Pages

Wednesday, October 29, 2014

လွှတ်တော်လေ့လာရေးအဖွဲ့ စီးလာသော ကားမှောက် လူတစ်ဦးသေ၊ ၂၄ဦးဒဏ်ရာရ

RangonNewsDaily:: October . 28 .2014
နေပြည်တော်သို့ လွှတ် တော်လေ့လာရေးခရီးသွားသည့် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) အဖွဲ့ စီးနင်းလာသော ကားမှာ တပ်ကုန်းမြို့အ၀င်တွင် တိမ်းမှောက်၍ တစ်ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရခဲ့ကြောင်း သတင်း ရရှိသည်။
အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က ကားမတော် တဆမှုဖြစ်ပွားခြင်းဖြစ်ပြီး UKSY အဖွဲ့မှ လူငယ်အမျိုးသားတစ်ဦး သေဆုံးပြီး ဒဏ်ရာရသော ၂၄ ဦး အား မြို့နယ်ဆေးရုံတွင် ကုသပေး နေကြောင်း တပ်ကုန်းမြို့နယ် ရဲစခန်းမှ တာဝန်မှူးရဲအရာရှိက ပြောသည်။

ရွှေကယား ခရီးသည်တင် မှတ်လုံယာဉ်ကို ကားစင်းလုံးငှား လာခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအ၀င် ၅၃ ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပင်လောင်းမြို့နယ်ကနေ လာတာလို့သိရတယ်။ ဒီကိုအ၀င် မှာဖြစ်တာပါ။ ဒဏ်ရာရတဲ့သူ တွေအားလုံးတပ်ကုန်းဆေးရုံမှာ ပါ’’ဟု ၎င်းကပြောသည်။
::
ကားမှောက်ရသည့် အ ကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး လက်ရှိအချိန်တွင် ဆေးရုံမှ လူနာများကိစ္စ အရေးပေါ်လုပ်နေ ရသောကြောင့် အမှုဖွင့်မထားရ သေးကြောင်း ပြောသည်။ ဒဏ်ရာရသူများမှာ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၃ ဦးဖြစ်ကြောင်း သတင်းရရှိသည်။

7 Day Daily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment