Pages

Sunday, October 26, 2014

မော်လမြိုင် ကျောက်တန်းရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

RangonNewsDaily:: October . 25 .2014
မော်လမြိုင်မြို့နယ် ကျောက်တန်း ရပ်ကွက် မြင်းလှည်းဂိတ်လမ်း၌ ဒေါ်မီမီအောင် အသက်(၄၃)နှစ်၏ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၁၈ ပေ x ၂၅ ပေ) နှစ်ထပ်နေအိမ်၏ ပထမထပ် အိပ်ခန်းမျက်နှာကြက်တွင် တပ်ဆင်ထားသောLEDဖန်ချောင်း ဖွင့်ထားရာမှ အပူရှိန်လွန်ကဲ၍ နံနက် ၈ နာရီခန့်တွင် မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မော်လမြိုင်မြို့မှ မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ် ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးနှင့် အဆိုပါရပ်ကွက်ရှိ အရန် မီးသတ် ၃ဝ၊ ပြည်သူများက မီးသတ်ဆေးဘူးသုံးဘူးနှင့် ရေပုံးများ အသုံးပြုကာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

The Mirror Daily ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment