Pages

Monday, October 27, 2014

အစၥလာမ္ဘာသာကို ကူးပြောင်းလာတဲ့ ပြင်သစ်အမျိုးသားရေးလက်ယာစွန်းပါတီက အမတ်


RangonNewsDaily:: October . 27 .2014
ပြင်သစ်အမျိုးသားရေး ကွန်ဆာဗေးတစ်ပါတီတစ်ခုဖြစ်တဲ့ “Front Nation” လက်ယာစွန်းဝါဒီ ပါတီက ဒေသခံအမတ်တစ်ယောက်ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းလိုက်ပြီဆိုပြီး ကြေညာလိုက်တဲ့အပြင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကူးပြောင်းလာဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

အဲဒီအမတ်ကတော့ အသက်၂၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ Maxence Buttey ဆိုသူဖြစ်ပြီး ပြင်သစ်မြို့အရှေ့ဘက် ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်တဲ့ Noisy-le-Grand က အမတ်ပါ။ သူက သူ့ရဲ့မိခင်ပါတီက တာဝန်ရှိသူတွေအတွက် ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ကြီးကျယ်မြင့်မြတ်ပုံကို ဗီဒီယိုတစ်ခုဖန်တီးပေးပို့ရင်းနဲ့ အစ္စလာမ်ဘာသာဘက်ကိုဖိတ်ခေါ်ခဲ့တာပါ။ “မကောင်းဆိုးဝါးသဏ္ဍန်ပေါက်အောင် မီဒီယာမှာပုံဖော်ထားထားတဲ့ပုံစံကနေ ကုရ်အာန်နဲ့ အစ္စလာမ်ဘာသာဟာ ဘာမှမဆိုင်ပါဘူး” လို့ သူက ဒေသခံပြင်သစ်သတင်းစာဖြစ်တဲ့ Le Parisien ကိုပြောခဲ့ပါသေးတယ်။ Mr. Buttey အစ္စလာမ်ဘာသာကိုလက်ခံလိုက်တဲ့အတွက် ပါတီအမတ်အဖြစ်ကနေ ပယ်ဖျက်လိုက်ပြီလို့ ပါတီအတွင်းရေးမှုးတစ်ယောက်ဖြစ်တဲ့ Jordan Bardella က တရားဝင်ကြေညာလိုက်ပါပြီ။
“ဘာသာတရားကတော့ ကိုယ်ပိုင်ရွေးချယ်ခွင့်ဖြစ်တဲ့အတွက် လေးစားရမှာပါ။ ဒါပေမယ့် ကျနော်တို့လက်ခံထားတဲ့ နိုင်ငံရေးစက်ကွင်းထဲကနေ ဝေးဝေးရှောင်ဖို့ပြောချင်ပါတယ်။ သူပို့ပေးတဲ့ ဗီဒီယိုကတော့ လုံးဝလက်ခံနိုင်စရာမရှိပါဘူး” လို့ Mr. Bardella က အကြောက်အကန်ငြင်းပါတယ်။ Buttey ကို အမတ်အဖြစ်ကနေ ဖယ်လိုက်ပေမယ့် ပါတီဝင်အဖြစ်ကနေနှုတ်ထွက်ခိုင်းဖို့အတွက်တော့ စေခိုင်းလို့မရပါဘူး။
“ကျနော့်ရွေးချယ်မှုအတွက်တော့ ကျွန်တော့်ကိုထောက်ခံသူတွေက စိတ်ပျက်နေတော့မှာပဲ။ ဒါပေမယ့်လည်း ကျနော်သူတို့ကိုရှင်းပြဖို့အတွက် အသင့်ဖြစ်နေပါပြီ။ အစ္စလာမ်ဘာသာက လူသားအားလုံးကို တစ်စုတစ်စည်းထဲဖြစ်အောင် ပြုလုပ်ပေးတဲ့သာသနာပါ” ဟု Buttey က ပြတ်ပြတ်သားသားပြောဆိုခဲ့သေးသည်။
ဒါ့အပြင်သူက စက်တင်ဘာ ၁၁ (၉/၁၁) တိုက်ခိုက်မှု တရားဝင်ထုတ်ပြန်ချက်ကို လက်ခံဖို့အတွက် ခဲယဉ်းနေတယ်လို့ပြောတဲ့အပြင် “Merah အဖြစ်အပျက်” ကိုလည်း သံသယရှိနေတယ်လို့ဖွင့်ပြောလိုက်ပါတယ်။ “Merah” အဖြစ်အပျက်ဆိုတာက ပြင်သစ်နိုင်ငံသား အလ်ကိုင်ဒါအဖွဲ့ဝင်လို့သတ်မှတ်ခံရတဲ့ Mohammed Merah ဆိုသူက ၂၀၁၂ခုနှစ်က ပြင်သစ်တောင်ပိုင်းမှာ လူ၇ယောက်ကို ပစ်သတ်ခဲ့တယ်ဆိုပြီး ခေါင်းစဉ်တပ်ခံခဲ့ရတာပါ။
ဒီနှစ်အစောပိုင်း ရွေးကောက်ပွဲမ၀င်ခင်က ဒေသခံ အီမာမ် (ဗလီရှေ့ဆောင်ဆရာ) တစ်ပါးနဲ့ ရှည်ရှည်ဝေးဝေးဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ အစ္စလာမ်ဘာသာကို ကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Mr Buttey က ရှင်းပြခဲ့ပါသေးတယ်။ “ကျနော်က ကက်သလစ်ဘာသာဝင်ဖြစ်ခဲ့ပါတယ်။ 
ဘိုင်ဘယ်ကျမ်းစာနဲ့ ကုရ်အာန်ကျမ်းစာပြန်ဖတ်အပြီးမှာ အစ္စလာမ်ဘာသာက ပိုပြီးပွင့်လင်းမြင်သာမှုရှိတယ်လို့နားလည်ခဲ့ပါတယ်” လို့သူကပြောပါတယ်။ Front National ပါတီဟာ လက်ယာစွန်းရောက်အမျိုးသားရေးပါတီဖြစ်တဲ့အလျှောက် အစိုးရကျောင်းတွေမှာ မွတ်စလင်အမျိုးသမီးတွေခေါင်းပေါင်းဆောင်းခြင်း၊ မျက်နှာဖုံးခြင်းတွေကို ကန့်ကွတဲ့ပါတီတစ်ခုလည်းဖြစ်သလို ပါတီခေါင်းဆောင် Marine Le Pen က ကျောင်းတွေမှာ ဟလာလ် နဲ့ ကိုရှာ အစားအစာတွေကို ပိတ်ပင်ဖို့အတွက် အားကြိုးမာန်တက်လုပ်ဆောင်သူတစ်ယောက်လည်းဖြစ်ပါတယ်။
ဟလာလ်နဲ့ ကိုရှာအကြောင်းသိချင်ရင်တော့ >>https://www.facebook.com/461798323937788/photos/a.461808720603415.1073741828.461798323937788/631430216974597/?type=1&relevant_count=1
ပြင်သစ်နိုင်ငံကတော့ ဥရောပမှာ မွတ်စလင်အများဆုံးရှိတဲ့နိုင်ငံတစ်ခုဖြစ်ပြီး မွတ်စလင်ဦးရေ ခြောက်သန်းခန့်ရှိတယ်လို့ သိရပါတယ်။
မူရင်း - The Telegraph , (စတီဗင်)
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment