Pages

Sunday, October 26, 2014

စားသောက်ဆိုင်များ စားသုံးသူထံ အခွန်ကောက်လျှင် တံဆိပ်ခေါင်းကပ်ရတော့မည်


RangonNewsDaily:: October . 25 .2014
စားသောက်ဆိုင်များတွင်ပေးဆောင်နေရသော ကုန်သွယ်လုပ်ငန်းခွင် ၅ ရာခိုင်နှုန်းကို နိုဝင်ဘာ ၁ ရက်မှ တံဆိပ်ခေါင်းများကပ်၍ ကောက်ခံသော စနစ်စတင်သုံးမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
‘‘စားသုံးသူတွေပေးတဲ့ ငွေ ကို နိုင်ငံတော်က အပြည့်အ၀ ရ စေချင်လို့ ဒါကိုလုပ်တာပါ’’ ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။
မူလက အဆိုပါ အခွန်ကို စားသောက်သူများထံမှ ကောက် ယူပြီး ဘောက်ချာတွင်သာ အခွန် ငွေအတွက်ဟု ဖော်ပြထားကာဆိုင်အချို့တွင် ဘောက်ချာပေါ် တွင် အခွန်တံဆိပ်တုံး ရိုက်ပေး သည်။ ထိုသို့ အခွန်ကောက်ခံ သော စနစ်မှာ အခွန်ငွေလေလွင့် မှုများ ဖြစ်နိုင်သဖြင့် တံဆိပ်ခေါင်း များ သေချာကပ်ရသော စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဟု ဦးမင်းထွဋ်က ပြောကြားသည်။ တံဆိပ်ခေါင်းများကိုလည်း စားသောက်ဆိုင်များသို့ နှစ်ပတ်အတွင်း ဖြန့်ဝေပေးမည်ဟု ဆိုသည်။
::
စားသောက်ဆိုင် အခွန်များ ကောက်ခံရာတွင် တံဆိပ်ခေါင်းခုနစ်မျိုး ခွဲခြားထားသည်။ တံဆိပ်ခေါင်းများ၏ တန်ဖိုးမှာ အနည်းဆုံး ကျပ်ငါးဆယ်မှ ကျပ်တစ်သောင်းထိ ရှိသည်။ စားသုံးသူများအနေဖြင့် ကျပ်တစ် ထောင်ဖိုး ကုန်ကျပါက အခွန်ကျပ်ငါးဆယ် ပေးဆောင်ရမည်ဖြစ်ပြီး ငွေရှင်းသည့် ပြေစာ စာရွက်တွင် တံဆိပ်ခေါင်းငါးဆယ် ကျပ်တန် ကပ်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
‘‘ဆိုင်တွေက ဘောက်ချာ မပေးရင် ဖြစ်စေ၊ တံဆိပ်ခေါင်း ကပ် မထားရင်ဖြစ်စေ၊ အခွန်ရုံး ကို သတင်းပေး တိုင်ကြားနိုင်တယ်’’ ဦးမင်းထွဋ်က ပြောကြားသည်။
::
စားသောက်ဆိုင်များတွင် အခွန်ကိစ္စသည် ပညာပေးရန် လို အပ်နေပြီး လတ်တလော စီစဉ်မှု သည် ပြည်သူများအတွက် အ ခက်အခဲဖြစ်နိုင်ကြောင်း မြန်မာ နိုင်ငံ စားသောက်ဆိုင် လုပ်ငန်း ရှင်များအသင်း အဖွဲ့ဝင်တစ်ဦး က ပြောကြားသည်။
‘‘စားသောက်ဆိုင်မှာ အခွန် ကောက်တာက ပြည်သူတွေ သိ ပြီးသားပဲ။ နှစ်ပတ်နဲ့ အချိန်ရပါ တယ်’’ ဟု ဦးမင်းထွဋ်က ဆိုသည်။
::
ထို့အပြင် စားသောက်ဆိုင် အခွန်ကောက်ခံရာတွင် ၀န်ထမ်း များ လာဘ်စားမှုများရှိပါက အဂတိ လိုက်စားမှု ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး ဆိုင်ရှင်များ က အခွန်တံဆိပ်ခေါင်း မကပ်ခြင်း၊ ပြေစာမပေးခြင်းများ ရှိခဲ့ပါက ၁၀၀ ရာခိုင်နှုန်း ဒဏ်ရိုက်ခြင်း၊ အကြိမ်ကြိမ်ကျူးလွန်ပါက အခွန် တိမ်းရှောင်မှုဖြင့် ငွေဒဏ်အပြင် ထောင်ဒဏ် ခုနစ်နှစ်အထိ အရေး ယူနိုင်ကြောင်း သတင်းရရှိသည်။
စားသောက်ဆိုင် အခွန်များ ကောက်ခံရရှိမှုသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၂ ဒသမ ၅ ဘီလီယံရရှိပြီး ယခုဘဏ္ဍာနှစ် လက်ရှိ အချိန်ထိ ကျပ်ငွေ ၁ ဒသမ ၉ ဘီလီယံ ရရှိထားကြောင်း သတင်းရရှိသည်။
::
Photo ::စားသောက်ဆိုင်တစ်ခုတွင် ကမ္ဘာလှည့်ခရီးသွားအချို့ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7 Day ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment