Pages

Friday, October 31, 2014

အမြန်လမ်းမများတွင် သွားလာနေသော အဝေးပြေးယာဉ် များ၌ Car Black Box များ မဖြစ်မနေတပ်ဆင် အသုံးပြုသင့်


RangonNewsDaily:: October . 30 .2014
ပြည်တွင်းရှိ အဝေးပြေး လမ်းမကြီးများတွင် ယာဉ် မတော်တဆမှု များကြောင့် လူသေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း များ မကြာခဏ ဖြစ်ပွားနေသည့် အတွက် အဝေးပြေး အမြန် လမ်းမကြီး များ၌ မောင်းနှင်သွားလာ နေကြသော မော်တော်ယာဉ်များ၊ အထူးသဖြင့် အဝေးပြေး ခရီးသည်တင် ယာဉ်ကြီးများတွင် ယာဉ်မောင်းနှင် သွားလာမှုနှင့် ပတ်သက်၍ မှတ်တမ်းတင် နိုင်သော Car Black Box များ မဖြစ်မနေ တပ်ဆင် အသုံးပြု သင့်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ တာဝန် ရှိသူတစ်ဦး က ပြောသည်။
''အဝေးပြေး ယာဉ်လိုင်းအချို့ မှာတော့ Car Black Box တွေ တပ်ထားတာကို တွေ့ဖူးတယ်။ ဒါပေမဲ့ မော်တော်ယာဉ် တိုင်းမှာ မဖြစ်မနေ တပ်ဆင် အသုံးပြုရမယ် ဆိုတဲ့ စည်းကမ်းချက်တော့ ထုတ်ပြန် ထားတာ မရှိသေး ပါဘူး။ တပ်ထား နိုင်ရင်တော့ ကောင်းတယ်။

အဲဒီ Car Black Box တွေက ယာဉ်သွားလာမှု နဲ့ ယာဉ်ရှေ့မှာ ဖြစ်ပျက်တာ တွေကို မှတ်တမ်းတင် ပေးတဲ့ CCTV ကင်မရာ သဘောမျိုးပါ။ ယာဉ်မောင်းနှင် သွားလာခဲ့တဲ့ ပုံစံတွေ၊ မောင်းခဲ့တဲ့ အရှိန်တွေ၊ ယာဉ် မတော်တဆမှု ဖြစ်ရင်လည်း ဖြစ်ပျက်ခဲ့တာ တွေအားလုံးကို မှတ်တမ်းတင် သိမ်းဆည်း ထားနိုင်တယ်။ ကားတစ်စီးလုံး မီးလောင် သွားရင်တောင် အဲဒီ Car Black Box မှာ ရှိတဲ့ Memory Chip လေးက မပျက်စီးဘဲ ကျန်ရှိေ နအောင် ဖန်တီး ထားတဲ့အတွက် မှတ်တမ်းတွေ ကျန်ရှိနေ နိုင်တာပေါ့။

 ပြီးတော့ အဝေးပြေး ယာဉ်လိုင်း ပိုင်ရှင်တွေ အနေနဲ့ကလည်း မိမိတို့ရဲ့ ယာဉ်မောင်းတွေ ဘယ်လို မောင်းတယ် ဆိုတာကို Black Box မှတ်တမ်းတွေ ကတစ်ဆင့် သိရှိနိုင်တဲ့ အတွက် လိုအပ်သလို ကြပ်မတ် ဆောင်ရွက်ခြင်း တွေပြုလုပ် နိုင်တယ်'' ဟု ၄င်းက ပြောသည်။

ထို့အပြင် နိုင်ငံတကာ၌ အသုံးပြုနေသော အဆင့်မြင့် နည်းပညာသုံး Car Black Box များသည် မော်တော်ယာဉ် မောင်းနှင် သွားလာမှုကို မှတ်တမ်းတင် နိုင်ခြင်းအပြင် ကားအရှိန် မြန်လာခြင်းများ၊ ယာဉ်မောင်းများ အိပ်ငိုက်ခြင်း ကြောင့် ယာဉ်လမ်းကြောင်း လွဲချော် မောင်းနှင်ခြင်း များ ဖြစ်လာလျှင် လည်း သတိပေး နိုင်စေရန် တီထွင် ထုတ်လုပ် ထားကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အဆင့်မြင့် Car Black Box တင်သွင်း ဖြန့်ချိ ရောင်းချသော ကုမ္ပဏီများ နည်းပါး နေသေးကြောင်း သိရသည်။

ဆောင်းဦး
Themyawadydaily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment