုလည်း အတတ်နိုင်ဆုံးညှိမယ်။ အများကြီးမတင်ပါ ဘူး။ ဒါမှလည်း အဆင်ပြေ မှာလေ” လို့ ပြောပါတယ်။ 

ချမ်းချမ်း က လတ်တလောမှာ တစ်ကိုယ်တော် အခွေရဲ့အမ်တီဗီအတွက်လည်း ရိုက် ကူးရေးများရိုက်ကူးနေ ကြောင်း လည်း သိရပါတယ်။

Popular , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment