Pages

Sunday, October 26, 2014

ဝါရှင်တန်စာသင်ကျောင်းတွင်သေနတ်ပစ်မှုဖြစ်ပွားတစ်ဦးသေဆုံးပြီး လေးဦးပြင်းထန်စွာဒဏ်ရာရ

RangonNewsDaily:: October . 26 .2014
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် မြို့တော်ရှိ စာသင်ကျောင်းတစ်ခုတွင် ယမန်နေ့ ကသေနတ်ကိုင်ရမ်းကားသူ ကျောင်းသား တစ်ဦးကြောင့် ကျောင်းသား တစ်ဦးသေဆုံး ခဲ့ပြီးလေးဦးဒဏ်ရာရ ခဲ့ကြောင်း၊ သေနတ် ကိုင်ပစ်သူ ကိုယ်တိုင် လည်း မိမိကိုယ်မိမိ အဆုံးစီရင်သွား ခဲ့ကြောင်း ဝါရှင်တန်ရဲတပ်ဖွဲ့ က ယနေ့အတည်ပြုသတင်းထုတ်ပြန်လိုက် သည်။
သေနတ်ပစ်ခတ်မှုသည် ဆီယက်တယ် အနီးရှိ Marysyille Pilchuck အထက် တန်းကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူ လေးဦးတွင် သေနတ်ပစ်ခတ်သူ၏ ညီအစ်ကိုဝမ်းကွဲနှစ်ဦး ပါရှိပြီး ၄င်းတို့အားလုံးမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများ ရရှိထားကြောင်း၊ လေးဦးအနက် သုံးဦးမှာစိုးရိမ်ရသည့်အခြေ အနေတွင်ရှိကြောင်း သတင်းထုတ်ပြန်ထား သည်။

အာဏာပိုင်များ၏ သတင်းထုတ်ပြန် ချက်အရ သေနတ်သမားလူငယ်သည် ဂျေ လန်ဖရိုင်းဘတ်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွား သည့်နေရာတွင် ပင် သေဆုံး သွားခဲ့ကြောင်း သိရသည်။
::
လက်ရှိအချိန်တွင် ဒဏ်ရာရသူမိန်း ကလေးနှစ်ဦးနှင့် ယောက်ျားလေးနှစ်ဦး ကို ဒေသခံဆေးရုံတစ်ခုပေါ်တွင် အသက်လုပြီး ကုသပေးလျက်ရှိသည်။ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သေနတ်ကိုင်ပစ်ခတ်ခဲ့ သူ ကျောင်းသားကိုင်ဆောင်ထားသော သေနတ် မှာတရားဝင်လိုင်စင်ဖြင့် ဝယ်ယူရရှိထား ကြောင်းသိရသည်။ ယခုသေနတ်ပစ်ခတ်မှု နှင့်ပတ်သက်၍ အခြေခံအကြောင်းရင်းကို မသိရသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိ ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

သေနတ်ပစ်ခတ်မှုသည် ဒေသစံတော် ချိန် နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်တွင်ဖြစ် ပွားခဲ့ပြီး ဖြစ်ပွားချိန်လေးမိနစ်အတွင်း တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ် သည်။ အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေး ဗီဒီယိုမှတ်တမ်းများတွင် ကျောင်းသားများ သည် ဘေးလွတ်ရာသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြပြီး ၄င်းတို့၏လက်များကို ခေါင်းပေါ် တွင်တင်ထားကာ အပစ်မခံရ ရေးအတွက် ကြိုးစားခဲ့သည်ကိုလည်း တွေ့ ရသည်။
::
မျက်မြင်သက်သေအဖြစ် မြင်တွေ့ခဲ့ ကြပြီးစာသင်ကျောင်းထဲတွင် ကျန်ရစ်ခဲ့ သည့်ကျောင်းသားများကို ရဲတပ်ဖွဲ့က ခေါ် ယူတွေ့ဆုံပြီးနာရီပေါင်းအတော်ကြာမေးမြန်း ခဲ့ကြောင်းသိရသည်။

The Union Daily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment