Pages

Wednesday, October 29, 2014

တရုတ်တွင် အခြေစိုက်၍ ကျပ်တစ်သောင်းတန်အတုထုတ်လုပ်မှု မြန်မာသုံးဦးကိုစစ်ဆေးနေ

RangonNewsDaily:: October . 28 .2014
တရုတ်နိုင်ငံတွင် အခြေ စိုက်၍ မြန်မာငွေတစ်သောင်း တန်အတုများထုတ်နေသူအချို့ ကို မြန်မာနှင့် တရုတ်ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးကာ ယင်းအမှုနှင့် ပတ်သက်နေသော မြန်မာနိုင်ငံ သားသုံးဦးကို စစ်ဆေးနေကြောင်း နေပြည်တော် ငွေကြေးစုံစမ်း ထောက်လှမ်းရေးအဖွဲ့မှ သတင်း ရရှိသည်။
မူဆယ်မြို့တွင် ငွေတုများ သုံးစွဲနေသည့်အပြင် ကျပ်တစ် သောင်းတန်တစ်ရွက်ကို မြန်မာ ငွေရှစ်ထောင်ကျပ်ဖြင့်ရောင်းနေ သည့် အမျိုးသားသုံးဦးကို မူဆယ် ခရိုင်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်၌ ဖမ်းဆီးခဲ့သည်။ ၎င်း တို့က တရုတ်နိုင်ငံ ဝမ်တိန်မြို့ တွင် နေထိုင်သည့် ငွေတုထုတ် လုပ်သူ အမျိုးသားတစ်ဦးထံမှ တစ်သောင်းတန်ငွေစက္ကူအတု များယူ၍ သုံးစွဲနေသည်ဟု ဝန်ခံ သောကြောင့် တရုတ်နိုင်ငံမှုခင်း ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်ကာ ဝမ် တိန်မြို့တွင်နေသည့် ဝမ်ချန်းဆို သူအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ ဒုတိယရဲမှူးက ပြောသည်။

တရုတ်နိုင်ငံရဲတပ်ဖွဲ့က ဝမ် တိန်မြို့မှ ဝမ်ချန်းဆိုသူအပြင် ချန်ရွှီးပြည်နယ်မှ တရုတ်နိုင်ငံ သားအချို့အားလည်း ယင်းအမှု နှင့်ပတ်သက်၍ ဖမ်းဆီးလိုက် ကြောင်း သတင်းရရှိပြီး အရေ အတွက်အတိအကျမသိရသေး ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။
::
‘‘တရုတ်ပြည်မကြီးထဲအထိ တော့ ကျွန်တော်တို့လိုက်မဖမ်း ဘူး။ ကြယ်ခေါင်တို့၊ ရွှေလီတို့ အထိတော့ တရုတ်ရဲနဲ့အတူ ကျွန် တော်တို့လိုက်ဖမ်းတယ်။ ဒီဘက် မှာတော့ သုံးဦးဖမ်းထားတယ်။ ဒီ အမှုနဲ့ဆိုင်တဲ့ ဟိုဘက်က တရုတ် နိုင်ငံသားတွေကိုတော့ သူတို့ ဘက်ကပဲ ဆက်စစ်လိမ့်မယ်’’ဟု မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းထားသည့် မူဆယ်ဒေသခံသုံးဦးထံမှ ကျပ် တစ်သောင်းတန်ငွေအတု အရွက် ပေါင်း ၈၂၀ ကိုသိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါငွေများအားလုံး တရုတ် လူမျိုးငွေတုလုပ်သူများထံမှ ရရှိခဲ့သည်ဟု ဝန်ခံထားကြောင်း သတင်းရရှိသည်။
::
မြန်မာနှင့် တရုတ်နယ်စပ် မြို့များတွင် ငါးထောင်တန်ငွေ စက္ကူအတု ရွက်ရေတစ်ရာပါ သော ကျပ်ငါးသိန်းကို မြန်မာငွေ ကျပ်သုံးသောင်းဖြင့် ရောင်းချ သည့် ဈေးကွက်ဖြစ်ပေါ်နေပြီး တရုတ်ပြည်သို့ မှောင်ခိုပစ္စည်းပို့ သူများကိုလည်း တရုတ်ကုန်သည် များက မြန်မာငွေစက္ကူအတုများ ပေးချေလေ့ရှိကြောင်း နယ်စပ် ကုန်သည်အသိုင်းအဝိုင်းမှ သိရ သည်။

မြန်မာနိုင်ငံတွင် ငွေစက္ကူ အတုဖမ်းဆီးမှုများမှာ နယ်စပ်မြို့ များအပြင် မြို့ကြီးများတွင်ပါ မကြာခဏဖြစ်နေပြီး ငွေစက္ကူ အတုများ ပြည်တွင်း၌ ပျံ့နှံ့လာမှု ကိုတားဆီးရန် နိုင်ငံတော်အစိုးရ အနေဖြင့် စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်သင့်ကြောင်း စီးပွား ရေးပညာရှင်များက အကြံပြုထား သည်။ အစိုးရကလည်း ငါး ထောင်တန်ငွေစက္ကူအသစ်ထုတ် ဝေမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပြီး တစ်သောင်း တန်နှင့်ပတ်သက်၍မူ သတင်း ထုတ်ပြန်မှုမရှိသေးပေ။
::
ငွေစက္ကူအတုများ ပြည် တွင်း၌ ပျံ့နှံ့မှုများလာပါက ကျပ် ငွေအပေါ် လူထု၏ ယုံကြည်မှု လျော့နည်းသွားပြီး စီးပွားရေးလုပ် ငန်းများတွင် အခက်အခဲများကြုံ တွေ့လာနိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ လူမှုစီးပွားအကြံပေး ကောင်စီဝင် စီမံခန့်ခွဲရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က သုံးသပ်သည်။

7daydaily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment