Pages

Sunday, October 26, 2014

လူရာနှင့်ချီ ပါဝင်ခဲ့တဲ့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှု တောင်ကုတ် ဒေသခံ ၇ ဦးကို ထောင်ဒဏ် ၇ နှစ်ချ

RangonNewsDaily:: October . 25 .2014
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက်က ဒေသခံ ၇ ဦးကို အပြင်းအထန်နာကျင်စေမှုနဲ့ သံတွဲခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။
အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ်းက ပြည်နယ်တရား လွှတ်တော်ထံ အယူခံတင်သွားမယ် လို့ ပြောပါတယ်။
အမှုမှာ ပါဝင်ခဲ့သူလို့ ယူဆရတဲ့ တောင်ကုတ်မြို့ ဒေသခံ ၇ ဦးကို အခင်းဖြစ်ပွားပြီး တနှစ်ကျော် အကြာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု ပုဒ်မ ၃ဝ၂၊ လူသတ်ရန် လူစုလူဝေးနဲ့ ကြိုတင်ကြံစည်မှု ပုဒ်မ ၃၄ တို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
::
ဒါပေမယ့် စွဲချက်တင်တဲ့အခါ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ နဲ့ တင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အမိန့်ချမှတ်ခဲ့တာပါ။
::
၂ဝ၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ရိုးမသစ္စာ ခရီးသည်တင်ကားမှာ လိုက်ပါခဲ့တဲ့ အစ္စလာမ် ဘာသာဝင် ၁ဝ ဦး ဟာ အကြမ်းဖက်သမား ရာနှင့်ချီပါဝင်တဲ့ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် ၇က်စက်စွာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား- RFA(မြန်မာပိုင်း)
M-Media::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment