Pages

Wednesday, October 29, 2014

ဆူဇူကီးပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း ကာတာနိုင်ငံတွင် နှစ်ပတ်ကြာ လေ့ကျင့်မည်


RangonNewsDaily:: October . 28 .2014
အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် နှစ်ပတ်ကြာ စခန်းသွင်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။
မြန်မာအသင်းသည် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေး အစီအစဉ်များ ပြန်လည်စတင်မည်ဖြစ်ရာ နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၁၈ ရက်နေ့ထိ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဆက်လက် စခန်းသွင်း လေ့ကျင့်မည်ဟု မြန်မာ့လက်ရွေးစင်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းအောင်က ပြောကြားသည်။
ယင်းပြိုင်ပွဲအတွက် ပဏာမ ကစားသမားစာရင်းကိုလည်း ထုတ်ပြန်ခဲ့ရာ အာရှချန်ပီယံရှစ် ယူ ၁၉ ပြိုင်ပွဲဝင် မြန်မာ ယူ ၁၉ အသင်းမှ သန်းပိုင်၊ ငြိမ်းချမ်းအောင်နှင့် ကျော်မင်းဦးတို့ကို အားဖြည့်ထားသည်ဟု ၎င်းကဆိုသည်။
::
စင်ကာပူနိုင်ငံ၌ နိုဝင်ဘာလကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းသည် ထိုင်း၊ မလေးရှား၊ စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာအသင်းသည် အောက်တိုဘာလအတွင်းက လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ ဆူဇူကီးဖလား ခြေစစ်ပွဲတွင် အိမ်ရှင် လာအိုအသင်းကို နှစ်ဂိုးတစ်ဂိုး၊ ကမ္ဘောဒီးယားအသင်းကို တစ်ဂိုးဂိုးမရှိ၊ ဘရူနိုင်းအသင်းကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ တီမောအသင်းကို ဂိုးမရှိ သရေကစားနိုင်ခဲ့ပြီး အုပ်စုပထမဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
::
ဆားဘီးယားနိုင်ငံသား အေဗရာမိုဗစ်ခ်ျက မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူထားသည်။
::
မြန်မာအသင်းသည် ဆူဇူကီးဖလား သမိုင်းတစ်လျှေက်တွင် အမြင့်ဆုံးအောင်မြင်မှု အဖြစ် ၂၀၀၄ ခုနှစ်က စတုတ္ထနေရာ ရခဲ့ခြင်းဖြစ်ကာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၂ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှပင် ထွက်ခဲ့ရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment